Thursday, July 31, 2014

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လုပ်ဆောင်လျက်ရှိသော အာမခံလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လုပ်ဆောင်လျက်ရှိသော အာမခံလုပ်ငန်းများနှင့် ပတ်သက်သည့် အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်အတွက် ရည်ရွယ်၍ မြန်မာ့အာမခံ လုပ်ငန်း အကြောင်းသိကောင်းစရာ ဟောပြောပွဲကို ဇူလိုင်လ(၃၁)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း ရုံး၌ကျင်းပရာ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက မော်တော်ယာဉ်အလုံးစုံ အာမခံထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ အသက်အာမခံ လျော်ကြေးငွေနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော အဝေးပြေးယာဉ်လိုင်း ပေါင်းစုံမှ ကိုယ်စားလှယ်များက အာမခံထားရှိမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်း၍ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက ပြန်လည် ရှင်းလင်း ဆွေးနွေးပါသည်။



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲကို ဇူလိုင်လ(၃၀)ရက်နေ့က ကန်ပြင်ကျေးရွာရှိ တောင်သူဦးမောင်ရှင်၏ (၃)ဧကကျယ်ဝန်းသည့် လယ်ကွက်တွင် ကျင်းပခဲ့ပါသည်။ ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လှ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများ တောင်သူတို့၏ သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရပါသည်။ 



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲကို ဇူလိုင်လ(၃၀)ရက်နေ့က ကန်ပြင်ကျေးရွာရှိ တောင်သူဦးမောင်ရှင်၏ (၃)ဧကကျယ်ဝန်းသည့် လယ်ကွက်တွင် ကျင်းပခဲ့ပါသည်။ ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လှ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများ တောင်သူတို့၏ သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရပါသည်။ 



( ဝ )ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မို ကျေးရွာအုပ်စု အတွင်း မိုးပွင့်အဆင့်(၆) နိုင်ငံသား စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအား ကျင်းပ

( )ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မို ကျေးရွာအုပ်စု အတွင်း မိုးပွင့်အဆင့်(၆) နိုင်ငံသား စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအား ဇူလိုင်လ (၂၇)ရက်နေ့က မြို့နယ် (လဝက)ရုံး၌ ကျင်းပရာ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူး ဦးစောနိုင်မှ ကျေးရွာအုပ်စု ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင် ထံသို့ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲကို ဇူလိုင်လ(၃၀)ရက်နေ့က ကန်ပြင်ကျေးရွာရှိ တောင်သူဦးမောင်ရှင်၏ (၃)ဧကကျယ်ဝန်းသည့် လယ်ကွက်တွင် ကျင်းပခဲ့ပါသည်။ ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်လှ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများ တောင်သူတို့၏ သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရှိရပါသည်။ 



( ဝ )ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မို ကျေးရွာအုပ်စု အတွင်း မိုးပွင့်အဆင့်(၆) နိုင်ငံသား စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအား ကျင်းပ

( )ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မို ကျေးရွာအုပ်စု အတွင်း မိုးပွင့်အဆင့်(၆) နိုင်ငံသား စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအား ဇူလိုင်လ (၂၇)ရက်နေ့က မြို့နယ် (လဝက)ရုံး၌ ကျင်းပရာ တွဲဖက်ပြည်နယ် ဦးစီးဌာနမှူး ဦးစောနိုင်မှ ကျေးရွာအုပ်စု ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင် ထံသို့ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။



မလေးရှားဝန်ကြီးချုပ်နှင့် ဒတ်ခ်ျဝန်ကြီးချုပ်တို့ ဟိဂ်မြို့မှာ တွေ့ဆုံ ဆွေးနွေး

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်စ်က ဟိဂ်မြို့မှာ ဒတ်ခ်ျဝန်ကြီးချုပ် မာခ့်ရူတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ယူကရိန်းပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့များအားလုံးကို လေယာဉ်ပျက်ကျရာ နေရာမှာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက် ခွင့်ပြုဖို့နဲ့ ရိုးသားဖြောင့်မတ်မှုကို အလေးထားဖို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်စ်က (၃၁-၇-၁၄) ရက် နေ့က တောင်းဆိုခဲ့ကြောင်း သိရပါသည်။ နိုင်ငံတကာ ကျွမ်းကျင်သူများဟာ မလေးရှားလေကြောင်းလိုင်း အမ်အိတ်ရှ်-၁၇ ပျက်ကျမှုဖြစ်ပွါးခဲ့ရာ ယူကရိန်းအရှေ့ဘက်ကို ရောက်ရှိဖို့ အချိန်တိုင်း ကြိုးစားနေပေမဲ့ ရုရှားထောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ ယူကရိန်း တပ်ဖွဲ့ဝင်များကြား နေရာအနှံ့အပြားမှာ တိုက်ခိုက်မှုဟာ လေယာဉ်ပျက်ကျမှုကို စုံစမ်းဖို့နဲ့ ရုပ်အလောင်းများကို ပြန်ယူဖို့ဆိုတဲ့ ၄င်းတို့ရဲ့ ကြိုးပမ်းမှုကို အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ နာဂျစ်ရာဇတ်က ယူကရိန်းနဲ့ ခွဲထွက်ရေးသမားများအား လေယာဉ်ပျက်ကျရာ နေရာကို ထောက်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပရှိ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီးက ဒတ်ခ်ျနဲ့ ဩစတြေးလျကျွမ်းကျင် သူများနဲ့ လိုက်ပါသွားတဲ့ ၄င်းတို့ရဲ့ စောင့်ကြည့်ရေး ကိရိယာများဟာ လေယာဉ်ပျက်ကျရာ နေရာသို့ ရောက်ရှိခဲ့ကြောင်း မပြောကြားခင် နှစ်နိုင်ငံ ဝန်ကြီးချုပ်များရဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့တာပဲ ဖြစ်ပါသည်။ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် အများစုဟာ ဒိုညက်မြို့အနီးမှာ တည်ရှိနေခဲ့ပြီး ယခုအခါမှာတော့ အဓိက လက်နက်ကိုင်တွေဟာ အရှေ့ဘက်ခံတပ် စွဲထားကြောင်း သိရှိရပါသည်။

အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်များဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်သည့် သမ္မတ အိုဘားမားရဲ့ အစိုးရမူဝါဒကို ဆွေးနွေးခဲ့ကြ

အမေရိကန် အောက်လွှတ်တော်ရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီက ကြီးမှူးကျင်းပတဲ့ ရှင်းလင်းပွဲတစ်ခုမှာ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်များဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်သည့် သမ္မတ အိုဘားမားရဲ့ အစိုးရမူဝါဒကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ မြောက်ကိုရီးယား မူဝါဒရေးရာ အမေရိကန် အထူးကိုယ်စားလှယ် (ဂျီလန်-ဒေးဗစ်)နဲ့ မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ရောဘတ်ကင်းတို့ဟာ နိုင်ငံရဲ့ တိုက်ခိုက်လိုတဲ့ မူဝါဒများ အကျိုးသက်ရောက်မှု ရှိနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး တစ်နာရီကြာ အငြင်းပွါးခဲ့ကြကြောင်း သိရပါသည်။ မြောက်ကိုရီးယားဟာ မကြာခင်နှစ်များက အမေရိကန် အရပ်သားများကို ဖမ်းဆီးခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားသုံးဦးဟာ ခရီးသွားဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီးနောက် မြောက်ကိုရီးယားက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယား နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး မရှိကြောင်းနဲ့ မြောက်ကိုရီးယားရှိ ဆွီဒင်သံရုံးက ကိုယ်စားပြု ဆောင်ရွက်ပေးခဲ့ပါသည်။ မြောက်ကိုရီးယားဟာ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်များကို ဖီဆန်ပြီး (၂၀ဝ၆)ခုနှစ်ကတည်းက နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုများ စတင်ခဲ့တဲ့အတွက် တားမြစ်ပိတ်ပင်မှုများကို ခံစားနေရတာဖြစ်ကြောင်း သိရှိရပါသည်။

ဗြိတိန်အစိုးရဟာ ရုရှားထောက်လှမ်းရေးတစ်ဦး၏ သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်သူလူထုအား စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားမည်

ဗြိတိန်အစိုးရဟာ ယခင် ရုရှားထောက်လှမ်းရေး တစ်ဦးရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုအား စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော်ကတော့ ဗြိတိန်အစိုးရဟာ စုံစမ်းမှုတွေပြုလုပ်ဖို့ ငြင်းပယ်ခဲ့ပြီး (အိတ်စ်-ကေဂျီဘီ) ထောက်လှမ်းရေးသမား (အလက်ဇန်ဒါး-လစ်ဗင်နီကိုး)ဟာ (၂၀ဝ၆)ခုနှစ်က လန်ဒန် ဟော်တယ်တစ်ခုမှာ ရေဒီယို သတ္တုကြွအိုင်စိုတုပ် ပါဝင်တဲ့ အဆိပ်ခတ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သေဆုံးခဲ့တာ ဖြစ်ပါသည်။ ၄င်းရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကိုတော့ တရားသူကြီး ရောဘတ်အိုဝင်က သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ကာ သက်သေအထောက် အထားများအရ အခုလူသတ်မှုမှာ ရုရှားပါဝင်ပတ်သက် နေတယ်လို့ ယူဆရကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ အိုဝင်ဟာ ၄င်းကိုယ်တိုင် ယခုအမှုကို စစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများဟာ (၂၀၁၅)ခုနှစ်မှာတော့ အပြည့်အစုံ ပြီးစီးမယ်လို့ မျှော်လင့်ရကြောင်း သိရှိရပါသည်။

ပဲရစ်အော်ပရာ ကုမ္ပဏီမှ ဘဲလေးကခြေသည်များဟာ ကလေးငယ်များရဲ့ ဘဲလေး အကများ ပိုမိုတောက်ပစေရန် အထူးသင်တန်း ပို့ချ

ဂျပန်နိုင်ငံ ဖူကူရှီးမားဒေသဟာ (၂၀၁၁)ခုနှစ် ဆူနာမီဒဏ်နဲ့ နျူကလီးယား ဘေးအန္တရာယ်ဒဏ်ကို ခံစားနေရဆဲဖြစ်ပြီး ပဲရစ်အော်ပရာ ကုမ္ပဏီမှ ဘဲလေးကခြေသည်များဟာ ၄င်းဒေသရှိ ကလေးများကို အထူးသင်တန်း ပို့ချပေးမှာ ဖြစ်ကြောင်း သိရပါသည်။ ကလေးငယ်များရဲ့ ဘဲလေးအကများ ပိုမိုတောက်ပစေဖို့ ပြောင်းလဲပေးမှာ ဖြစ်ပါသည်။ အခုရောက်ရှိလာတဲ့ ဘဲလေးအက ပညာရှင်များဟာ ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ယခင် ကျောင်းသားအချို့ဟာ ယခုသင်တန်းနဲ့ ပေါင်းစည်းရန် ရောက်ရှိလာကြပါသည်။ ယခုအကပညာရှင်များဟာ ဥရောပနဲ့ အမေရိကန်တို့မှ ကျွမ်းကျင်အကပညာရှင်များ ဖြစ်ပြီး လူငယ်ကြယ်ပွင့်လေးများ ဖြစ်ကြောင်း သက်သေပြမှာ ဖြစ်တယ်လို့ သိရှိရပါသည်။ 

တရုတ်လေယာဉ် ထုပ်လုပ်ရေးမှ နိုင်ငံရဲ့ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ် (စီ-၉၁၉)ရဲ့ ဦးခေါင်းကို ထုပ်လုပ်နိုင်ခဲ့

တရုတ်လေယာဉ် ထုပ်လုပ်ရေးမှ နိုင်ငံရဲ့ပထမဆုံး ပြည်တွင်းဖြစ်လေယာဉ် (စီ-၉၁၉)ရဲ့ ဦးခေါင်းကို ထုပ်လုပ်နိုင်ခဲ့ပြီး လွှဲအပ်ပေးအပ်ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ (စီ-၉၁၉)ရဲ့ ဒုတိယအပိုင်းကိုလဲ စီချွမ်ပြည်နယ်ရှိ စက်ရုံမှာ ပြီးခဲ့တဲ့ဇူလိုင်လက ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ကော်မက် လေယာဉ်ထုပ်လုပ်ရေးရဲ့ ပြောကြားချက်အရ သိရပါသည်။ ကျင်းရှီပြည်နယ်မှာလဲ လေယာဉ်တည်ဆောက်ရန်အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာများကို စုဆောင်းထားပြီးဖြစ်ကာ လေယာဉ်ကိုယ်ထည်ရဲ့အပိုင်း ပြီးစီးဖို့အတွက် ကြိုးစား လုပ်ဆောင် နေကြပါသည်။ လေယာဉ်ကိုယ်ထည်ကျဉ်းမြောင်းလှတဲ့ (စီ-၉၁၉)ဟာ ခရီးသည်(၁၈၀) တင်ဆောင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ (၅ထောင်ကျော်) အထက်ပျံသန်းနိုင်တဲ့အတွက် ဘိုးအင်း(၇၃၇)နှင့် ဥရောပအဲဘတ်စ် အေ(၃၂၀)တို့နဲ့ ယှဉ်နိုင်မှာ ဖြစ်ပါသည်။ ၄င်းလေယာဉ်ရဲ့ လေယာဉ်မှူးအခမ်းထဲမှာ ကြီးမားတဲ့ပြုတင်းပေါက် လေးခုပါဝင်ပြီး လေကြောင်းကို ကောင်းစွာတွန်းလှန်နိုင်ဖို့ စီစဉ်ထားပါသည်။ (စီ-၉၁၉)ရဲ့ ရှေ့ပြေးပုံစံဟာ ယခုနှစ်နှောင်ပိုင်းမှာ အပြီးတိုင်တပ်ဆင်နိုင်မယ်လို့ ခန့်မှန်းထားပြီး ရည်မှန်ချက်အတိုင်း ဖြစ်လာပါက နောင်နှစ်အကုန်မှာ စတင်ပျံသန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ နေ့အပူချိန်ဟာ (၃၁)ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိ

ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ နေ့အပူချိန်ဟာ (၃၁-၇-၁၄) ရက်နေ့က (၃၁)ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိနေပေမယ့် ဒေသခံများကတော့ အပူဒဏ်ကိုမမှုပဲ ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေကြကြောင်း သိရပါသည်။ မော်စကို မြို့သားများဟာ ရေပန်းများ အရိပ်ရနေရာများသို့ သွားရောက်ပြီး အပူဒဏ်မှကင်းလွတ်ရန် ကြိုးစားနေကြကာ အချို့ကတော့ ထီးများဆောင်းခြင်း ရေခဲမုန့်များ စားသုံးခြင်းဖြင့် အပူလှိုင်းဖြတ်ခြင်းကို ရင်ဆိုင်လျှက်ရှိပါသည်။ ကရင်မလင်နန်းတော် တံတိုင်းများအနီးရှိ အလက်ဇန်ဒရော့ဗ်စကီ ဥယျာဉ်အတွင်းရှိ ရေပန်းများအတွင်းသို့လဲ လူငယ်များဟာ ခုန်ချဆော့ကစား လျှက်ရှိပါသည်။ ခန့်မှန်းချက်များအရ အပူချိန်ဟာ ဆက်လက်တည်မြဲမနေဘဲ ဩဂုတ်လ(၃)ရက်ခန့်မှစပြီး အပူချိန်အနည်းငယ် ကျဆင်းသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

တိုကျိုမြို့ရှိ (ဖူကူရို-နို-မီစဲ)လို့ခေါ်ဆိုတဲ့ (အောင်းလ်စတိုး)ကော်ဖီဆိုင်မှာ ဇီးကွက် လေ့လာသူများအတွက် ဇီးကွက်အကောင်ရေ (၃၀)ခန့်ကို ထားရှိပေးထား

ကမ္ဘာကျော် ဟယ်ရီပေါ်တာ ဇာတ်ကားမှာ ပါဝင်တဲ့ ဇီးကွက်များကို ကြည့်ရသကဲ့သို့ ဇီးကွက်နှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများအတွက် တိုကျိုမြို့ရှိ (ဖူကူရို-နို-မီစဲ)လို့ခေါ်ဆိုတဲ့ (အောင်းလ်စတိုး)ကော်ဖီဆိုင်မှာ ဇီးကွက်အကောင်ရေ (၃၀)ခန့်ကို လေ့လာသူများအတွက် ထားရှိပေးထားကြောင်း သိရပါသည်။ ၄င်းကော်ဖီဆိုင်သို့ လာရောကစားသောက် သူများဟာ တိရစ္ဆာန်လေးများနှင့် ထိတွေ့ဆက်ဆံနိုင်မှာဖြစ်ပြီး ဇီးကွက်လေးများရဲ့ ပင်ကိုယ် မျက်လုံးအရောင်ကို ခံစားနိုင်မဲ့ အမှောင်ခန်းအတွင်းသို့လဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါသည်။ (၂၀၁၂)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ၄င်းဆိုင်လေးမှာ တစ်နာရီခန့် ဝင်ရောက်စားသောက် လေ့လာနိုင်ဖို့အတွက် လူအများဟာ တန်းစီစောင့်ဆိုင်း နေကြပါသည်။ ဇီးကွက်လေးများကို လှောင်အိမ်များအတွင်းသို့ ပြန်ထည့်လေ့ရှိပြီး ဇီးကွက်များရဲ့ အော်သံကြောင့် ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေခြင်းနှင့် ငလျင်လှုတ်ခတ်ခြင်းများ ဖြစ်ပေါ်မှာကို စိုးရိမ်ကြောင်း ပိုင်ရှင်များက ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။

တိုလဲဒိုတိရိစ္ဆာန်ဥယျာဉ်တွင် အာဖရိက ဆင်ကြီးတစ်ကောင် ဆေးချယ်သစွမ်းရည် ပြသ

အမေရိကန်ပြည်ထောင်စု အိုဟိုင်းဟိုးပြည်နယ် တိုလဲဒိုတိရိစ္ဆာန်ဥယျာဉ်မှာ  အလေးချိန် လေးတန်ရှိတဲ့ အာဖရိက ဆင်ကြီးတစ်ကောင်ဟာ ၄င်းရဲ့ ဆေးချယ်သစွမ်းရည်ကို ပြသခဲ့ပါသည်။ အသက်(၃၂)အရွယ် ရနေးအမည်ရှိ ၄င်းဆင်မကြီးဟာ တိုလဲဒိုတိရိစ္ဆာန်ဥယျာဉ်ရဲ့ အနုပညာသည် ဖြစ်ပြီးတော့ ၄င်းရဲ့ဆေးချယ်သစွမ်းရည်နဲ့ ခရီးသွားဧည့်သည်များကို ဖျော်ဖြေလာတာဟာ အနှစ်(၂၀) ရှိပြီဖြစ်ပါသည်။ ဆေးပန်းချီချယ်သခြင်းမှာ အခြားဆင်(၉၆)ကောင်လဲ စုပေါင်းပါဝင်ခဲ့ပါသည်။ နယူးယော့ခ်အခြေစိုက် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့မှလဲ ဆင်စွယ်ရောင်းဝယ်မှု ပပျောက်ရေးအတွက် ကြိုးစားလုပ်ဆောင်လျှက်ရှိတယ်လို့ သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်တွင် ၀ရန်တာ ပြိုကျမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ် မကျည်းတန်းတောင် အနောက်ရပ်ကွက်၊ ရွှေလှိုင်းလမ်း၊ အိမ်အမှတ် (၄၃)တွင် ဇူလိုင်လ (၃၁) ရက်နေ့ညတွင် ၀ရန်တာ ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။


KOICA မှ e- Library နှင့် Audio Room လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

Korea  International  Cooperation  Agency  KOICA မှ မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို e- Library နှင့် Audio Room  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ (၃၀) ရက်နေ့တွင် UCSM ၏ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


2014 Asian Youth Football Festival in Korea

ကိုရီးယား ဘောလုံး အဖွဲ့ချုပ်၏ ဖိတ်ေ ခ်ါမှုဖြင့် 2014 Asian Youth Football Festival သို့ မြန်မာ National youth football Team ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရန်ကုန်မြို့မှာ စခန်းသွင်း လေ့ကျင်းနေကြပါသည်။


လူငယ်များ စိတ်ဝင်စားလာသည့် စာရင်းကိုင်သင်တန်းများ

နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ တိုးတက်လာတာကြောင့် စာရင်းဇယားများကို စီမံခန့်ခွဲနိုင်သည့် ပညာရပ်များကို တတ်မြောက်လိုသူများ များပြာလာခဲ့ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းအတွက် အလားအလာ ကောင်းသည့် စာရင်းကိုင် သင်တန်းများကို လူငယ်များ ပိုမို တက်ရောက်လာကြတာကို တွေ့ရပါသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် မိန့်ခွန်း ပြောကြားမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ပဉ္စဝတီ FM   ရွှေ FM ၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊  FM ပုဂံ နှင့် သဇင်အသံလွှင့်ဌာနတို့မှ ၂၀၁၄ ခုနှစ် ဩဂုတ်လ(၁)ရက်၊ (၂)ရက်နှင့် (၃)ရက်နေ့တို့၌ နံနက်(၇)နာရီ နေ့လယ်(၁၁)နာရီ၊ ညနေ (၆)နာရီနှင့် ည(၈)နာရီ တို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။ အဆိုပါ မိန့်ခွန်း အပြည့်အစုံကို ဩဂုတ်လ (၁)ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြသွားမည် ဖြစ်ပါသည်။


ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မော်တော်ယာဉ် ယန္တရားများ စွမ်းအားပြည့် သုံးစွဲနိုင်ရေးနှင့် စက်မှုဝန်ထမ်းရေးရာ ကိစ္စရပ်များ အလုပ်ရုံဆွေးနွေးပွဲ




ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မော်တော်ယာဉ် ယန္တရားများ စွမ်းအားပြည့် သုံးစွဲနိုင်ရေးနှင့်  စက်မှုဝန်ထမ်းရေးရာ ကိစ္စရပ်များ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၃၀)ရက်နေ့ မနက်ပိုင်းက ဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်မှာ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတိယအဆင့် အနေဖြင့် ပြုပြင်ပြောင်းလဲရေး  လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ပြီး လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရာမှာ နိုင်ငံဝန်ထမ်းများ အားလုံး တာဝန်သိမှု၊ တာဝန်ယူမှုနှင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းများ ရှိဖို့ အထူးလိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် မြင့်မားရေး၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရေး၊ နည်းပညာများ တိုးတက်ပြန့်ပွားရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးစား ဆောင်ရွက်ဖို့လိုကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများတွင် စက်၊ ယာဉ်၊ ယန္တရားများကို အဓိကထား အသုံးပြုလာသည့် အတွက် စက်မှုအင်ဂျင်နီယာ၏ အခန်းကဏ္ဍသည် ပိုမိုကြီးမားလာပါကြောင်း၊ အသစ်များ ရောက်ရှိလာသည့် စက်၊ ယာဉ်၊ ယန္တရားများအား ရေရှည် အသုံးပြုနိုင်အောင် ထိန်းသိမ်းရမှာ ဖြစ်သလို အဟောင်းများကိုလည်း ပြင်ဆင်ထိန်းသိမ်း ရမှာဖြစ်ကြောင်း၊ စက်မှုအင်ဂျင်နီယာ ဝန်ထမ်းများ အနေဖြင့် ဝန်ကြီးဌာန၏ ဂုဏ်ကို မြှင့်တင်နိုင်ရေး အတွက် တာဝန်ကို သိရှိပြီး ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အခြေခံ သဘောတရားများနဲ့ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တို့ကို ရှင်းလင်း ပြောကြားပြီးနောက် စာတမ်းရှင်များက စက်၊ ယာဉ်၊ ယန္တရားများ ရွှေ့ပြောင်းရေး မူဝါဒနှင့် ငှားရမ်းခ မူဝါဒများ လိုက်လျောညီထွေ ဖြစ်ရေး ခေါင်းစဉ်၊ ဗဟိုဦးစီး စက်မှုအသွင်မှ အထက်အောက်  ပေါင်းစည်းညှိနှိုင်း ဆောင်ရွက်မှု အသွင်ကူးပြောင်း ဆောင်ရွက်ရေး ခေါင်းစဉ် ၊ စက်၊ ယာဉ်၊ ယန္တရားများ ဆောင်ရွက်မှု မှတ်တမ်းများ မှန်ကန်စွာ ထည့်သွင်းဆောင်ရွက်ရေး ခေါင်းစဉ်၊ စက်၊ ယာဉ်၊ ယန္တရားများ ကြံ့ခိုင်ကောင်းမွန်ရန် စက်စွမ်းအားပြည့် သုံးစွဲနိုင်ရေးနှင့် ကြံ့ခိုင်ရေး ဆောင်ရွက်ရန် စက်ဆီ၊ ချောဆီ သတ်မှတ်ချိန်တွင် လဲလှယ်ရန်နှင့် ဖြည့်တင်းဆောင်ရွက်ရေး ခေါင်းစဉ်၊ ဝန်ထမ်းရေးရာ ကိစ္စမှ ဖွဲ့စည်းပုံအင်အားနှင့် စက်၊ ယာဉ်၊ ယန္တရား အရေအတွက်၊ စက်မောင်း၊ ယာဉ်မောင်း၊ စက်ပြင်အင်အား လိုအပ်ချက် ခေါင်းစဉ်နဲ့ စက်မှု ဝန်ထမ်းများ ကျွမ်းကျင်ရန် ဆောင်ရွက်မှု အခြေအနေ ခေါင်းစဉ်ဖြင့် စာတမ်းတို့ကို ဖတ်ကြားခြင်းနှင့် တက်ရောက်လာသူများက သိလိုတာများကို မေးမြန်းဆွေးနွေးကြကာ ဦးဆောင်ညွှန်ကြားရေးမှူး က ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေအား သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ




ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေအား သုံးသပ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Mid Term Review) အား ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက မိမိတို့ဝန်ကြီးဌာနသည် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး တာဝန်ယူဆောင်ရွက် ရပါကြောင်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များကို မီးရထား၊ မော်တော်ယာဉ်များဖြင့် အထိရောက်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် အစဉ်တိုးတက်စေရန်လည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များ အဖြစ် လမ်းညွှန်ချက်များကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခု ဆွေးနွေးပွဲတွင် (Multimodal Tarnsport Development)ဖြစ်ပေါ်လာရေး စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များ (Door  to 
Door)ကုန်ပို့စနစ်၊ (Dry Port)
ဖွံ့ဖြိုးတိုးတက်ရန် ကိစ္စ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၊ ပုဂ္ဂလိက အသွင်ပြောင်းလဲရေး ကိစ္စများကိုပါ ထည့်သွင်းဆွေးနွေး ပေးစေလိုပါကြောင်း ဆွေးနွေးမှာကြားပါသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများ စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံ




ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ လူမှုရေး ဝန်ကြီး ဦးကျော်ခင်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ (၃၁)ရက်နေ့ နံနက် (၈)နာရီခွဲတွင် စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းမှ တက္ကသိုလ်တွင် လိုအပ်လျှက် ရှိသော ကျောင်းကန်တင်း ဆောက်လုပ်ပေးရန်၊ ကျောင်းဝင်းအတွင်း ဝိုင်ဖိုင် အခမဲ့ တပ်ဆင်ပေးရန်၊ ကျောင်းဖယ်ရီများ အခမဲ့ ပြေးဆွဲပေးရန်နှင့် ကျောင်းသူ/သားများ တင်ပြ တောင်းဆိုမှုများကို တာဝန်ရှိသူများအား စီစဉ်ပေးရန်မှာ ကြားခဲ့ပါသည်။ အဲဒီနောက် ပြည်နယ် ဝန်ကြီးချုပ်မှ ကျောင်းသူ၊ ကျောင်းသားများ၏ လိုအပ်ချက်များ အတွက် ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့ပြီး  ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုများအား ကြည့်ရှုခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက်(၁၀)နာရီခွဲတွင် စစ်တွေနည်းပညာ တက္ကသိုလ် သို့သွားရောက်ခဲ့ပြီး တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းသူ၊ ကျောင်းသားများ၏ လိုလား တောင်းဆိုချက်များကို ဖြည့်ဆည်း ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က  နည်းပညာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအား ငွေကျပ်သိန်း(၂၀) ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၄ခုနှစ် သတ္တမအကြိမ် နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား




၂၀၁၄ခုနှစ် သတ္တမအကြိမ် နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ(၃၁)ရက်နေ့ ညနေ(၃)နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၃)မှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဒုတိယ ဥက္ကဌ အားကစား ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။