Friday, October 31, 2014

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၌ န၀မအကြိမ် မိသားစုမဟာဘုံကထိန် ကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၌ န၀မအကြိမ်မြောက် မိသားစုမဟာဘုံကထိန် ကပ်လှူပူဇော်ပွဲအခမ်းအနားအား အောက်တိုဘာ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် ၀န်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပါသည်။


ပုသိမ်မြို့တွင် စတုတ္ထအကြိမ် စုပေါင်း မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ဇနီးတို့သည် အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသော စတုတ္ထအကြိမ် စုပေါင်း မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။


ဇမ္ဗူသီရိမြို့နယ်ရှိ ၀န်ထမ်းမိသားစုဝင် သက်ကြီးအဘိုအဘွားများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ဇနီးသည် ၀န်ကြီးဌာန အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သရဖီ၊ ပိတောက်၊ ခရေနှင့် ကံ့ကော်အိမ်ရာများရှိ ၀န်ထမ်းမိသားစုဝင် သက်ကြီးအဘိုး(၄)ဦးနှင့် အဘွား(၁၅)ဦး၊ စုစုပေါင်း (၁၉)ဦးတို့အား ထောက်ပံ့ငွေကျပ် ၂၇၀၀၀၀ နှင့် ငွေကျပ် ၁၃၃၀၀တန်ဖိုးရှိ စားသောက်ဖွယ်ရာများ စုစုပေါင်း ငွေကျပ် ၂၈၃၃၀၀ ကို တစ်အိမ်တက်ဆင်း အိမ်တိုင်ရာယောက် ထောက်ပံ့လှူဒါန်းကြပြီး အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ ကျန်းမာရေး စစ်ဆေးကုသနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။ 


(၁၆)ကြိမ်မြောက် ယုဇနပလာဇာ ဈေးသူ /ဈေးသား မိသားစုများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာ ဈေးသူ ဈေးသား မိသားစုများ၏

(၁၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို အောက်တိုဘာလ (၃၁)ရက်နေ့က ယုဇနပလာဇာ(၇)လွှာ ခန်းမမှာ ကျင်းပခဲ့ပါသည်။ 


(UK) တေးဂီတအဖွဲ့ (Live 4-Music) မှ တင်ဆက်မည့် အထူးဂီတပွဲနှင့် ဓာတ်ပုံပြပွဲ

ကြည်မြင်တိုင် မျက်မမြင်ကျောင်း တယောသင်တန်းအတွက် ရန်ပုံငွေရှာဖွေရန် (UK) တေးဂီတအဖွဲ့ (Live 4-Music) မှ တင်ဆက်မည့် အထူးဂီတပွဲနှင့် ဓာတ်ပုံပြပွဲကို ပြည်သူ့ဥယျာဉ်ဝင်း အတွင်းရှိ (The Yangon Gallery) တွင် အောက်တိုဘာလ (၃၀)ရက်နေ့က ကျင်းပခဲ့ပါသည်။ 


မြ၀တီမြို့တွင် ပုလဲသွယ်စပ်မျိုးစပါးစံပြစိုက်ခင်း ကွင်းပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့ မဲကနယ်ကျေးရွာ တောင်သူဦးနံတစ်၏ လယ်မြေတွင် သိပ္ပံနည်းကျ စိုက်နည်းစနစ်(GAP)ဖြင့် စိုက်ပျိုးထားသော ပုလဲသွယ်စပ်မျိုးစပါး (GW-1)စံပြစိုက်ခင်း ကွင်းပြပွဲ (Field Day)နှင့် စံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာလ (၃၀)ရက် နံနက်က ကျင်းပပါသည်။


လပွတ္တာမြို့တွင် အသားစားဘဲများ ဖြန့်ဝေ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်  ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိရာ ယင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အသား၊ ဥနှင့် နို့သောက်သုံးမှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်၊ သိပ္ပံကုန်းကြီးကျေးရွာသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဝင်းသည် ပြင်စလူမြို့နယ်တာဝန်ခံ ဦးအောင်မျိုးသူနှင့် ၀န်ထမ်းများလိုက်ပါလျက် ရွာသာကြီးဘဲမျိုးသန့်ခြံမှ အသားစားဘဲမျိုးသစ် ကောင်ရေ ၁၀၀၀ ကို ကျေးလက်ပြည်သူများသို့ အောက်တိုဘာလ (၂၈)ရက်နေ့က လှေ၊ သင်္ဘောများဖြင့် ကျေးရွာအရောက် ဖြန့်ဖြူးပေးခဲ့ပါသည်။


နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည့် အစီအစဉ် အသိပေးကြေညာ

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအတွက် လျှောက်လွှာများလက်ခံခဲ့ရာ ဘွဲ့ကြိုတန်းအတွက် ကျား(၂၃၆)ဦး၊ မ(၄၂၂)ဦး စုစုပေါင်း(၆၅၈)ဦး၊ မဟာတန်းအတွက် ကျား(၃၂၀)ဦး၊ မ (၁၅၂၈)ဦး စုစုပေါင်း (၁၈၄၈)ဦး၊ ပါရဂူတန်းအတွက် ကျား (၃၁၀)ဦး၊ မ (၂၀၆၆)ဦး စုစုပေါင်း (၂၃၇၆)ဦး လျှောက်ထားခဲ့သဖြင့် လျှောက်ထားသူဦးရေ စုစုပေါင်း ကျား (၈၆၆)ဦး၊ မ (၄၀၁၆)ဦး စုစုပေါင်း(၄၈၈၂)ဦး ဖြစ်ပါသည်။ လျှောက်ထားသူအားလုံးသည် လျှောက်ထားစဉ်က ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာကို အခြေခံ၍ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင် မြို့ကြီးများ၌ ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပါသည်။


မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာဝန်ထမ်းအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကလေးစာပေပြိုင်ပွဲ ဆုရရှိသူများကြေညာ

အာရှနိုင်ငံများအတွင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော ဂျပန်နိုင်ငံ ရှန်တီစေတနာဝန်ထမ်းအဖွဲ့ (Shanti Volunteer Association-SVA)နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း(Myanmar Writers Association-MWA )တို့ပူးတွဲပြီး မြန်မာနိုင်ငံရှိကလေးများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့်မားသည့် ကလေးစာပေများထွက်ပေါ်နိုင်ရေးကို ရည်ရွယ်လျက် ကလေးစာပေပြိုင်ပွဲ ကျင်းပခဲ့ပါသည်။


လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂိုဒေါင်နှင့် စက်မှုလက်မှုမြေကွက်များနှင့်သက်ဆိုင်သည့် ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်အတွင်းမှ စက်မှုလက်မှုမြေကွက်လွတ်ပေါင်း (၂၃၃၉)ကွက်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂိုဒေါင်ပေါင်း (၁၂၉၉)လုံး၊ ဧရိယာအားဖြင့် (၄၄၁၈)ဧက ကျော်ရှိကြောင်း စိစစ်တွေ့ရှိရသည်။



လပွတ္တာရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံမှ မြန်မာ့အသံရေဒီယို အစီအစဉ်များ စတင်စမ်းသပ် ထုတ်လွှင့်ခြင်း

မြန်မာ့အသံရေဒီယိုအစီအစဉ် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရေး အစီအစဉ်အရ လပွတ္တာစက်ရုံတွင် FM လွှင့်စက်နှင့် Antenna တပ်ဆင်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ (၂၄)ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ အဆိုပါ စက်ရုံမှ လွှင့်အား 2KW၊ လှိုင်းနှုန်း (89.2 MHz) ဖြင့် ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့မှစ၍ စတင်ထုတ်လွှင့်လျက်ရှိရာ စက်ရုံ အရှေ့ဘက်တွင် ကန်ဘက်၊ လှိုင်းဘုန်း အထိလည်းကောင်း၊ အနောက်ဘက်တွင် သုံးခွ၊ ဘုရားလှ အထိလည်းကောင်း၊ တောင်ဘက်တွင် လွှစာ၊ စလူစိပ်၊ ပြင်စလူ အထိလည်းကောင်း၊ မြောက်ဘက်တွင် ငပုတောမြို့နယ် အထိလည်းကောင်း၊ မြန်မာ့အသံရေဒီယိုအစီအစဉ်များကို ကြည်လင်ပြတ်သားစွာဖြင့် ဖမ်းယူနားဆင်နိုင်ပြီဖြစ်ပါသည်။


အလှဆုံးပွဲကဏ္ဍ


ပေါ့ဘာကို ဂျူပီတပ်အသင်းစာချုပ်သက်တမ်းတိုး

စီးရီးအေချန်ပီယံ ဂျုဗင်တပ်အသင်းက ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာကို ၂၀၁၉ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့်ချုပ်ဆိုခဲ့ကြောင်း သိရပါသည်။ စာချုပ်သစ်အရ ပေါ့ဘာက လက်ရှိ လစာထက် သုံးဆ တိုး မြင့်ပြီး တစ်ပတ်လုပ်ခ ပေါင်ခုနှစ်သောင်း အထိရရှိမည်ဖြစ်ပါ သည်။ ပြင်သစ်လက်ရွေးစင် ကစား သမား ပေါ့ဘာက ၂၀၁၄ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့ပြီး လက်ရွေးစင် အတွက် ပွဲ (၂၀) ကစားထား ပြီး ငါးဂိုးသွင်းယူထားနိုင်ကြောင်း သိရပါသည်။  

ဖီဖာ ၂၀၁၄ ခုနှစ် အတွက် အကောင်းဆုံးသမားများ၏ ပဏာမစာရင်းထုတ်ပြန်


၂၀၁၄ခုနှစ်အတွက် ဖီဖာကမ္ဘာ့အကောင်းဆုံးဆု၏ ပဏာမစာရင်းကို ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ကြောင်း သိရပါ သည်။ ထုတ်ပြန်လိုက်သည့် စာရင်းအရ ဥရောပကစားသမား (၁၇)ဦး အထိပါဝင်ပြီး တောင်အမေရိက ကစားသမား ငါးဦး၊ အာဖရိကကစားသမား တစ်ဦးပါဝင်ပါသည်။ နောက်ဆုံး ဆန်ကာတင် သုံးဦးစာရင်းကို ဒီဇင်ဘာလ (၁) ရက်မှာကြေငြာမည်ဖြစ်ပြီး ရွှေဘောလုံးဆုရရှိမည့်ကစားသမားကို ၂၀၁၅ ဇန်နဝါရီလ (၁၂) ရက်တွင် ကြေငြာ မှာဖြစ်ကြောင်း သိရပါသည်။

Sports Cinema


အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်း



မြန်မာယူ-၁၉အမျိုးသားအသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရပြီးနောက်တွင် မြန်မာအမျိုးသမီးယူ-၁၉ အသင်းကလည်း အာရှဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲကစားရတော့မည်ဖြစ်ပါသည်။ မြန်မာအမျိုးသမီးယူ-၁၉အသင်းက ခြေစစ်ပွဲမှာ ပြိုင်ဘက် ထိုင်း၊ တရုတ်တိုင်ပေအသင်းများနှင့် ကစားရမည်ဖြစ်ကြောင်း သိရပါသည်။ 


တိုယိုတာ မဲခေါင်ဖလားနှင့် BTV Cup ပြိုင်ပွဲများ ဝင်ပြိုင်မည့် ဧရာဝတီအသင်း


ပြီးခဲ့သည့်နှစ်မြန်မာနေရှင်နယ်လိဂ်ရှုံးထွက်ချန်ပီယံ ဧရာဝတီအသင်းသည် နိုဝင်ဘာလထဲတွင် တိုယိုတာ မဲခေါင် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဘီတီဗီဖလား ဖိတ်ခေါ်ပြိုင်ပွဲများကို ဝင်ပြိုင်ရန်ရှိနေကြောင်း သိရပါသည်။ လက်ရွေးစင် ကစားသမားများမပါဝင်ပဲ ဝင်ပြိုင်ရမည့် ပွဲများဖြစ်ခြင်းကြောင့် ဧရာဝတီအသင်းအနေနှင့်ထို ပြိုင်ပွဲများအပေါ် မည်မျှ အထိမျှော်လင့်ထားပြီး စွမ်းဆောင်နိုင်မလဲဆိုသည်ကို စောင့်ကြည့်သွားရမည် ဖြစ်ပါသည်။

ကမ္ဘာ့ကရာတေးဒိုပြိုင်ပွဲ ဝင်ပြိုင်မည့် မြန်မာကရာတေးဒိုကစားသမား



လာမည့်နိုဝင်ဘာလမှာ ဂျာမနီနိုင်ငံမှာ ကျင်းပမည့် ကမ္ဘာ့ကရာတေးဒိုချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ ကရာတေးဒို ကစားသမားတစ်ဦး ဝင်ပြိုင်ရန်ရှိနေကြောင်း သိရပါသည်။ ကရာတေးဒိုအားကစားနည်းက ဆီးဂိမ်းမှာ လည်း နိုင်ငံ အတွက်ရွှေတံဆိပ်ရယူပေးထားနိုင်သည့် ကစားနည်းဖြစ်ပြီး ကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင် မည်လား ဆိုတာကို စောင့်ကြည့်သင့်ကြောင်း သိရပါသည်။