Sunday, November 30, 2014

နိုင်ငံ၏လုံခြုံရေးတာဝန်ကို ပခုံးပြောင်းယူကြရမည့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ များ

ယခုနှစ်ကုန်မှာ အာဖဂန်မှ နိုင်ငံခြားတပ်ဖွဲ့ များ စတင်ထွက်ခွာချိန်မှာ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ များသည် နိုင်ငံ၏လုံခြုံရေးတာဝန်ကို ပခုံးပြောင်းယူကြရတော့မည် ဖြစ်ပါသည်။  အခြေစိုက် စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက်သည့် တာလီဘန်များကို နှိမ်နှင်းရေးသည် လေ့ကျင့်ရေးထက် ပိုမိုခက်ခဲ့လျက်ရှိကြောင်းသိရပါသည်။ ယခုနှစ်မှာ ဒေသလုံခြုံရေး တပ်ဖွဲ့ဝင် (၄၆၀၀)ကျော်ကို သေဆုံးစေခဲ့သည့် ရက်စက်သည့် တာလီဘန်များကိုထိပ်တိုက် ရင်ဆိုင်ဖို့ အတွက် ကိုတော့ ယုံကြည်မှုနည်းပါးလျက်ရှိပါသည်။ အမေရိကန်သည် လာမည့်နှစ်အထိ လေကြောင်း ထောက်ပံ့မှုများ ပေးသွားမှာဖြစ်သလို လိုအပ်ပါက တပ်ဖွဲ့များကို ဆက်လက်ထားရှိသွား မည်ဖြစ် ကြောင်းသိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုတွင် လေယာဉ် တစ်စင်းသည် လမ်းပေါ်သို့ ပျက်ကျမှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု Connecticut မှ Cessna လေယာဉ် တစ်စင်းသည် လောင်စာဆီပြတ်သွားပြီး လမ်းပေါ်သို့ ပျက်ကျမှု နိုဝင်ဘာလ( ၂၉)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း NBC သတင်းက ထုတ်ပြန်ခဲ့ ပါသည်။ ၄င်းလေယာဉ်သည် Plainville မှ ပျံသန်းလာတာဖြစ်ပြီး Hartford ကိုပျံသန်းစဉ်မှာ ဆီပျက်လပ်ခဲ့တာဖြစ်ပါသည်။ လေယာဉ်သည် ဆိုးရွားစွာ ပျက်စီးခဲ့သော်လည်း လေယာဉ်မှူးက ဒဏ်ရာရရှိခဲ့မှု့မရှိကြောင်းနှင့် ယခုပျက်ကျမှု နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရှိခဲ့ပါသည်။

ဆစ်ဒနီရှိ မာရူဘရာ ကမ်းခြေတွင် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

သြစတြေးလျနိုင်ငံ ဆစ်ဒနီရှိ မာရူဘရာ ကမ်းခြေတွင် ဆော့ကစားနေသည့် အသက် (၇)နှစ်နှင့် (၆) နှစ်အရွယ် ကလေး(၂)ဦးသည် အနက် (၃၀) စင်တီမီတာ သဲအောက်တွင် မြှုပ်ထားသည့် အ၀တ်ဝတ်မထားသည့် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း သိရပါသည်။

ငြိမ်းချမ်းရေး ချစ်သူ အပြေးသမား (၁၀၀၀)ကျော်တို့ ပါဝင်ဆင်နွှဲခဲ့သည့် အီရတ် မာရသွန်ပြိုင်ပွဲ

အစွန်းရောက်များကို တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့မှုတစ်ခုအဖြစ် (၁၀) ကီလိုမီတာ မာရသွန်ပြိုင်ပွဲကို အီရတ်နိုင်ငံတွင် နိုဝင်ဘာလ (၂၉)ရက်နေ့ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ၎င်းပြိုင်ပွဲကို စစ်မျက်နှာ၏ ကီလိုမီတာ (၁၀၀)အတွင်းရှိ မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး ချစ်သူ အပြေးသမား (၁၀၀၀)ကျော်တို့ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ 

The Pyramid ရုပ်ရှင်

The Pyramid ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဒီဇင်ဘာလ (၅)ရက်နေ့တွင် စတင်ပြသသွားခဲ့ကြောင်း သိရပါသည်။ ရှေးဟောင်းသုတေသန လေ့လာရေးအဖွဲ့ တစ်ဖွဲ့က  အီဂျစ်သဲကန္တာရ ထဲတွင် နစ်မြှုပ်နေသည့် ပရိမစ်တစ်ခုကို တူးဖော်ရန်ရောက်ရှိလာခဲ့ပါသည်။ ထိုနောက် ပရိမစ်ကို တူးဖော်တွေ့ ရှိခဲ့ကြပြီး အထဲမှာရှိသည့် ရှေ့ဟောင်းအရာများကို လေ့လာရာမှ ထွက်လမ်းကိုရှာဖွေကြရင်း ဝိဥာဉ်များ၏ ကြောက်မက်ဖွယ်ကောင်းသည့် ခြောက်လှန့်တိုက်ခိုက်မှုများ ခံစားကြရခြင်းကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထား ခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားပြသချိန်က (၈၉)မိနစ်ကြာမြင့်ပြီး ဒါရိုက်တာ ဂရီဂိုရီလာဗက်ဆီယာက ရိုက်ကူးပြီး သရုပ်ဆောင် အက်ရှလေဟင်ရှော၊ ဒန်းနစ် အိုဟဲ၊ ဂျိန်းဘာကလေနှင့် တခြားသရုပ်ဆောင်များ ပါဝင်ထားသည်။ ထိုဇာတ်ကားကို 20 Century Fox ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန်ချိ ထားကြောင်း သိရပါသည်။

ကမ္ဘာ့စစ်တုရင် ချန်ပီယံပြိုင်ပွဲကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် ကျင်းပခဲ့

ကမ္ဘာ့စစ်တုရင် ချန်ပီယံပြိုင်ပွဲကို ရုရှားနိုင်ငံ ဆိုချီမြို့မှာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဟောလိဝုဒ်၏ နာမည်ကြီးရုပ်ရှင်နှင့် ပြဇာတ်ဒါရိုက်တာ မိုက်နစ်ကိုလ်း ကွယ်လွန်

ဟောလိဝုဒ်၏ နာမည်ကြီးရုပ်ရှင်နှင့် ပြဇာတ်ဒါရိုက်တာ မိုက်နစ်ကိုလ်းက အသက်(၈၃)နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါသည်။ 

ရီယိုဒီဂျနေရိုးမြို့တွင် အိုလံပစ်အားကစားပွဲ ကျင်းပပြီးသည့် နိုင်ငံများက လာဘ်ကောင်အရုပ်များ ပြသ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် အိုလံပစ်အားကစားပွဲ ကျင်းပပြီးသည့် နိုင်ငံများက လာဘ်ကောင်အရုပ်များ ကလေးများကိုပြသခဲ့ကြောင်း သိရှိရပါသည်။ 

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်ကို မန္တလေးမြို့ရှိ နမ့်ခန်းကျောင်းတိုက်တွင် ကျင်းပ

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်တစ်ရပ်ကို မန္တလေးမြို့ရှိ နမ့်ခန်းကျောင်းတိုက်မှာ ကျင်းပသွားခဲ့ ကြောင်း သိရှိရပါသည်။


နိုင်ငံတကာ ဒဿနိကဗေဒနေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပ

နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာဒဿနိကဗေဒနေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပသွားခဲ့ကြောင်း သိရှိရပါသည်။  

သခင်ကိုယ်တော်မှိုင်း၏ ပုံကြမ်းပန်းချီပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပ

ငြိမ်းချမ်းရေး ဗိသုကာဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပုံကြမ်းပန်းချီပြပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ လောကနတ်ပန်းချီ ပြခန်းမှာ ကျင်းပသွားခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ပုံဝါသနာအပေါ် စိတ်ပါဝင်စားကြသူ(၄၇)ဦး စုပေါင်း၍ ဓါတ်ပုံပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပရန်ရှိ

ဓါတ်ပုံဝါသနာအပေါ် စိတ်ပါဝင်စားကြသူ(၄၇)ဦး စုပေါင်း၍ ဓါတ်ပုံပြပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပရန် ရှိနေကြောင်း သိရှိရပါသည်။ 

ပြည်တွင်းဗီဒီယိုလောက ပိုမိုတိုးတက်ကောင်းမွန်စေရန် အများနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့၊ ကုမ္ပဏီ တည်ထောင်သွားရန်ရှိ

ပြည်တွင်း ဗီဒီယိုလောက ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး အများနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့၊ ကုမ္ပဏီတည်ထောင်သွားရန်ရှိနေကြောင်း သိရှိရပါသည်။ 

အာဆီယံဒေသတွင်းနိုင်ငံများ အာရှရုပ်ရှင်ဈေးကွက် ဖန်တီးတည်ဆောက်ရန် မဟာဗျူဟာချမှတ်

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းပြီး အာရှရုပ်ရှင်ဈေးကွက်တစ်ခု ဖန်တီးတည်ဆောက်ရန်အတွက် မဟာဗျူဟာချမှတ်ဆောင်ရွက်သွားရန်ရှိနေကြောင်း သိရှိရပါသည်။  

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းအား မြန်မာ့အသံ၊ FMများနှင့် သဇင်အသံလွှင့်ဌာနတို့မှ ထုတ်လွှင့်မည်




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယိုအစီအစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FM ပုဂံနှင့် သဇင်အသံလွှင့်ဌာနတို့မှ ဒီဇင်ဘာလ (၂)ရက်၊ (၃)ရက်နေ့တို့တွင် နံနက် (၇)နာရီ၊ နေ့လယ် (၁၁)နာရီ၊ ညနေ (၆)နာရီနှင့် ည (၈)နာရီတို့တွင် တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

စတုတ္ထအကြိမ် သီလရှင်ဝတ်ရုံလွှာနှင့် စာရေးတံမဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ




ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှင့်ဇနီးတို့သည် နိုဝင်ဘာလ ၂၈ရက်နေ့ နံနက်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော စတုတ္ထအကြိမ် သီလရှင်ဝတ်ရုံလွှာနှင့် စာရေးတံမဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထိုင်းနိုင်ငံမှ အောင်စင်္ကြာဆရာတော်အား ဘွဲ့တံဆိပ်တော်လှူဒါန်းခြင်းနှင့် ဆေးရုံယောဂီဆောင် လှူဒါန်းခြင်းအခမ်းအနား




အောင်စကြာဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ သိက္ခာ(၃)ရပ်တို့ကို ပူဇော်သည့်အနေဖြင့် Ph.D Thailand ဘွဲတံဆိပ်ဆက်ကပ်တော်မူခြင်းနှင့်အတူ အောင်စကြာပရမေတ္တာ စက္ခုဒါနဆေးရုံကြီးနှင့် (၅)ထပ်ယောဂီဆောင်တည်ဆောက်မှု၊ လှူဒါန်းမှု၏ စုပေါင်းအလှူတော်ငွေများ ပေးအပ်လှူဒါန်းမှုကို ရန်ကုန်မြို့၊ သာဂေတမြို့နယ်၊ အောင်စကြာ မိုးဂုတ်ဝိပဿနာဓမ္မရိပ်သာတွင် နိုဝင်ဘာလ ၃၀ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

မိဘများစောင့်ရှောက်ရေး ကူညီမှုအသင်းက ကျန်းမာရေးအထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ




အနန္တဂိုဏ်ဝင် ကျေးဇူးရှင်မိဘများရဲ့ဂုဏ်ကျေးဇူးကို ရည်စူးပြီး မိဘများစောင့်ရှောက်ရေး ကူညီမှုအသင်းက မိဘများကျန်းမာရေးနှင့် လူနေမှုဘ၀ဆိုင်ရာပစ္စည်းများပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ(၃၀)ရက်က သာကေတမြို့နယ်၊အမှတ်(၇)ရက်ကွက်ရှိ ဇိနမာန်အောင်ဘုရားကြီးအတွင်း မှ ၀ိမုတ္တိရသ ဓမ္မာရုံကြီးမှာကျင်းပခဲ့ပါသည်။

Sunday Dhamma School၏ လူငယ်စာပေဟောပြောပွဲကျင်းပ




လူငယ်တို့၏ဘ၀ကိုစာပေဖြင့်အလှဆင်နိုင်ဖို့ အတွက် စာရေးဆရာဦးဘုန်း(ဓာတု)မှ လူငယ်များအ တွက် ဘ၀တိုးတက်ရာသိသင်းတဲ့ လူငယ်စာပေဟောပြောပွဲကို နိုဝင်ဘာလ (၃၀)ရက်နေ့က စမ်းချောင်းမြို့နယ်၊ကျွန်းတောလမ်းရှိ ဘီးလင်းစာသင်တိုက် သစ်ကျောင်းတိုက် (Sunday Dhamma School )ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။