ပထမအကြိမ်
ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို အောက်တိုဘာလ
(၂) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ် လွှတ်တော်များမှ အတည်ပြုထားသော ဥပဒေများအနက် အချို့ ဥပဒေများ၏ နည်းဥပဒေများကို
အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မူယစ်ဆေးဝါး၊ ဘိန်း ဖြတ်စခန်းများ တည်ဆောက်ဖွင့်လှစ်ရန်
အစီအစဉ် ရှိ/မရှိ၊ Biotechnology Biosecurity တို့နှင့်ပတ်သက်၍ ဥပဒေများ ပြဌာန်းထားခြင်း၊
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်း၊ Myanmar Biosecurity
Association ဖွဲ့စည်းထားခြင်း ရှိ/မရှိ စသည်ဖြင့် မေးခွန်း (၈) ခု မေးမြန်းခဲ့ကြရာ
သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများနှင့် ဒုတိယ ရှေ့နေချုပ်တို့က ပြန်လည်
ဖြေကြားခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment