Tuesday, March 31, 2015

နယ်သာလန်မိဖုရား ငွေကြေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အသေးစားငွေကြေးဝန် ဆောင်မှု လုပ်ငန်းများ သွားရောက်လေ့လာ

နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် မတ်လ(၃၁)ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ငွေကြေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံသားများအားလုံးပါဝင်သည့် ငွေကြေးကဏ္ဍ လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ စကားဝိုင်း ဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးပွဲတွင် UNCDF ,IFC, WB, GIZ, LIFT, USAID, IMF, JICA, EU နှင့် CGAP အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြသည်။ ထို့နောက် နံနက် ၁၀နာရီခွဲတွင် နယ်သာလန် မိဖုရားသည် ရန်ကုန်တက္က သိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား လူတိုင်းအကျုံးဝင်သော ငွေကြေးကဏ္ဍ တည်ဆောက်ရေး ဆိုင်ရာ မိန့်ခွန်း ပြောကြားသည်။ ယင်းနောက် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲ (၁)နာရီ(၄၅)မိနစ်တွင် ရန်ကုန် တိုင်းဒေသကြီး မှော်ဘီမြို့နယ်မြောင်းတကာရှိ အသေးစားငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေသည့် World Vision သို့ သွားရောက် လေ့လာသည်။ ရှေးဦးစွာ နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာသည် မြောင်းတ ကာကျေးလက် ကျန်းမာရေးဌာန၌ အသေးစားငွေကြေးဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် World Vision ၊ မှော်ဘီမြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ တို့မှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး အသေးစားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မေးမြန်း ခဲ့သည်။ ယင်းနောက် နယ်သာလန် မိဖုရား ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြောင်းတကာ ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီး ဈေးသူဈေးသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။  World Vision သည် မှော်ဘီမြို့နယ်ရှိ ကျေးရွာ၊ရပ်ကွက်(၁၀)ခုတွင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အရင်းဆပ်၊အတိုးလျော့ စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။


(၁၃)ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်း အဖွဲ့ အစည်းအဝေး ကျင်းပ

တောင်တရုတ် ပင်လယ်ဆိုင်ရာနိုင်ငံများ လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံကြေညာချက် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသည့် (၁၃)ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲလုပ်ငန်း အဖွဲ့ အစည်းအဝေးကို မတ်လ(၃၀ နဲ့ ၃၁)ရက်နေ့များတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပါသည်။ 


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန် ရေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ(၃၁)ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ပါကစ္စတန်ရေတပ်ဦးစီးချုပ် Admiral Muhammad Zakaullah NI(M) အား လက်ခံတွေ့ဆုံရာပါသည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များတက်ရောက်ကြပြီး ပါကစ္စတန်ရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Ehsan Ullah Baath စစ်သံမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် မအူပင်ဘက်ကမ်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင် လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုအားပေး

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်သည် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ် သုံးခွကျွန်းဒေသ ဖွံ့ဖြိုးရေးအတွက် ပံတပွတ်တံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် မအူပင်ဘက်ကမ်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင် လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ 


၂၀၁၅ ခုနှစ် ဓမ္မာစရိယစာမေးပွဲ ဆဋ္ဌမနေ့ ကျင်းပ

သာသနာရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၁၅ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဆဋ္ဌမနေ့အဖြစ် ကျင်းပပြုလုပ်ရာ နိုင်ငံတစ်ဝှမ်းလုံးရှိ  စာဖြေဌာန (၅၀)တွင် စာဖြေသံဃာတော် သီလရှင် (၈၃၀၅)ပါး ဖြေဆိုကြကြောင်း သိရပါသည်။ 


ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း Korea Development Institute (KDI) မှ Professor အား လက်ခံတွေ့ဆုံ

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Development Institute (KDI) မှ Professor မှ ပရော်ဖက်ဆာ ဒေါက်တာ ကင်ဂျုံဟူးဦးဆောင်သော အဖွဲ့အား မတ်လ(၃၁)ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးပါတယ်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအမံများ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြကြောင်း သိရှိရပါသည်။ 


တနင်္သာရီကမ်းလွန်လုပ်ကွက် M-15 ထုတ်လုပ်မှုခွဲဝေခံစားရေးစာချုပ် လက်မှတ်ထိုး

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သြစတြေးလျနိုင်ငံတွင် အခြေစိုက် ပြီး စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထား သည့် TRG M-15 Pte ., Ltd. နှင့် ကနေဒါနိုင်ငံ၌ အခြေစိုက်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထား သည့် CFG Energy Pte .,Ltd .နှင့် မြန်မာ နိုင်ငံမှ Century Bright Gold Co., Ltd. တို့သည်တနင်္သာရီ ကမ်းလွန်လုပ်ကွက်M-15 အတွက် ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေး စာချုပ်ကို မတ် ၃ဝရက်က နေပြည် တော်ရှိ Hilton ဟိုတယ်၌ လက်မှတ် ရေးထိုးကြသည်။


မြန်မာနိုင်ငံ ဗိသုကာကောင်စီ၏ ပထမအကြိမ် အစည်းအဝေး

မြန်မာနိုင်ငံ ဗိသုကာကောင်စီ၏ ပထမအကြိမ် အစည်းအဝေးကို မတ်လ(၃၁)ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။ 



ရန်ကုန်- နေပြည်တော်- မန္တလေး မြန်နှုန်းမြင့်ရထားလမ်းသစ် ဖောက်လုပ်မှု ထောက်ပံ့ ကူညီပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား CHINA RAILWAY ERYUAN ENGINEERING GROUP CO.LTD မှ Director of Myanmar Department Senior Engineer Mr. MA ZEMIN နှင့် အဖွဲ့သည် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ(၃၁)ရက်နေ့ မွန်း လွဲပိုင်းတွင် ရန်ကုန်မြို့ Myanmar Pease Centre ရှိ အစည်းအဝေးခန်းမသို့ လာရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင် တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် မတ် (၃၀) ရက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သမ္မတနိုင်ငံ၊ သံအမတ်ကြီး H. E. Mr. Robert Chua အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် စင်ကာပူအသိအမှတ်ပြုကောင်စီ (Singapore Accreditation Council) သည် မြန်မာနိုင်ငံ၏ အသိအမှတ်ပြု အခြေခံအဆောက် အဦ တည်ထောင်ရာတွင် နည်းပညာအကူအညီပေးရေး အစီအစဉ်အရ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေသူများနှင့် အရည်အသွေးကိုက်ညီမှု စစ်ဆေးသောအဖွဲ့များကို သင်တန်းပို့ချပေးသွားရေး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စင်ကာပူနိုင်ငံ၏အကူအညီဖြင့် ရန်ကုန်မြို့တွင် ဖွင့်လှစ်မည့် စင်ကာပူ-မြန်မာ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးသင် တန်းကျောင်း (Singapore- Myanmar Vocational Training Institute - SMVTI) ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Renovation) အခြေအနေများနှင့် နည်းပြခန့်ထား နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ယခုဖွင့်လှစ်မည့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေး သင်တန်း ကျောင်းတွင် အီလက်ထ ရောနစ်ဆိုင်ရာကျွမ်းကျင်မှု (Electrical Skills and Electronics)၊ အဆောက်အဦနှင့် ဝန်ဆောင်မှုများ ဆိုင်ရာ စီမံခန့်ခွဲမှု (Facilities Management)၊ စက်မှုအတတ် ပညာဆိုင်ရာ ဝန်ဆောင်မှု (Engineering Services) နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး (Hospitality and Tourism) စသည့် ဘာသာရပ် (၄) ခုအား သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


စမ်းချောင်းမြို့နယ်တွင် တိုက်ဖောင်ဒေးရှင်းတူးရာမှ မြေပြို၍ လူပိ

မတ် ၃၁ ရက် ညနေ ၇ နာရီခွဲခန့်က စမ်းချောင်းမြို့နယ် မြေနီ ကုန်း တောင်ရပ်ကွက် ဓမ္မာရုံလမ်း အမှတ် ၅၉ တွင် ကန်ထရိုက်တိုက် ဆောက်ရန် မြေတူးစဉ် မြေကြီးများ ပြိုကျလာ၍ မြေတူးသူတစ်ဦးမြေပိမှု ဖြစ်ပွားခဲ့သည်။
လှိုင်သာယာမြို့နယ် ရှမ်းကုန်းရပ်ကွက် ဆိပ်ကမ်းသာ (၄) လမ်းနေမြေတူးလုပ်သား ဦးမောင်ဝင်း (၃၄ နှစ်) သည် တိုက်တစ်လုံးနှင့် ဖျက်လက်စ လက်ကျန်ဖောင်ဒေးရှင်း အကြားတွင် ညနေပိုင်း၌ မြေတူးနေစဉ် ဖျက်လက်စ ဖောင်ဒေးရှင်းဘက်မှ ကွန်ကရစ်အပြားနှင့် အပိုင်းအစများ အိကျလာပြီး ဦးမောင်ဝင်း၏ ခါးအောက် ပိုင်းအထိ ပြိုကျသွား ခြင်းဖြစ်သည်။ အခင်းဖြစ်ရာသို့ သတင်းရသည်နှင့် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့်မီးသတ် တပ်ဖွဲ့ဝင် များက သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရပါသည်။


Monday, March 30, 2015

ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ထွက်ခွာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဒုတိယသမ္မတမစ္စတာဘွန်ညံဗိုရာချစ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်တို့၏ ဖိတ်ကြားချက်အရလာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် မတ်လ ၃၀ရက်နေ့ နံနက်(၇)နာရီမိနစ်(၄၀)တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာသွားပါသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်ဇနီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့် ဇနီးဒေါ်ခင်အေးမြင့်တို့ ဦးဆောင်သောချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ရန်မတ်လ ၃၀ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာလာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့ ၀က်ထေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။

အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကိုမတ်လ ၃၀ရက်နေ့နံနက် (၁၁)နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် (စီ)ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမမှာကျင်းပပါသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဂျပန်နိုင်ငံ KEIO Corporation ၏ Managing Directorအားလက်ခံတွေ့ဆုံ

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဂျပန်နိုင်ငံKEIO Corporation ၏ Managing Director Mr. Mamoru Yamamoto ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားမတ်လ ၃၀ရက်နေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံအမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

သတ္တမအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသတ္တမနေ့ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC )နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ သတ္တမအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသတ္တမနေ့ကိုမတ်လ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနမှာကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နယ်သာလန်နိုင်ငံဘုရင့်မိဖုရားဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်အရကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နယ်သာလန်နိုင်ငံဘုရင့်မိဖုရားမက်ဆီမာဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၃၀ရက်နေ့နံနက်(၉)နာရီ (၃၅)မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပါသည်။

ကိုးကန့်သောင်းကျန်းသူများခိုအောင်းနေထိုင်သည့် နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများသိမ်းဆည်းရမိ


ကနေဒါလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပြေးလမ်းချော်ခဲ့သည့်အတွက် ခရီးသည်ပေါင်း(၂၃)ဦး ဒဏ်ရာများ ရရှိ




ကနေဒါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် မတ်လ(၃၀)ရက်နေ့က ပြေးလမ်း ချော်ခဲ့သည့်အတွက် ခရီးသည်ပေါင်း (၂၃)ဦးဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရပါသည်။ လေယာဉ်ဟာ အရှေ့ဘက်ကမ်းခြေမြို့ ဟာလီဖက်စ်မှာ ပြေးလမ်းသို့အဆင်း လမ်းချော်ပြီး မတော်တဆ ဖြစ်ခဲ့တာ ဖြစ်ပါသည်။ ညသန်းခေါင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး (၂၃)ဦးမှ(၁၈)ဦးကို ဆေးရုံသို့ တင်ပို့ထားရကာ အဲဘတ်စ်အေ-၃၂၀ လေယာဉ်သည် (တိုရွန်တို)မှ ခရီးသည် (၁၃၃)ဦးနှင့် လေယာဉ်အမှူထမ်း (၅)ဦးတို့ကို တင်ဆောင်ပျံသန်း လာခဲ့တာဖြစ်ကာ၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ မတော်တဆ ဖြစ်ချိန်မှာ လေဆိပ်အနှံ့ နှင်းများထူထပ်စွာ ကျဆင်းနေကာ ပါဝါလိုင်းတစ်ခုကို ဝင်တိုက်မိခဲ့ဟန်တူပြီး ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သည်ဟုလည်း ပြောကြားခဲ့ကြကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် (Solar Impulse-2)မန္တလေးမြို့မှ တရုတ်နိုင်ငံချုံကျင်းမြို့သို့ ဆက်လက်ထွက်ခွာပျံသန်း

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 သည် ၎င်း၏ ကမ္ဘာပတ်ခရီးစဉ်ကိုမတ် ၉ ရက်ကစတင်ခဲ့ရာမှ မန္တလေးမြို့တွင် (၁၂) ရက်ကြာရပ်နားခဲ့ပြီးမတ်လ ၃၀ရက်နေ့နံနက်(၃)နာရီခွဲတွင် တရုတ်နိုင်ငံ ချုံကျင်းမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းသွားပြီ ဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ကမ်းတက်လေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်



တောင်ကိုရီးယားနှင့် အမေရိကန်တို့ဟာ မတ်လ(၃၀)ရက်နေ့က  ကမ်းတက်လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ ဆိုးလ်မြို့မှ (၂၂၃)မိုင်အကွာရှိ ပိုဟန်းမြို့ ကမ်းခြေမှာ လေ့ကျင့်ခဲ့ကြ ခြင်းဖြစ်ပြီး တပ်သားနှင့် အရာရှိပေါင်း (၇၆၀ဝ)ခန့် နှစ်နိုင်ငံစလုံးမှ ပါဝင်လေ့ကျင့် ခဲ့ကြကာ စစ်သင်္ဘော အစီး(၃၀)နှင့် ယာဉ်ပေါင်း(၄၀)ကို လေ့ကျင့်မှုအတွက် အသုံးပြုခဲ့ကြကြောင်း တောင်ကိုရီးယားမှ ပြောကြားခဲ့ပါသည်။ ကိုရီးယား ပြည်သူတွေ လုံခြုံမှုရှိစေဖို့ ကာကွယ်ပေးနိုင်ရန် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရန် ပူးပေါင်းသွားမည်ဟု အမေရိကန် တပ်မတော်အရာရှိ ဂျပ်စတင်- ဝီး-တိတ်ကာက ပြောကြားခဲ့ပါသည်။ ဧပြီလ(၂၄)အထိ လေ့ကျင့်မှုတွေ ရှိနေမှာဖြစ်ပြီး ဖိုးလ်အီးဂဲလ် စစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်ပြုလုပ် နေကြလည်း ဖြစ်ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

ယီမင်မှ ဟူသီလက်နက်ကိုင်တပ်များကို မြေပြင်တိုက်ခိုက်ရေးတပ်များစေလွှတ်မှာ မဟုတ်ကြောင်း ဆော်ဒီအာရေဗျ သံအမတ်ကြီးပြောကြား



အီရန်တို့ နောက်ခံပေးထားသည့် ယီမင်မှ ဟူသီလက်နက် ကိုင်တပ်များကို လေကြောင်းမှသာ တိုက်ခိုက်နေတာဖြစ်ပြီး မြေပြင်တိုက်ခိုက် ရေးတပ်များ စေလွှတ်မှာ မဟုတ်ကြောင်း အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေဗျ သံအမတ်ကြီးက မတ်လ(၂၉)ရက်နေ့က ပြောကြား လိုက်ပါသည်။ (မြေပြင်တပ်တွေ စေလွှတ်ရန် အဆုံးဖြတ် ရသေးပါဘူး။ လေကြောင်းကနေသာ တိုက်နေတာပါ။ ပိုမိုထိရောက်စွာ ချေမှုန်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါသည်။) ဟုလည်း ပြောကြားခဲ့ပါသည်။ နောက်ဆုံး တိုက်ခိုက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီး ဆော်ဒီပြောရေး ဆိုခွင့်ရှိသူမှ အကျဉ်းချူပ် ပြောကြားခဲ့ကြောင်း သိရပါသည်။ ယီမင်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် ပါကစ္စတန်နိုင်ငံသည် ၄င်း၏နိုင်ငံသား (၅၀ဝ)ကို မတ်လ(၂၉)ရက်နေ့က ယီမင်ကနေ လေယာဉ်နှင့် ကယ်ထုတ်လာခဲ့ပြီး ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ ပါကစ္စတန်သားတွေ ကယ်နေစဉ်မှာ တိုက်ခိုက်မှုတွေကို (၂)နာရီကြာ ရပ်တန့်ပေးခဲ့ပြီး လေဆိပ်မှာလည်း ကူညီမှုတွေ ပေးခဲ့ကြောင်း သိရပါသည်။ ဆားဒါမြို့မှာ ဟူသီများသည် အခိုင်အမာ တပ်စွဲထားပြီး သမ္မတဟောင်း (အလီအဗဒူလ်လာ- ဆာလက်)ဟာလည်း ၄င်း၏တပ်များကို ထိန်းချူပ်ပြီးပြန်လည် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါသည်။ မြေပြင်တပ်တွေ စေလွှတ်တာမျိုး မလုပ်ဘူးဟု တာဝန်ရှိသူ အဆာရီးက ပြောကြားခဲ့ပါသည်။ အပါချီ ရဟတ်ယာဉ်များ အသုံးပြုပြီးလည်း တစ်ချို့နေရာတွေကို တိုက်ခိုက်နေကာ ဟူသီတပ်များမှာ အင်အား(၂)သောင်းခွဲမှ (၃)သောင်းကြား ရှိနိုင်ပြီး ဟူသီများသည် ၄င်းတို့၏တပ်သားများကို တစ်ရက်လျှင် ဒေါ်လာ(၁၀ဝ) ရာနှုန်းပေးပြီး ငွေကြေးကို အီရန်က ထောက်ပံ့နေဖွယ် ရှိပြီး ငွေကြေးမပေး နိုင်ရင် တပ်သားအင်အားတွေ ဆုံးရှုံးလာရဖွယ်ရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တွင် လွှတ်တော်အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်၊ အခြား(၃)ဦး သေဆုံး



အာဖဂန် နစ္စတန်နိုင်ငံ ကာဘူးလ်မြို့မှာ လွှတ်တော်အဖွဲ့ဝင်တစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုအတွင်း အခြားလူ(၃)ဦး သေဆုံးခဲ့ကာ လွှတ်တော် အမတ်က လွတ်မြောက်သွား ခဲ့ပါသည်။ အသေခံ ဗုံးခွဲမှုကြောင့် ကလေးတစ်ဦးလည်း သေဆုံးခဲ့ရပြီး အခြားလူ(၈)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အစိုးရ သတင်းများအရ သိရပါသည်။ ကာဘူးလ် အရှေ့ပိုင်းသို့ အစည်းအဝေး တစ်ရပ်အတွက် သွားစဉ်မှာ ဗုံးခွဲသူက အနီးနားကပ်လာပြီး လွှတ်တော်အမတ် (ဂေါလ်ပါချာ မာဂျီဒီ)ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါသည်။ အာဖဂန်လူမျိုး ခေါင်းဆောင်တွေနှင့် ပါလီမန် တာဝန်ရှိသူတွေ စုဝေးနေချိန်မှာ လူအုပ်ကြားထဲကို ဝင်လာပြီး အသေခံဗုံးခွဲ ခဲ့တာဖြစ်ကာ လုံခြုံရေးများ ကလည်းတားဆီးချိန် မရလိုက်တာ ဖြစ်ပါသည်။ မာဂျီဒီ၏ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်းနှင့် တာလီဘန်တို့က ၄င်းတို့လက်ချက်လို့ ပြောကြားခဲ့ခြင်း မရှိပေမဲ့ ကာဘူးလ်မှာ မကြာခဏဆိုသလို အာဖဂန်နှင့် နိုင်ငံခြား တာဝန်ရှိသူများကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲမှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ပြီးခဲ့သည့် တပတ်ကလည်း ပြည်နယ်ရဲချူပ် တစ်ဦးကို အသေခံ ဗုံးခွဲတိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရှိရပါသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂွေ့ကျိုးပြည်နယ်တွင် ပြင်းအား(၅.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်



တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွေ့ကျိုးပြည်နယ် ဂျန်းဟဲနယ်မှာ ပြင်းအား(၅.၅) အဆင့်ရှိ မြေငလျင်တစ်ခု မတ်လ(၃၀)ရက်နေ့က  လှုပ်ခတ်ခဲ့ကြောင်း တရုတ်မြေငလျင် ကွန်ယက်စင်တာက ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ငလျင်ဟ ဒေသစံတော်ချိန် နံနက်(၉)နာရီ (၄၇)မိနစ်မှာ လှုပ်ခတ်ခဲ့ပြီး မြောက်လတ်တီကျူ့ (၂၆.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျူ့ (၁၀၈.၈) ဒီဂရီအကြား မြေအောက်အနက် (၇)ကီလိုမီတာမှာ ဖြစ်ပါသည်။