ကျန်းမာခြင်းသည်
လူတစ်ဦးတစ်ယောက်အတွက် အလွန်အရေးကြီးသလို ပြည်သူများ အဓိက လိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်း ကျေးလက်ဆေးပေးခန်း ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနတို့ကို
နိုင်ငံတော်၏ ပံ့ပိုးမှု။ စီမံမှုတို့ဖြင့် လူထုတစ်ရပ်လုံး ကျန်းမာဖွံ့ဖြိုးရေးအတွက်
အဓိက လုပ်ဆောင်ပေးလျှက်ရှိရာ ယခုဖွင့်လှစ်လိုက်သည့် ကျေးလက်ကျန်းမာရေးဌာနကို ကရင်ပြည်နယ်
ဘားအံမြို့နယ် ရသေ့ကျေးရွာတွင် စက်တင်ဘာလ (၂၉) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါသည်။ ရသေ့ပျံ
ကျေးလက်ကျန်းမာရေးဌာနအား ပြည်နယ်လွတ်တော် ဥက္ကဌ၊ ပြည်နယ်ကျန်းမာရေးဦးစီးမှူး၊ ဒေါနအားမာန်ကုမဏ္ဏီ
ဥက္ကဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျေးလက် ကျန်းမာရေးဌာနဆိုင်းဘုတ်ကို ကရင်ပြည်နယ်
ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း မှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။
No comments:
Post a Comment