Monday, March 31, 2014

Myanmar-American Music Show

ရန်ကုန်မြို့ ၀ဇီရာ ရုပ်ရှင်ရုံတွင် The Amigos Music Band အဖွဲ့နှင့် မြန်မာတိုင်းရင်းသား ရိုးရာ ဂီတအဖွဲ့တို့ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် Myanmar-American Music Show ပွဲကို မတ်လ (၃၀) ရက်နေ့ညက ကျင်းပခဲ့ပါသည်။ 

ရခိုင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေ့မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် အဖွဲ့ဝင်များနှင့်အတူ ကျောက်တော်မြို့နယ်သို့ ရောက်ရှိကြသည်။ ရှေးဦးစွာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့ ပိန္ဒဲချောင်း ကျေးရွာနှင့် မြို့သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျောက်တော်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့သို့ ဆက်သွယ်ထားသော မူးမြစ်ကူးတံတား ဖွင့်ပွဲကျင်းပ

ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးသည် အဓိက ကျပါသည်။ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူးမြစ်ကူး တံတားကြီး အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့မှုကြောင့် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများ အစစအရာရာ အဆင်ပြေလာစေမှာ ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားအား (၃၁-၃-၂၀၁၄) ရက်နေ့ နံနက် (၁၀း၃၀) နာရီတွင် ၀န်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုကြည်ညို

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် (၃၁-၃-၂၀၁၄) ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပလျက်ရှိသော ဓမ္မာစရိယ စာဖြေဌာနများသို့ သွားရောက်၍  စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော် အရှင်သူမြတ်တို့အား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်တွေမြို့တွင် မတ်လ(၂၆)နှင့်(၂၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့၌ မတ်လ(၂၆)ရက်နှင့် (၂၇)ရက်နေ့များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်နိုင်ရန် ဖွဲ့စည်းတာဝန်ပေးထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် (၃၀-၃-၂၀၁၄) ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အုပ်ချုပ်မှုအဖွဲ့ များနှင့် တွေ့ဆုံပြီး အခြေအနေများကို မေးမြန်းပြီး လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိန္ဒိယနိုင်ငံသားခရီးသည်တစ်ဦးထံမှ ရွှေတုံးများ စစ်ဆေးတွေ့ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် (၂၇-၃-၂၀၁၄) ရက်နေ့ ညနေပိုင်း၌ မလေးရှားလေကြောင်းလိုင်း MH-743၊ လေယာဉ်အမှတ် 9M-MHD ၊ လေယာဉ်ဖြင့် မလေးနိုင်ငံသို့ လိုက်ပါမည့် ခရီးသည် အိန္ဒိယနိုင်ငံသား Mr. Jaffar Mohmed Shafi (၄၃)နှစ်၏ ခရီးဆောင်အိတ်အတွင်းမှ ရွှေတုံး (၂၀)တုံး စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၃၀၀ ခန့်အား စစ်ဆေးတွေ့ရှိခဲ့ပါသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံသို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေး



ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၃၀-၃-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံ၊ ဗဟို အမျိုးသမီး ဆေးရုံကြီး၊ သားဖွားသင်တန်းကျောင်းနှင့် အရိုးအထူးကု ဆေးရုံကြီးများသို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ ခုတင်(၁၀၀၀)ဆံ့ မန္တလေးအထွေထွေကု ဆေးရုံကြီးနှင့် ဆေးတက္ကသိုလ်(မန္တလေး)တို့သို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေး



ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၃၁-၃-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ခုတင်(၁၀၀၀)ဆံ့ မန္တလေးအထွေထွေကု ဆေးရုံကြီးနှင့် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ်(မန္တလေး)၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး)တို့၌ ဒေသခံပြည်သူများအား ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆေးပညာဆိုင်ရာ သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဆွေးနွေးမှာကြား ခဲ့ပါသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်း ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူနေမှု လုပ်ငန်းများအား သွားရောက်ကြည့်ရှုအားပေး



ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် (၃၁-၃-၂၀၁၄) ရက်နေ့တွင် အဖွဲ့ဝင်များနှင့် အတူ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့သို့ ရောက်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပါသည်။ 

တရုတ်နိုင်ငံသမ္မတ ဘယ်ဂျီယမ်နိုင်ငံသို့ ရောက်ရှိ



တရုတ်နိုင်ငံ သမ္မတ ရှီးကျင်းပင်းနှင့်ဇနီး ဖုန်လီယွမ်တို့သည် (၃)ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဘယ်ဂျီယမ်နိုင်ငံသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။

ယခုရာစုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာနိုင်



IPCC ၏ ခန့်မှန်းချက်အရ ယခုရာစုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အပူချိန်သည် ၀.၃ ဒီဂရီဆဲလ်စီးယတ်မှ (၄.၈)ဒီဂရီ ဆဲလ်စီးယတ်ထိ တိုးမြင့်လာနိုင်ကြောင်းနျင့် ပင်လယ်ရေမျက်နှာပြင်သည်လည်း ၂၁၀၀ခုနှစ်တွင် ၂၆ မှ ၈၃ စင်တီမီတာထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။