Sunday, August 31, 2014

လှိုင်းဘွဲ့မြို့နယ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ



ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ် ဒိုင်းပြကျေးရွာအုပ်စု၊ ထီလုံကြိုးဝိုင်း အကွက်အမှတ်(၁၆)တွင် မြေကွက်လပ်စိုက်ပျိုးနည်းစနစ်ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေး အထောက်အကူပြု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ပါသည်။


မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး



ရခိုင်ပြည်နယ် ၂၀၁၄ခုနှစ်၊ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၃၀) ရက် နံနက်(၉)နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာတိုင်းရင်းသားတို့၏ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အနေဖြင့် တစ်ဖက်မှတည်ငြိမ်မှု၊ ဒေသဖွံ့ဖြိုးမှုကိုဆောင်ရွက်ရင်း ပျော်ရွှင်မှုရရှိစေရေးကို ဟန်ချက်ညီညီကျင်းပပြုလုပ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ရခိုင်လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ထုတ်ခွင့်ရရှိသည့်အတွက် ရခိုင်ပြည်နယ်အနေဖြင့် အခုကျင်းပမည့် (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲအား အဆင့်အတန်းရှိရှိ၊ သိက္ခာရှိရှိ၊ အနှစ်သာရရှိရှိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ကဏ္ဍအလိုက်ရှင်းလင်း တင်ပြကြသည်။ ထို့နောက်ခရိုင်၊ မြို့နယ်ကိုယ်စားပြု အတတ်ပညာရှင်များနှင့် အစည်းအဝေးတတ်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ ပြည်နယ်တရားရေးဦးစီးမှူးများ၏ သတမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုးရာသီကုက္ကိုပင် ၁၅၀၀ စိုက်ပျိုးပွဲ



ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဘေးဝဲယာတွင် မိုးရာသီကုက္ကိုပင် ၁၅၀၀ စိုက်ပျိုးပွဲကို ဩဂုတ်လ(၃၁)ရက်နေ့ မနက်ကကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။


အောင်ဘာလေထီဖွင့်ပွဲ




စက်တင်ဘာလ (၁) ရက်နေ့ တွင် (၃၀၈) ကြိမ် ကျပ် ၂၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို အောင်ဘာလေသိန်းဆုဌာနခွဲ တည်ရှိရာအမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်ရှိထီဖွင့်ပွဲခန်းမဆောင်၌ နံနက် (၈)နာရီမှ စတင်၍ ညနေ (၄)နာရီအထိ တစ်ရက်တည်းဖြင့် အပြီးဖွင့်လှစ်မှာဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာ့ဒေသထွက် အစားအစာများနှင့် ကိုရီးယားနိုင်ငံ ဒေသထွက်အစားအစာများပြပွဲ




ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာပေနှင့်အနုပညာအသင်း အိမ်တွင်းမှုဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော မြန်မာ့ဒေသထွက်အစားအစာများနှင့် ကိုရီးယားနိုင်ငံဒေသထွက် အစားအစာများပြပွဲကို ဩဂုတ်လ(၃၀)ရက်မနက်တွင် ရေဆင်းတက္ကသိုလ် အားကစားခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ပြည်ပပို့ကုန်အဖြစ် တင်ပို့သည့် ကြံ၊ သကြားဈေးကွက်




နိုင်ငံတော်အနေနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ကြံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန် ကြံမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်းနှင့် ကြံအထွက်တိုး စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကြံသီးနှံမှ သကြားထုတ်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသည့်နိုင်ငံများသို့ ပြည်ပပို့ကုန်အဖြစ်တင်သွင်းကြကြောင်း သိရှိရပါသည်။