Saturday, November 30, 2013

ဘင်္ဂလားဒေ့ရှ်ပွဲတော်ကျင်းပ၊ လူသုံးကုန်ပစ္စည်းများ၊ အစားအစာများရောင်းချမှုကြည့်ရှု့



၂၀၁၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်ပွဲတော်ကို ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံး၌ ကျင်းပသည်။ ရှေးဦးစွာ ၂၀၁၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်ပွဲတော်အား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ အား မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Anup Kumar Chakma က အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။  

Ooredoo Company အနေနှင့် Customer Service, Technical ပိုင်းတို့မှ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် Ooredoo Jop Fairs ကျင်းပ



မြန်မာနိုင်ငံတွင် Telecommunication လုပ်ပိုင်ခွင့်အဖြစ်ရရှိသည့် Ooredoo Company အနေနှင့် Customer Service, Technical ပိုင်းတို့မှ လိုအပ်တဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့အတွက် Ooredoo Job Fairs မှ ပြုလုပ်သည့် ပွဲကို နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တာမွေမြို့နယ် ဆရာစံပလာဇာမှာ ကျင်းပခဲ့ပါသည်။

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးရှိ ရဲစခန်း၌ ဆက်သွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်



ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီး တလျှောက်တွင်ရှိသည့် ရဲစခန်းများ၌ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်မှု ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါသည်။ ယာဉ်မတော်တဆမှုများနှင့် အရေးပေါ် ကိစ္စရပ်များအား လျင်မြန်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ဖုန်းများမှာယူကာ တပ်ဆင် ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ သမိုင်းဝင်တန်ဖိုး လွန်စွာကြီးမားသည့် စောလူးမင်းကျောက်စာ

ရာမကုမာကျောက်စာထက်စောပြီး လွန်ခဲ့သည့် နှစ်ပေါင်း (၉၆၀)က ပါဋိ၊ ပျူ၊ မွန်၊ ဂျွမ်း၊ မြန်မာ ဘာသာ ငါးမျိုး၊ အက္ခရာငါးမျိုးဖြင့် ရေးထိုးခဲ့သော သမိုင်းတန်ဖိုး လွန်စွာကြီးမားလှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့(၁၁)လမ်းတွင် ရှိသည့် ပေတောပရဟိတကျောင်းအတွင်း တွင် တွေ့ခဲ့ပါသည်။ 

မန္တလေး - နေပြည်တော် ယာဉ်လိုင်းများ တိုးမြှင့် ပြေးဆွဲမည့် အကြောင်း ဖုန်းဖြင့် မေးမြန်းချက်



ဆီးဂိမ်း ကာလ အတွင်းနှင့် ဆီးဂိမ်း မတိုင်ခင်မှ စကာ မန္တလေးမှ နေပြည်တော်သို့ အထူးယာဉ် (၄၈)စီးဖြင့် အချိန် မရွေး သွားလာနိုင်စေရန် အတွက် မန္တလေး - နေပြည်တော် ယာဉ်လိုင်းများမှ ပုံမှန် ပြေးဆွဲနေကျ အချိန်ထက် အခေါက်ရည် တိုးမြင့်ကာ ပြေးဆွဲပေးမည် ဖြစ်ပြီး ဈေးနှုန်းများကိုလည်း အတက် အကျ မရှိစေဘဲ တပြေးညီ ဆောင်ရွက် ထားရှိမှုနှင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည့် အတွက် ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ထားပါသည်။


အစုန် - အဆန် အထူး ရထား (၂)စင်းအား အချိန် စာရင်း ပြင်ဆင် ပြေးဆွဲမည်



ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ မီးရထားသည် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရက် အတွင်း အားပေး ကြည့်ရှုကြမည့် ပရိသတ်များ သွားလာမှု ပိုမို လွယ်ကူ အဆင်ပြေရန် အတွက် အထက်တန်း (ထိုင်ခုံ) (၂)တွဲ၊ ရိုးရိုးတန်း (၁၀)တွဲ၊ ဘရိတ် (၁)တွဲတို့ ပါဝင်သည့် တွဲဆိုင်း အသုံးပြုပြီး အထူး ရထား (၂)စင်းကို ရန်ကုန် - မန္တလေး ခရီးစဉ်တွင် နိုဝင်ဘာ (၂၄)ရက်နေ့မှ ဒီဇင်ဘာ (၂၃) က်နေ့ အထိ နေ့စဉ် အစုန် / အဆန် ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ များတွင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။