Wednesday, April 30, 2014

အများအကျိုးဆောင်ရွက်မှု ပြုလုပ်နေသည့် ကင်းထောက်လူငယ်များ



အနာဂတ်၏ မျိုးဆက်သစ် လူငယ် မောင်မယ်တွေ ဖြစ်သည့် ကင်းထောက် မောင်မယ်များသည် ကင်းထောက်ကျင့်ဝတ် (၁၀) ပါး၊ ကင်းထောက်ကတိ (၃)ပါးတို့နှင့်အညီ အများအကျိုးကို သယ်ပိုးဆောင်ရွက် လျက်ရှိပါသည်။ 

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်သူ့ အိမ်ရာနှင့် ၀န်ထမ်း အိမ်ရာများ အိမ်ငှားရမ်းခံ တိုးမြှင့် ကောက်ခံခြင်း



ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ၀န်ထမ်း အိမ်ရာများနှင့် ပြည်သူ့ အိမ်ရာများ၏ အိမ်ငှားရမ်းခများကို အရာထမ်း မူရင်းလစာ၏ (၅) ရာခိုင်နှုန်း အမှုထမ်း မူရင်းလစာ၏ (၃) ရာခိုင်နှုန်းတို့ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး တိုးမြှင့် ကောက်ခံသွားမှာ ဖြစ်ပါသည်။ 

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှု သတိပေးချက်များ မြင့်တက်လာ



လေထုညစ်ညမ်းမှု သတိပေးချက် မြင့်လာသည်နှင့်အမျှ ဘေဂျင်းရှိ အာဏာပိုင်များသည် ပြင်ပရှိ အသားကင်ဆိုင်များမှ မီးခိုးငွေ့၊ အကင်ငွေ့များ လျော့ချရန်အတွက် မြို့၏ လူကြိုက်များသည့် အကင်တန်းများကို ဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာကျော်မိုနာလီဆာအပြုံးအား အတည်ပြုရန် DNA စမ်းသပ်မှုများ ပြုလုပ်နိုင်ရန်ဆောင်ရွက်



ကမ္ဘာကျော် ပန်းချီကားများထဲတွင် ထင်ရှားသည့် မိုနာလီဆာကို လီယိုနာရိုဒါဗင်ချီ ရေးဆွဲခဲ့သည့် ပဟေဠိဆန်သည့် သူမ၏အပြုံး အမျိုးသမီးတစ်ဦး၏ ထူးခြားမှုကို အတည်ပြုနိုင်ရန်အတွက် DNA စမ်းသပ်မှုမျး ပြုလုပ်နိုင်ရန်အတွက် နှစ်များစွာ ကြာမြင့်ခဲ့သည့် ဖလောရင့်စ်မြို့က ရုပ်ကြွင်းတစ်ခုကို သုတေသီများမှ ပြန်လည်လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ အံ့သြဖွယ်ရာ ခြငယ်



ကယ်လီဖိုးနီးယား တောင်ပိုင်း မျိုးရင်း ခြငယ်တစ်မျိုးသည် တစ်စက္ကန့်ကို သူ့ခန္ဓာကိုယ်၏ ၃၂၂ဆနှုန်းထိ ပြေးနိုင်ကြောင်း သိရှိရသည်။ ၄င်းသည် ခန္ဓာကိုယ်နှင့် မလိုက်သည့် ကမ္ဘာမြေပေါ်က အမြန်ဆုံး သက်ရှိဖြစ်ကြောင်း အမေရိကန် ဇီဝဗေဒပညာရှင်များက ပြောကြားလိုက်သည်။

အမေရိကန်တွင် အင်အားပြင်မုန်တိုင်းတိုက်ခတ်



အင်အားပြင်လှသည့် မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရေကြီးနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဖလော်ရီဒါတွင် တစ်ညလုံး မိုးရွာခဲ့သောကြောင့် ၂၄လက်မထိ မိုးများခဲ့ပြီး လမ်းရေကြီးမှုကြောင့် ယာဉ်များရပ်တန့်ခဲ့ရကြောင်း သိရှိရပါသည်။