Saturday, February 28, 2015

ရန်ကုန်မြို့တွင်လာရောက် ရုန်းကန်လှုပ်ရှားနေရသည့် ဂီတာဝါသနာရှင် လူငယ်တစ်ဦး၏အကြောင်း

ဂီတလောကထဲ ဝင်ရောက်နိုင်ရန်အတွက် နယ်မြို့လေးမှ ရန်ကုန်မြို့တွင်လာရောက် ရုန်းကန်လှုပ်ရှား နေရသည့် လူငယ်တစ်ဦး၏အကြောင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

It Follows ရုပ်ရှင်

It Follows ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် မတ်လ (၂၇) ရက်နေ့တွင် စတင် ရုံတင်ပြသမှာ ဖြစ်ကြောင်း သိရပါသည်။ အသက်(၁၉)နှစ်အရွယ် ဂျေးဆိုသည့်မိန်းကလေးက သူ့ချစ်သူ နှင့်အတူနေထိုင်ခဲ့ပါသည်။ ထိုနောက် သူ့ချစ်သူကထွက်ပြေးသွားခဲ့ပြီး ဂျေးကိုသတိပေး စကားတစ်ခု ပြောကြား ခဲ့ပါသည်။ အဲဒါက ဂျေးနောက်ကိုတစ်စုံတစ်ရာ သို့မဟုတ် တစ်စုံတစ်ယောက်က လိုက်လံ နှောင့်ယှက်မှာ ဖြစ်သည်ဟု ပြောသွားပါသည်။ ထိုနောက် ဂျေးကိုမမြင်မတွေ့ရသည့် အရာက လိုက်လံနှောင့်ယှက်မှုမှ လွတ်မြောက်အောင်ကြိုးစားပုံကို တင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်လမ်းကို ဒါရိုက်တာ ဒေးဗစ်ရောဘက် မစ်ရှယ် ကရိုက်ကူးတင်ဆက်ထားပြီ သရုပ်ဆောင်များဖြစ်ကြသည့် မစ်ကီယာ မွန်ရိုး၊ ကီယာ ကလစ်ဂရစ် တို့အပြင် တစ်ခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါသည်။ ထိုဇာတ်ကား ပြသချိန်က မိနစ် ၁၀၀ရှိမှာ ဖြစ်ပါသည်။ 

ဘာဘရီ၏ ဖက်ရှင်ပြပွဲကို ဗြိတိန်နိုင်ငံတွင် ကျင်းပ

နာမည်ကျော်ဖက်ရှင်တံဆိပ်တစ်ခုဖြစ်သည့် ဘာဘရီ၏ ဖက်ရှင်ပြပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံတွင် ကျင်းပခဲ့ ကြောင်း သိရပါသည်။ 

ကယ်လီဖိုးနီးယားပြည်နယ်တွင် ရေခဲပြင်စကိတ်ဘုတ်ပြိုင်ပွဲကို ကျင်းပ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ရေခဲပြင်စကိတ်ဘုတ်ပြိုင်ပွဲကို ကျင်းပသွားခဲ့ ကြောင်း သိရပါသည်။ 

(၈၇) ကြိမ်မြောက် အော်စကာဆုပေးပွဲကို ဟောလိဝုဒ်ရှိ Dolby Theatre တွင်ကျင်းပ

(၈၇) ကြိမ်မြောက် အော်စကာဆုပေးပွဲကို ဟောလိဝုဒ်ရှိ Dolby Theatre တွင် ကျင်းပပေးအပ်ခဲ့ကြောင်း သိရပါသည်။

မန္တလေးမြို့မှ မြို့ခံများ သီးသန့် စုစည်းပြီး ဆိုင်ကယ်ပြပွဲ ကျင်းပ

မန္တလေးမြို့က မြို့ခံများသီးသန့် စုစည်းပြီး ဆိုင်ကယ်ပြပွဲတစ်ရပ် ကျင်းပသွားခဲ့ကြောင်း သိရှိရပါသည်။

စိုးလွင်လွင် အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့တွင် ကျင်းပရန်ရှိ

ကွယ်လွန်သွားပြီဖြစ်သည့် ဝါရင့်အဆိုတော် စိုးလွင်လွင် အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် ဂီတဖျော်ဖြေပွဲ တစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပသွားရန်ရှိနေကြောင်း သိရပါသည်။ 

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးမှု စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပ

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးမှုအနေဖြင့် စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပသွားခဲ့ကြောင်း သိရှိရပါသည်။

အလှဆုံးပွဲကဏ္ဍ


အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး က ဒီနှစ်ဘောလုံးရာသီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခက်ခဲဆုံး ရာသီ ဖြစ်လာနိုင်

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါး က ဒီနှစ်ဘောလုံးရာသီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခက်ခဲဆုံး ရာသီ ဖြစ်လာနိုင်သည်ဟု ပြောခဲ့ပါသည်။ လက်ရှိပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်လေးနေရာ အတွက် ချယ်ဆီး၊ မန်စီးတီးအသင်းများနှင့်အတူ အာဆင်နယ်၊ မန်ယူ၊ဆောက်သမ်တန်၊ လီဗာပူးအသင်းတို့ အပြိုင်ဖြစ်နေကြောင်း သိရပါသည်။ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ပရီးမီးယားလိဂ် က မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူး၊ အာဆင်နယ် အသင်းတို့ ဝင်ပြိုင်ခွင့် ရထားကြောင်း သိရပါသည်။

ရော်နယ်ဒို က ရီးယဲလ်အသင်း သမိုင်းတစ်လျှောက်တွင် တတိယမြောက်သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်

ရီးယဲလ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုသည် အယ်ချီအသင်းကို အနိုင်ရသည့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် သွင်းဂိုး ၂၉၀ အထိရှိလာပြီဖြစ်ပါသည်။ ရော်နယ်ဒို က ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈၁ ပွဲကစားထားပြီး သွင်းဂိုး ၂၉၀ သွင်းယူထားသည်။ ရော်နယ်ဒို က ရီးယဲလ်အသင်း သမိုင်းတစ်လျှောက်တွင် တတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါသည်။ 

Sport Cinema


ဆီးဂိမ်းအကြို စင်ကာပူတွင် သွားလေ့ကျင့်မည့် မြန်မာလှေလှော်အဖွဲ့

ရိုးရာ လှေလှော်အားကစားအဖွဲ့သည် နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေတံဆိပ်အများဆုံး ရယူပေးနိုင်သည့် အားကစားအဖွဲ့ဖြစ်ပါသည်။ လာမည့်ဆီးဂိမ်းတွင် အောင်မြင်မှုများ ရယူနိုင်ရန်ပြင်ဆင်နေသည့် ရိုးရာလှေလှော်အဖွဲ့သည် စင်ကာပူနိုင်ငံတွင် သွားလေ့ကျင့်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။


တိုက်စစ်ပိုင်းတိုးတက်မှုများရှိလာသည့် မြန်မာယူ-၂၀အသင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် မြန်မာယူ-၂၀အသင်းက အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် သွင်းဂိုး ခြောက်ဂိုးသာ သွင်းယူနိုင်ခဲ့ပေမည့် လက်ရှိအချိန်တွင် တိုးတက်မှုများရှိနေပါသည်။ တူရကီခြေစမ်းခရီး၊ ဖီဂျီအသင်းနှင့် ခြေစမ်းပွဲ ၁၈ ပွဲကစားထားသည့် မြန်မာအသင်းက သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူထားကြောင်း သိရပါသည်။ မြန်မာအသင်း တိုက်စစ်တိုးတက်လာမှုအပေါ် နည်းပြတွေက ဘယ်လိုသုံးသပ်မလဲဆိုခြင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

အာရှခြေစစ်ပွဲအတွက် မတ်လတွင် စတင်လေ့ကျင့်မည့် မြန်မာယူ-၂၂အသင်း

၂၀၁၅ ခုနှစ်ထဲတွင် အာရှယူ-၂၃ချန်ပီယံရှစ် ခြေစစ်ပွဲဝင်မည့် မြန်မာယူ-၂၂ အသင်းကို မတ်လထဲတွင် စတင် စခန်းသွင်း လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရပါသည်။ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများက လူငယ်ကစားသမားများနှင့် ဖွဲ့စည်းထားသည့် မြန်မာယူ-၂၂အသင်းက ပွဲစဉ်တွေရှိနေခြင်းကြောင့် စုစည်းလေ့ကျင့်ချိန် အနည်းငယ်သာရှိပါသည်။ 

Friday, February 27, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် လောက်ကိုင်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊စစ်သည်များ၊ ၀န်ထမ်းများနှင့်အရပ်သားများအား ရင်းနှီးနွေးထွေးစွာ ဂုဏ်ပြုအားပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ မနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ထိုင်းနိုင်ငံ Samut Sakom ခရိုင်ရှိ ခရိုင်ကျန်းမာရေးမြှင့်တင်မှုဆေးရုံ၌ မြန်မာပြောင်းရွှေ့အလုပ်သမားများနှင့် တွေ့ဆုံအားပေး

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်း ဒေသစံတော်ချိန် ၉နာရီ မိနစ် ၂၀တွင် Samut Sakom ခရိုင်ရှိ ခရိုင်ကျန်းမာရေးမြှင့်တင်မှုဆေးရုံသို့ ရောက်ရှိကြရာ Samut Sakom ခရိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး Acting Pol. Lt. Arthit Boonyasophat နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမ၌ Registered Nurse, Profession al Level Ms. NAHATHAI CHULKARAT က ခရိုင်ကျန်းမာရေးမြှင့်တင် မှုဆေးရုံ ဆိုင်ရာအချက်အလက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ကျန်းမာရေးစီမံ ခန့်ခွဲမှု၊ အများပြည်သူနှင့် သက်ဆိုင်သည့်ကျန်း မာရေးစောင့်ရှောက် မှုဆိုင်ရာ များကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် အဆိုပါဆေးရုံ၌ ဆေးဝါးကုသမှုခံယူလျက် ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထောက်ပံ့ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် Queen Sirikit Health Center (ခရိုင်ခွဲဆေးရုံ)သို့ရောက်ရှိရာ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ခရိုင်ခွဲဆေးရုံ ဆိုင်ရာအချက်အလက်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား ဆေးဝါးကုသ ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ခရိုင်ခွဲဆေးရုံအတွင်း ရောဂါအမျိုး အစားအလိုက် ဆေးဝါးကုသပေး နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထို့နောက် အစည်းအဝေးခန်း၌ ခရိုင်ခွဲဆေးရုံမှ တာဝန်ရှိသူများက ဒေသခံ ပြည်သူများနှင့် ရွှေ့ပြောင်းအလုပ် သမားများအား ဆေးဝါးကုသပေးနေမှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုဆိုင်ရာများ ဆောင်ရွက်ပေးနေမှုနှင့် Health Volunteers များ အခြေအနေကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ဆက်လက်ကျင်းပ

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ (၂၇)ရက် မနက် (၁၀)နာရီခွဲက ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ပြည်ပခရီးစဉ်(၄)ခုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါသည်။ ဆက်လက်ပြီး ယမန်နေ့က ဆွေးနွေးခဲ့သည့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး မင်းလှမဲဆန္ဒနယ်မှ ဦးမောင်တိုး၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအောင်သန်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦသိန်းရီ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဇော်မြင့်ဖေ၊ ငပုတော မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းမြင့်၊ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏစိုး၊ စဥ့်ကိုင် မဲဆန္ဒနယ်မှ ဦးကြည်ပြုံး၊ ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ကလေး မဲဆန္ဒနယ်မှ ဦးတင်လှိုင်နဲ့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာတို့က ပါဝင်ဆွေးနွေး ခဲ့ကြပါသည်။ ယနေ့ အစည်းအဝေးကို မွန်းလွဲ (၁၂)နာရီ (၅၅)မိနစ်မှာ ရပ်နားခဲ့ပြီး အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို မတ်လ (၅)ရက် မွန်းလွဲ (၁)နာရီမှာ ဆက်လက် ကျင်းပမှာ ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက အခုလို မှတ်ချက်ပြု ပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဩစတြေးလျနိုင်ငံ သံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩစတြေးလျနိုင်ငံ သံအမတ်ကြီး Mr.Nicholas Coppel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ (၂၇)ရက် ညနေ (၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပါသည်။ ထိုတွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့်အတူ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lyying SAYAXANG ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ (၂၇)ရက် ညနေ (၄)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယကနှင့် အတူ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး Mr.Nicholas Coppel အား အား လက်ခံတွေ့ဆုံပါသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ Gas Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓါတ်အား စနစ်သို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ခြင်း အထိမ်းအမှတ် အခမ်းအနား

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အား လုပ်ငန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ Gas Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓါတ်အား စနစ်သို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ခြင်း အထိမ်းအမှတ် အခမ်းအနားအား ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပပါသည်။

လောက်ကိုင်မြို့တွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


၂၀၁၅ ခုနှစ် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို MRTV-NEWS CHANNEL/ ENTERTAINMENT CHANNEL နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်


ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပ

ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆)ရက် နံနက် (၉)နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ Hotel Loikaw ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ အမှာစကား ပြောကြားရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုဟာ မဖြစ်မနေလိုအပ်ကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းသွားလျှင် ပြည်ထောင်စုကြီးကို ဘယ်လိုပုံဖော် ကြမလဲဆိုတာ စဉ်းစားတဲ့အခါ ယနေ့ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး အပါအဝင် တိုင်းရင်းသားတွေ အထူးစိတ်ဝင်စားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ရောက်လာပြီး ဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုတွေ့ဆုံပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းကျော်စိုးမှ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် Hanns Sidle Foundational ဌာနေကိုယ်စားလှယ် Achim Munz မှ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှေးအလားအလာများကို မြန်မာငြိမ်းချမ်းရေးစင်တာ ဦးကျော်စိုး (MPC)၊ စာရေးဆရာ ဦးအေးမောင်ကျော်၊ Nyein Foundation မှ ဆရာဦးပလူးရယ်တို့က ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုတာတွေကို ပြန်လည်မေးမြန်းပြီး ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ကြောင်း သိရှိရပါသည်။ ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်မှ(၂၇)ရက်ထိ နှစ်ရက်ကြာ ဆွေးနွေးသွားမှာ ဖြစ်ပါသည်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဂျာမနီနိုင်ငံမှ အထူးကုဆရာဝန်ကြီးများ၏ စတုတ္ထအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသမှု ကြည့်ရှု

ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ဖေဖော်ဝါရီလ (၂၅)ရက် နံနက်ပိုင်းက စစ်တွေမြို့ ပြည်သူ့ဆေးရုံးကြီးသို့ ရောက်ရှိခဲ့ပြီး အလိုတော်ပြည့် ဆရာတော်၏ ဩဝါဒအရ မြန်မာနိုင်ငံ စားဖိုမှူးများအသင်း၏ ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)တို့မှ ဦးဆောင်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ဂျာမနီနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများ၏ (စတုတ္ထ) အကြိမ်မြောက် အခမဲ့ ခွဲစိတ်ကုသမှုအား သွားရောက် ကြည့်ရှုခဲ့ပါသည်။

တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်တက္ကသိုလ်များ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား

အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်တက္ကသိုလ်များ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၇)ရက် နေ့လည် (၁၁)နာရီက ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ တက္ကသိုလ်များ လှေလှော်အသင်းတွင် ကျင်းပပါသည်။

မြန်မာ - ဂျပန် တတိယအကြိမ် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ

မြန်မာ - ဂျပန် တတိယအကြိမ် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆)ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်က အဖွင့်အမှာစကား ပြောကြား၍ ဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။

နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့ရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနား

နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် နေပြည်တော် အမျိုးသမီးရေးရာ အဖွဲ့ရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၇)ရက် မနက် (၉)နာရီတွင် ကျင်းပပါသည်။

မြန်မာပြည် ဗုဒ္ဓဘာသာ ပုညကုသလ အသင်းကြီးရဲ့ နှစ်(၁၀ဝ)ပြည့် ပွဲတော်နှင့် (၉၂)ကြိမ်မြောက် ပိဋကတ်တော် အလှူပွဲကြီး ကျင်းပ

မြန်မာပြည် ဗုဒ္ဓဘာသာ ပုညကုသလ အသင်းကြီးရဲ့ နှစ်(၁၀ဝ)ပြည့် ပွဲတော်နှင့် (၉၂)ကြိမ်မြောက် ပိဋကတ်တော် အလှူပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မင်းကွန်းတိပိဋက ကျောင်းတော်မှာ ဖေဖော်ဝါရီလ (၂၇)ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ပထမအကြိမ် မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပမည်

ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြုပြင်ပြောင်းလဲ လျက်ရှိပါသည်။ မြန်မာ့အသံ (ရေဒီယို)၏ ဒေသဆိုင်ရာ အမာခံ သတင်းထောက်များ တိုးပွားလာစေရန်၊ မြန်မာ့အသံမှ ထုတ်လွှင့်သည့် အစီအစဉ်များအပေါ် ဝေဖန်အကြံပြုချက်များ ရရှိစေရန်နှင့် သောတရှင်များနှင့် မြန်မာ့အသံ ဝန်ထမ်းများအကြား ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိစေရန် ရည်ရွယ်လျက် မြန်မာ့အသံ ချစ်သူများအဖွဲ့ကို ၂၀၁၃ ခုနှစ် မေလတွင် မြန်မာ့အသံ (ရေဒီယို)မှ သတင်းထုတ်ပြန်ပြီး ဖိတ်ခေါ်ဖွဲ့စည်းခဲ့ရာ ယခုအခါ အနယ်နယ်အရပ်ရပ်မှ မြန်မာ့အသံ ချစ်သူအဖွဲ့ဝင် (၂)ထောင်ကျော် ရှိနေပြီ ဖြစ်ပါသည်။

အမျိုးသားအားကစားပွဲတော် (၂၈-၂-၂၀၁၅) အစီအစဉ်


မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား အဆောက်အအုံငှားရမ်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား

မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အတွက်လည်းကောင်း၊ ဂျာမန်နိုင်ငံဘာသာစကားနှင့် ယဉ်ကျေးမှုများ မြန်မာပြည်သူများ ပိုမိုသိရှိနားလည်းနိုင်ရေးအတွက်လည်းကောင်း၊ ဂျာမန်နိုင်ငံ Goethe- Institute ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံငှားရမ်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ အေးချမ်းသာယာဟိုတယ်တွင် ဖေဖော်ဝါရီ(၂၆)ရက် နံနက်တွင် ကျင်းပပါသည်။

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ဌာနတွင်းသုတေသန စာတမ်းဖတ်ပွဲ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ ဌာနတွင်းသုတေသန စာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ(၂၆)ရက်မွန်းလွဲပိုင်းက လောကနတ်ခန်းမတွင် ကျင်းပခဲ့ပါသည်။

မော်လမြိုင်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာ ပေးသင်တန်းဖွင့်လှစ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာ ပေးသင်တန်းကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ နံနက်(၁၀)နာရီမှ (၃)နာရီ (၅)ရက်ကြာ မော်လမြိုင်ပြည်နယ်တပ်ဖွဲ့ ရာမညဇာနည်ခန်းမတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

Thursday, February 26, 2015

ရွှေတံဆိပ်ဆုများရရှိထားသည့် လူငယ်ဆိုင်းဆရာ ရွာစားလေး ထက်အာကာ

မြန်မာ့ရိုးရာဆိုင်းဝိုင်းကို ခုံမင်နှစ်သက်စွာ တီးခတ်နေသည့် ရွှေတံဆိပ်ဆု အများအပြားရရှိထားသည့် လူငယ်ဆိုင်းဆရာ ရွာစားလေး ထက်အာကာ၏ အကြောင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

တူရကီနိုင်ငံတွင် ပညာရေး လွတ်လပ်စွာသင်ကြားခွင့်ရရန် ကျောင်းသားများ ဆန္ဒပြ

တူရကီနိုင်ငံတွင် ပညာရေးကို လွတ်လပ်စွာသင်ကြားခွင့်ရရန် ကျောင်းသားများ စုပေါင်းပြီး ဆန္ဒပြကြကြောင်း သိရပါသည်။ 

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကလေးတစ်ဦး ရာသီဥတု အအေးလွန်ပြီး သေဆုံး

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် မိဘများ အိပ်ပျော်နေစဉ် အိမ်ပြင်ထွက်သွားသည့် ကလေးတစ်ဦး အအေးလွန်သည့် ရာသီဥတုကြောင့် သေဆုံးသွားကြောင်း သိရပါသည်။

ရန်ကုန်တက္ကသိုလ်၏ အနုပညာအသင်း သင်တန်းဆင်းပွဲ ကျင်းပ

တက္ကသိုလ်မှ အနုပညာသမားကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်သည့် ရန်ကုန်တက္ကသိုလ်၏ အနုပညာအသင်း သင်တန်းဆင်းပွဲတစ်ရပ် ကျင်းပသွားကြောင်း သိရပါသည်။ 

ဖောင်ကြီးမြို့နယ်တွင် တွဲဘက်မူလတန်းကျောင်းများကို ရေကြောင်းသိပ္ပံကျောင်းသားဟောင်းများအဖွဲ့မှ ဆောက်လုပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ဖောင်ကြီးမြို့နယ်အတွင်းက ကျေးရွာ(၂)ရွာတွင် တွဲဘက်မူလတန်းကျောင်းများကို ရေကြောင်းသိပ္ပံ ကျောင်းသားဟောင်းများအဖွဲ့က ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။


အမျိုးသမီး (၇၀၀၀)ကျော် ဒုတိယအကြိမ် Ferrovit ၏ လမ်းလျှောက်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်မြို့တွင် ဒုတိယအကြိမ် ကျင်းပသည့် Ferrovit ၏ လမ်းလျှောက်ပွဲကို အမျိုးသမီး (၇၀၀၀)ကျော် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရပါသည်။ 

ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာ(၂)ရွာတွင် အာဆီယံ(၁၀)နိုင်ငံမှ လူငယ်များ လုပ်အားပေး ဆောင်ရွက်

အာဆီယံ(၁၀)နိုင်ငံက လူငယ်(၂၆)ယောက်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကျေးရွာ(၂)ရွာတွင် ကျွမ်းကျင်စေတနာ့ဝန်ထမ်းလုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။ 

ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်း

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ရိုက်ကူးနေပြီး မင်းသား ပြေတီဦး၊ မြင့်မြတ်၊ မင်းသမီး လိုင်လာခမ်း၊ ပတ်ထရစ်ရှာတို့နှင့် သရုပ်ဆောင်နေကြသည့် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။ 

Maps to the stars ဇာတ်ကား

Maps to the stars ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က စတင် ရုံတင်ပြသနေပြီဖြစ်ကြောင်း သိရပါသည်။ အမေရိကန်ပြည်ထောင်စုမှ ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ဝင်ဆံ့လိုသည့် သူများနှင့် ရုပ်ရှင်လောကထဲတွင် အောင်မြင်မှုမရခဲ့သည့် သရုပ်ဆောင်များ အကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားကြပြီး အိမ်မက်နှင့် လက်တွေ့ထပ်တူမကျသည့်အခါ ဘဝကို ဘယ်လိုဆက်လက် ဖြတ်သန်းမလဲဆိုသည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ၎င်းဇာတ်လမ်းကို ဒါရိုက်တာ ဒေးဗစ်ခိုနမ်ဘက်က ရိုက်ကူးတင်ဆက်ထားပြီး သရုပ်ဆောင်များဖြစ်သည့် ဂျူလီယမ်မိုး၊ ဂျွန်ကူဇက်၊ ရောဘက် ပတ်တီဆန်တို့အပြင် အခြားသရုပ်ဆောင် ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါသည်။ ၎င်းဇာတ်ကားကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၁၃ သန်းအသုံးပြုထားကြောင်း သိရပါသည်။ 

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရှိ တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပ

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင်ရှိသည့် တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ကြောင်း သိရပါသည်။ 

တရုတ်နိုင်ငံတွင် နွေဦးရာသီပွဲတော်အတွက် အထူးအစီအစဉ်အဖြစ် ဖျော်ဖြေပွဲ ကျင်းပ

တရုတ်နိုင်ငံတွင် နွေဦးရာသီပွဲတော်အတွက် အထူးအစီအစဉ်အဖြစ် ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

နယူးယောက်ခ်မြို့တွင် ဗစ်တိုးရီးယားဘက်ခမ်း၏ ဖက်ရှင်ရှိုးပွဲ ကျင်းပပြုလုပ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဗစ်တိုးရီးယားဘက်ခမ်း၏ ဖက်ရှင်ရှိုးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ 

တေးသံရှင်သစ် ဂျိုးဇက်၏ "ရှိနေခွင့်" တေးစီးရီးထွက်ရှိ

တေးဂီတလောကအတွင်း လူသစ်များစွာ ဝင်ရောက်လာနေချိန်တွင် တေးသံရှင်သစ် ဂျိုးဇက်၏ ကိုယ်ပိုင်သံစဉ်တေးသီချင်းများသာ ပါဝင်သည့် "ရှိနေခွင့်"လို့အမည်ပေးထားသည့် တေးစီးရီးထွက်ရှိကြောင်း သိရပါသည်။ 

ပန်းချီဆရာ ဝင်းလွင်အောင်၏ ဒုတိယမြောက် တစ်ကိုယ်တော်ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ပန်းချီဆရာ ဝင်းလွင်အောင်၏ ဒုတိယမြောက် တစ်ကိုယ်တော်ပန်းချီပြပွဲတစ်ရပ်ကို  ရန်ကုန်မြို့တွင် ကျင်းပ သွားခဲ့ကြောင်း သိရပါသည်။ 

မော်ဒယ်မင်းလူလူ ထိုင်းနိုင်ငံတွင် ကျင်းပမည့် Mister Global 2015 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်ရှိ

ထိုင်းနိုင်ငံတွင် ကျင်းပမည့် Mister Global 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ်  မော်ဒယ်မင်းလူလူ က သွားရောက်ယှဉ်ပြိုင်ရန်ရှိနေကြောင်း သိရပါသည်။ 

မြန်မာနိုင်ငံမှ ဇာတ်ဆောင်(၂)ဦးပါဝင်မည့် ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရိုက်ကူးရန်ရှိ

မြန်မာနိုင်ငံမှ ဇာတ်ဆောင်(၂)ဦးသာ ပါဝင်မည့် ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် သွားရောက် ရိုက်ကူးရန်ရှိကြောင်း သိရှိရပါသည်။

ဗာဂျီးနီးယားတက္ကသိုလ်မှ မီးငြိမ်းသတ်ရာတွင် အထောက်အကူပြုစေသည့် စက်ရုပ်ကို တီတွင်



ဗာဂျီးနီးယားတက္ကသိုလ်၏ သုတေသနပညာရှင်များသည် မီးငြိမ်းသတ်ရာတွင် အထောက်အကူပြုစေသည့် စက်ရုပ်ကို တီတွင်နိုင်ကြောင်း သိရပါသည်။

3D နည်းပညာနှင့် ဂိမ်းကစားနိုင်မည့် Anywhere game application ကို တီတွင်



  ဆွစ်ဇာလန်နိုင်ငံ နည်းပညာတက္ကသိုလ်တစ်ခုမှ 3D နည်းပညာနှင့် ဂိမ်းကစားနိုင်မည့် Anywhere game application ကို တီတွင်ခဲ့ကြောင်း သိရှိရပါသည်။ 

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ (၁၆)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ (၁၆)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီလ နံနက်(၉)နာရီတွင် ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက် အစည်းအဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက တက်ရောက်အမှာစကား ပြောကြားပါသည်။

မြန်မာ့ငလျင် ဆိုင်ရာနိုင်ငံတကာ သုတေသနဆွေးနွေးပွဲ

မြန်မာနိုင်ငံတွင်ငလျင်ဘေးအန္တရာယ်လျော့ပါးသက်သာစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာ့ငလျင် ဆိုင်ရာနိုင်ငံတကာ သုတေသနဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့က ရန်ကုန်တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည်ကျွန်းစုမြို့နယ် ရေကန်အော်ကျေးရွာ များ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် ဖေဖော်ဝါရီလ(၂၄)နံနက် ပိုင်းက ကျွန်းစုမြို့နယ် ရေကန်အော်ကျေးရွာ များ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

လူထုဗဟိုပြု မူဝါဒဆီသို့ စွမ်းအင်မူဝါဒ ဆိုင်ရာ ညီလာခံ

မြန်မာနိုင်ငံ၏ စွမ်းအင်အနာဂတ် လူထုဗဟိုပြု မူဝါဒဆီသို့ စွမ်းအင်မူဝါဒ ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်မှာ ဖေဖော်ဝါရီလ (၂၅)ရက်နှင့် ဖေဖော်ဝါရီ (၂၆)ရက်နေ့များတွင် ကျင်းပမှာဖြစ်ပါသည်။

မြန်မာကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်မည့် ရရှားနိုင်ငံရှိ Higher School of Economics (HSE)တက္ကသိုလ်


ရရှားနိုင်ငံတွင် သွားရောက် ပညာသင်ကြားလိုသည့် မြန်မာကျောင်းသား ကျောင်းသူများအတွက်  Higher School of Economics (HSE)တက္ကသိုလ်ဖြစ်ကြောင်း သိရပါသည်။