Friday, February 28, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အခမ်းအနား ဖွင့်လှစ်ပေးမည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းအခမ်းအနားကို မတ်လ (၁)ရက်နေ့ ညနေ (၄)နာရီမှ စတင်ပြီး နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပမှာ ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး LED Board ပေါ်မှာ လက်မှတ်ရေးထိုး ဖွင့်လှစ်ပေးမှာ ဖြစ်ပါသည်။ အခမ်းအနား ကျင်းပပုံကို မတ်လ (၁)ရက်နေ့ ညနေ (၆)နာရီမှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း NRC၊ တောင်သူလယ်သမား ရုပ်သံလိုင်း Farmer Channel တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးမှာ ဖြစ်ပါကြောင်း  မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။ 

အမျိုးသမီးများ ဦးဆောင်ရေး အခွင့်အလမ်းများ ဖန်တီးပေး စီမံကိန်း စာနယ်ဇင်း ရှင်းလင်းပွဲ

အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရန်နှင့် အမျိုးသမီး အခွင့်အရေး၊ အုပ်ချုပ်ရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍတို့ကို ဂီတဖန်တီးမှုများမှ တစ်ဆင့် အသိပေး လှုံ့ဆော်မည့် စိတ်ဝင်စားဖွယ်ကောင်းသော စီမံကိန်းတစ်ခုကို လုပ်ဆောင်မှာ ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှ ဝေရောစနကျောက်စိမ်း တည်ဆောက်ရေး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးအရပ်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်တည်ထားတော် မူလျက်ရှိသည့် ဝေရောစန ကျောက်စိမ်း စေတီတော်ကြီးသည် ယခုဆိုရင် တည်ဆောက်မှုပိုင်းမှာ ၈၀ % နှင့် ကျောက်စိမ်း ကပ်လှူမှုအပိုင်းမှာ ၉၀ % ခန့် ပြီးစီးနေပြီဟု သိရပါသည်။ ၄င်းစေတီတော်ကြီးအား မြေသား အုတ်များ မသုံးပဲ ကျောက်စိမ်းတုံးများနှင့်သာ တည်ထားမှာ ဖြစ်ပါသည်။ 

တရုတ်ထိပ်တန်း ဥပဒေပြု ခေါင်းဆောင်ပိုင်း ပြုပြင်မှု ဒုတိယအစည်းအဝေး

တရုတ်ထိပ်တန်း ဥပဒေပြုခေါင်းဆောင်ပိုင်း ပြုပြင်မှု ဒုတိယအစည်းအဝေးကို ဘေဂျင်းမြို့မှာ သောကြာနေ့က ပြုလုပ်ခဲ့ပါသည်။ တရုတ်သမ္မတ ရှီကျင်းဖျင် အစည်းအဝေးကို တက်ရောက်ပြီး ပြုပြင်ပြောင်းလဲမှု (၇) နှစ်အလို လုပ်ငန်းပြီးမြောက်မှုများကို ရှေ့ဆက်ဖို့ တွန်းအားပေးခဲ့ပါသည်။ (၂၀၁၄) ခုနှစ်မှာ လုပ်ကိုင်ရမဲ့ လုပ်ငန်း အနာဂတ်လမ်းပြမြေပုံကို လဲချမှတ်နိုင်ခဲ့ပါသည်။ လုပ်ငန်းကိစ္စရပ်များမှာ နိုင်ငံတိုးတက်ရေးအတွက် အုပ်စု၊ အဖွဲ့၊ ရုံးများ ဆက်စပ်ဆောင်ရွက်ဖို့၊ ဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့ အညီ လုပ်ဆောင်ဖို့လဲ ပြောကြားခဲ့ကာ ကွန်မြူနစ်ပါတီ အုပ်စုအဖွဲ့ ဒုတိယခေါင်းဆောင်များလဲ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ 

တရုတ်ရဲ့တပ်ဖွဲ့ဟာ အွန်လိုင်းကလေး လူကုန်ကူးမှု အဓိက ၀က်ဆိုဒ် (၄) ခုကို ဖျက်ဆီး

တရုတ်ရဲ့တပ်ဖွဲ့ဟာ အွန်လိုင်းကလေး လူကုန်ကူးမှု အဓိက ၀က်ဆိုဒ် (၄) ခုကို ဖျက်ဆီးခဲ့ပြီး ယခုလ အစောပိုင်းမှာ ကလေးငယ် (၃၈၂) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနက ကြေငြာခဲ့ပါသည်။ ၀န်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ သံသယရှိသူ စုစုပေါင်း (၁၀၉၄) ဦးကို ပြီးခဲ့တဲ့ (၁၉-၂-၁၄) ရက်နေ့က ဖမ်းဆီးခဲ့ပါသည်။ 

တရုတ်နိုင်ငံ ဟီဘေးပြည်နယ်ဟာ လက်ရှိမှာ မီးခိုးမြူများ ပျံ့နှံ့မှုများပြား

တရုတ်နိုင်ငံ ဟီဘေးပြည်နယ်ဟာ လက်ရှိမှာ မီးခိုးမြူများ ပျံ့နှံ့မှုများပြားလာနေပြီး၊ ဘေဂျင်းမြို့တစ်ဝန်းမှာလဲ မနှစ်က ဘိလပ်မြေ၊ ကြွေနဲ့ ဖန်ထည်တွေ ထုတ်လုပ်မှုဟာ အမေရိကန် တစ်နိုင်ငံလုံးထက်ကျော်လွန် ခဲ့တာ တွေ့ရပါသည်။ ဒါ့ကြောင့် ယခုဟီဘေးပြည်နယ်ဟာ လေထုညစ်ညမ်းမှု (၁၀) နိုင်ငံထဲမှာ နံပါတ် (၇) ဖြစ်နေရပြီး ဘေဂျင်းနဲ့ ထရန်ဂျင်းကိုပါ လေထုညစ်ညမ်းမှုတွေ ပျံ့နှံ့ခဲ့ပါသည်။ 

အမေရိကန် သမ္မတနဲ့ ဒုတိယ သမ္မတတို့ အိမ်ဖြူတော်အနီးမှာ ၀တ်စုံပြည့်နဲ့ ပြေးလွှားနေ

အမေရိကန် သမ္မတ ဘားရက်အိုဘားမားနဲ့ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်တို့ဟာ လေ့ကျင့်ခန်း ပြုလုပ်တဲ့အနေနဲ့ အိမ်ဖြူတော်ထဲမှာ ပတ်ပြေးခဲ့ကြပြီး မီချယ်အိုဘားမား ဦးဆောင်ပြုလုပ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ပထမဆုံး ပဏာမခြေလှမ်းအဖြစ် Let’s Move ဆိုတဲ့ ကျန်းမာရေး လှုံ့ဆော်တဲ့ပွဲကိုလည်း ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ အိုဘားမားနဲ့ ဘိုင်ဒန်တို့ဟာ အိမ်ဖြူတော်အနီးမှာ ၄င်းတို့ရဲ့ ၀တ်စုံပြည့်နဲ့ ပြေးလွှားနေတဲ့ပုံကို ဗီဒီယိုတစ်ခုမှာ ပြသထားပါသည်။ 

ပြင်သစ် အနုပညာရှင်ဟာ စက္ကူဖြင့် ပြုလုပ်ထားသည့် ပန်ဒါ (၁၆၀၀) အား တရုတ်နိုင်ငံတွင် ပြသ

ပြင်သစ် အနုပညာရှင် Paulo Grangeon က ပေါ့ပါးတဲ့ စက္ကူဖြင့် ပြုလုပ်ထားသည့် ပန်ဒါ (၁၆၀၀) အား တရုတ်နိုင်ငံ တိုင်ပေရှိမြို့တော်ခန်းမမှာ (၂၈-၂-၁၄) ရက်နေ့က ပြသခဲ့ရာ ဒေသခံ ပြည်သူများက လာရောက်ကြည့်ရှုကြကြောင်း သိရပါသည်။ အဆိုပါ ပန်ဒါအား ပြုလုပ်ခြင်းအား တောရိုင်း တိရစ္ဆာန်များထိန်းသိမ်း ကာကွယ်ရေးအတွက် ပိုမို စိတ်ဝင်စားစေရန် ပြသခြင်းဖြစ်ပါသည်။ 

လေထဲမှာကြိုးနဲ့ ချိတ်ဆွဲထားပြီး ဗီဒီယိုရိုက်ကူးနိုင်တဲ့ ကင်မရာကနေ ကျွဲအုပ်၊ နွားအုပ်များကို ရိုက်ကူးခဲ့ပြီး မှတ်တမ်းဝင်

လေထဲမှာကြိုးနဲ့ ချိတ်ဆွဲထားပြီး ဗီဒီယိုရိုက်ကူးနိုင်တဲ့ ကင်မရာကနေ နော်ဝေမြောက်ပိုင်းမှာရှိတဲ့ ဒရယ်အုပ်၊ ကျွဲအုပ်၊ နွားအုပ်များကို ရိုက်ကူးခဲ့ပြီး မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါသည်။ အဝေးထိန်း ကိရိယာကို အသုံးပြုပြီး ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာ ကျွဲအုပ်၊ နွားအုပ်များနဲ့ ဒရယ်အုပ်များထဲမှ အရွယ်ရောက်ကြီးထွားနေတဲ့ ဒရယ်ထီးများကို ဒရယ်မွေးမြူသူများက ခွဲခြားနေတဲ့ပုံကို ပြသထားပါသည်။ အထီးများကို အသားခုတ် ရောင်းချရန်အတွက် သတ်ဖြတ်ရန် ရွေးချယ်ခဲ့ကြပြီး အမများကိုတော့ ခြံဝိုင်းထဲမှာ ပြန်လည်မောင်းသွင်းခဲ့တာ ဖြစ်ပါသည်။ 

လေလံသမိုင်းမှာ ဈေးနှုန်းအမြင့်ဆုံး ရတနာအဖြစ် ထင်ရှားခဲ့သော ပန်းရောင်စိန် “The Pink Dream”

ပြီးခဲ့တဲ့ နှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့မှာ ပန်းရောင်အဆင်းရှိတဲ့ စိန်ဟာ ကျောက်မျက် ရတနာလောကမှာ ဆွဲဆောင်မှု တစ်ရပ်ဖြစ်ပြီး စိန်ဈေးကွက်မှာ ကမ္ဘာဈေးနှုန်းအမြင့်ဆုံး စိန်အဖြစ် စံချိန်တင်ခဲ့ပါသည်။ အဆိုပါ ပန်းရောင်စိန်ကို The Pink Dream လို့ အမည်ပေးထားပြီး (၅၉.၆၀) ကာရက်ရှိကာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ (၁၉၉.၅) သန်းဖြင့် လေလံတင်တဲ့အတွက် လေလံသမိုင်းမှာ ဈေးနှုန်းအမြင့်ဆုံး ရတနာအဖြစ် ထင်ရှားခဲ့ပါသည်။ 

ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် သမ္မတ ဥသျှောင်အဖွဲ့ အကြီးအကဲထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ

(၂၀၁၄) ခုနှစ် မတ်လ (၁) ရက်နေ့မှာ ကျရောက်တဲ့ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံမှ ဘော့စ်နီးယားနှင့်  ဟာဇီဂိုဗီးယားနိုင်ငံ သမ္မတ ဥသျှောင်အဖွဲ့ အကြီးအကဲ မစ္စတာ ဇယ်လ်ကို ကွမ်ဆစ်ထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ပါသည်။

(၂၀၁၄) ခုနှစ် မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ မိတ်ဆက်ခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် Oxford Business Group တို့ ပူးပေါင်းကျင်းပသည့် (၂၀၁၄) ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကို (၂၈-၂-၁၄) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန MICC တွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ 

ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ၀န်ကြီးအဖွဲ့ ဒုအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်းကြီးထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ

(၂၀၁၄) ခုနှစ် မတ်လ (၁) ရက်နေ့မှာ ကျရောက်တဲ့ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံမှ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံ ၀န်ကြီးအဖွဲ့ ဒုတိယအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဇလတ်ကို လဂမ်(ဒ်)ဇီဂျ ထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ပါသည်။

Radio To Live တေးအယ်လဘမ် စတင်ဖြန့်ချီခြင်းသတင်း

ပြည်သူများကို အကျိုးပြုနေတဲ့ အသံလွှင့် လုပ်ငန်းများစွာထဲမှ တစ်ခုအပါအ၀င်ဖြစ်တဲ့ ပတ္တမြား FM Radio Channel ကနေပြီး ရေဒီယို ခေတ်ဦးက ထင်ရှားကျော်ကြားခဲ့သော သီချင်းဟောင်းများနဲ့ စတီရီယို သီချင်းကောင်းများကို အသွင်သစ်နဲ့ နားသောတဆင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ခေတ် အဆိုတော်များနှင့် ပြန်လည်ဆန်းသစ် သီဆိုတီးခတ်ထားတဲ့ Radio To Live တေးအယ်လ်ဘမ် စတင်ဖြန့်ချီတဲ့ အခမ်းအနားကို (၂၈-၂-၁၄) ရက်နေ့ မွန်းလွဲ (၃: ၀၀) နာရီမှ ညနေ (၅:၀၀) နာရီထိ Junction Square မှာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်း



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီအစဉ်များမှတစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM ၊ ပဉ္စ၀တီ FM ၊ ရွှေ FM ၊ ချယ်ရီ FM ၊ ပတ္တမြား FM ၊ FM ပုဂံနှင့် သဇင် အသံလွှင့်ဌာနတို့မှ ၂၀၁၄ ခုနှစ်၊ မတ်လ (၁)ရက် နံနက်(၇)နာရီ ပြောကြားသည့်မိန်းခွန်းအား တင်ပြအပ်ပါသည်။ (၂၀၁၄ ခုနှစ်၊ မတ်လ (၁)ရက်၊ (၂)ရက်နှင့် (၃)ရက်နေ့တို့၌ နံနက်(၇)နာရီ၊ နေ့လယ်(၁၁)နာရီ၊ ညနေ(၆)နာရီနှင့် ည(၈)နာရီ တို့တွင် အထက်ဖော်ပြပါ ရေဒီယိုအစီအစဉ် များမှ တစ်ရက်လျှင် (၄)ကြိမ်စီ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံဆိုငရာ အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် Oxford Business Group တို့ ပူးပေါင်းကျင်းပသည့် ၂၀၁၄ ခုနစ် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားကို (၂၈-၂-၂၀၁၄)ရက်နေ့ နံနက် (၉း၁၅)နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်အပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကား ပြောကြားပါသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့၏ ဗြိတိန်နိုင်ငံရုံးခွဲ ဂုဏ်ထူးဆောင်သံအမတ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ ဗြိတိန်နိုင်ငံ ရုံးခွဲမှ ဂုဏ်ထူးဆောင်သံအမတ် မစ္စ ဂေလ်ဒါနာဗီဒီဂေါလ်ကာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၂၈-၂-၂၀၁၄)ရက်နေ့ ညနေ(၄း၃၀) နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။



ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဘက်ဆက်ဆံရေး အလားအလာများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်



နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပသည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဘက် ဆက်ဆံရေး အလားအလာများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။


နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ



နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၂၈-၂-၂၀၁၄) ရက်နေ့ မွန်းလွဲ(၁)နာရီတွင် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။