Monday, June 30, 2014

ပအို့ဝ်ရွာတွေက ပအို့ဝ်အမျိုးသမီးတွေရဲ့လူနေမှုဘ၀အကြောင်း




ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို့ဝ်ရွာတွေက ပအို့ဝ်အမျိုးသမီးတွေရဲ့လူနေမှုဘ၀အကြောင်းဖြစ်ပါသည်။

တိုင်းနှင့်ပြည်နယ်အဆင့် အုပ်ချုပ်ရေးပိုင်းတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို လေ့လာ သုံးသပ်ထားတဲ့ စာတမ်းတစ်စောင် ထုတ်ပြန်



                                                                                                    
မည်သူမဆို အခမဲ့ရယူနိုင်ပြီး ရည်ညွှန်းကိုးကားနိုင်တဲ့ တိုင်းနဲ့ပြည်နယ်အဆင့်အုပ်ချုပ်မှုပိုင်းမှာ အမျိုးသမီးများ ပါဝင်မှုစစ်တမ်းကို အခုလ ၁၇ ရက်က ထုတ်ပြန်လိုက်တယ်လို့သိရပါသည်။

မြန်မာအမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ငန်းအတွက် အများဆုံးလူကုန်ကူးခံနေရ



မြန်မာအမျိုးသမီးတွေဟာ တရုတ်မယားအဖြစ် ရောင်းစားခံရမှုတွေ၊ ပြည့်တန်ဆာအလုပ်အတွက် ရောင်းစားခံရမှုတွေမှာ ပိုမိုများပြားလာတယ်လို့ သိရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကနေဒါနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့



၂၀၁၄-ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကျရောက်သော ကနေဒါနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ် ဂျွန်စတန် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။ အလားတူ ကနေဒါနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထံမှ ကနေဒါနိုင်ငံ ဝန်ကြီးချုပ်  မစ္စတာ စတီဗင် ဂျိုးဇက် ဟာပါ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကနေဒါနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ သဝဏ်လွှာ ပေးပို့



၂၀၁၄-ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကျရောက်သော ကနေဒါနိုင်ငံ၏ နှစ်ပတ်လည် အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံမှ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန် ဘားဒ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

WTO / TBT Enquiry Point တာဝန်များဆိုင်ရာ နည်းပညာ အစည်းအဝေး



WTO / TBT Enquiry Point ၏ အဓိက လုပ်ငန်းစဉ်နှင့် ပူးပေါင်း ဆောင်ရွက်မည့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ဆက်သွယ်ရေး တာဝန်ခံများ၏  တာဝန်များဆိုင်ရာ နည်းပညာ အစည်းအဝေးကို ဇွန်လ (၃၀)ရက်နေ့တွင် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။