Tuesday, June 30, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် စင်ကာပူသမ္မတနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဇွန်လ(၃၀)ရက်နေ့ ညနေ(၅)နာရီခွဲတွင် နေပြည်တော်ရှိ LAKE GARDEN HOTEL ချင်းတွင်းခန်းမ၌ လက်ခံတွေ့ဆုံပါသည်။


ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည်         ဇွန်လ(၃၀)ရက်နေ့ ည (၇)နာရီတွင် နေပြည်တော်ရှိ LAKE GARDEN HOTEL၊ The Living Room ခန်းမ၌ ကျင်းပသည့် စင်ကာပူ-မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။


မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေးကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၈)နာရီခွဲတွင် နေပြည်တော် လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က မိမိတို့ (MPU) အနေဖြင့် ကျန်ရှိသော လွှတ်တော် သက်တမ်းကာလအတွင်း အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်၍ လက်ဆင့်ကမ်းနိုင်မည် ဆိုပါက နောက်လွှတ်တော်များအတွက် အထောက်အကူများစွာ ရရှိမည်ဖြစ်၍ ယခုကဲ့သို့ အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက် ကြရန် ဖြစ်ကြောင်း မှာကြားပါသည်။


မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၁၅ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၈)နာရီတွင် နေပြည်တော် သံဝေဇနိယလေးဌာနရှိ လုမ္ဗိနီဥယျာဉ်တော်အတွင်း၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်နန်းရွှေမှုန်တက်ရောက်၍ အထိမ်းအမှတ် ကံ့ကော်ပင်စိုက်ပျိုးပေးပါသည်။


ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း မွန်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး




ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် သတ်မှတ်အကောင်အထည်ဖော်ရေး အစည်းအဝေးကျင်းပ

ပညာရေးဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော နိုင်ငံတကာ အသိအမှတ်ပြုစံများကို အခြေခံသည့် ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ် တစ်ပြေးညီ သတ်မှတ် အကောင်အထည်ဖော်ရေး ဆိုင်ရာ အစည်းအဝေးကို ဇွန်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် လင်းခေးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ဇွန်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လင်းခေးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။ 


ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ ထိုင်းနိုင်ငံ Tank ခရိုင်မှ မြို့တော်ဝန် ဦးဆောင်သော လေ့လာရေးအဖွဲ့ အား တွေ့ဆုံ

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေသည် ဇွန်လ(၂၇)ရက်နေ့ ညပိုင်းမှာ မော်လမြိုင်မြို့၊ ကမ်းနားဟိုတယ်မှာ ထိုင်းနိုင်ငံ Tank ခရိုင်မှ မြို့တော်ဝန် ဦးဆောင်သော လေ့လာရေးအဖွဲ့အား တွေ့ဆုံပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်တိုးတက် ဖွံ့ဖြိုးရေး မြ၀တီ- မဲဆောက် နှစ်နိုင်ငံ နယ်စပ်မြို့များမှ ခရီးသည် ဧည့်သည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ 

Myanmar Clown Doctor အဖွဲ့ ကလေးငယ်များ စိတ်ပျော်ရွင်မှုများ ရရှိအောင် ဆောင်ရွက်ပေး



ရောဂါဝေဒနာကြောင့် ဆေးရုံတက်ရောက် ကုသနေရသည့် ကလေးငယ်များအတွက် တခဏ စိတ်ပျော်ရွင် မှုများ ရရှိအောင် ဆောင်ရွက်ပေးနေကြသည့် Myanmar Clown Doctor အဖွဲ့အကြောင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။  

စင်ကာပူနိုင်ငံမှ ဘလောကာ(Blogger)တစ်ယောက်ကို ဘာသာရေးဆိုင်ရာ စော်ကားသည့် အရေးအသားများကြောင့် ဖမ်းဆီးစစ်ဆေး



စင်ကာပူနိုင်ငံက ဆယ်ကျော်သက်အရွယ် ဘလောကာ(Blogger)တစ်ယောက်ကို ဘာသာရေးဆိုင်ရာ ထိခိုက်စော်ကားသည့် အရေးအသားများကြောင့် ဖမ်းဆီးစစ်ဆေးကြောင်း သိရှိရပါသည်။ 

တရုတ်နိုင်ငံ ကွေ့ ဂျုံဒေသတွင် ကလေးငယ် ၄ဦး ကြွက်သတ်ဆေးသောက်ပြီး သေဆုံး



တရုတ်နိုင်ငံ ကွေ့ ဂျုံဒေသတွင် အရွယ်မရောက်သေးသည့် ကလေးငယ် ၄ဦး ကြွက်သတ်ဆေးသောက်ပြီး သေဆုံးသွားကြောင်း သိရှိရပါသည်။  

မန္တလေးတိုင်းမြို့တွင် ပထဝီဝင်ဟောပြောပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ



မန္တလေးတိုင်းမြို့တွင် ပထမဆုံးအကြိမ် ပထဝီဝင်ဟောပြောပွဲနှင့် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ 

အမြင်အာရုံ ချို့ယွင်းနေသူများအတွက် မြန်မာစာအသံထွက်စနစ် Myanmar Text to Speech Engine ကို မိတ်ဆက်



အမြင်အာရုံ ချို့ယွင်းနေသူများအတွက် အထောက်အကူအပြုမည့် မြန်မာစာအသံထွက်စနစ် Myanmar Text to Speech Engine ကို မိတ်ဆက်ကြောင်း သိရပါသည်။