ပထမအကြိမ်
အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို အောက်တိုဘာလ
(၂) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ပါသည်။ ပခုက္ကူ မြို့နယ်နှင့် ဆိတ်ဖြူမြို့နယ်တို့
ဆက်သွယ်သော (လမ်းရွာ-ဆိပ်ဖြူ) ယောချောင်း ချောင်းကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊
စီးပွားရေး မြို့တော် ရန်ကုန်တွင် အများပြည်သူများအတွက် လုံလောက်သည့် အားကစားကွင်းများ
ပြန်လည် ဖော်ထုတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ စသည်ဖြင့် မေးခွန်း (၅) ခု မေးမြန်းကြရာ
သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ ဆက်လက်ပြီး
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်
စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီက တင်သွင်းခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်
ပြန်လည်ပေးပို့လာသည့် မြန်မာ့သတ္တုတွင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်
ကိုယ်စားလှယ် (၅) ဦးတို့က ပါဝင် ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။
No comments:
Post a Comment