Friday, July 31, 2015

သတ္တမအကြိမ်မြောက် အလုပ်အကိုင်၊ အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ (၆၀) ကျော် ပြသ

သတ္တမအကြိမ်မြောက် အလုပ်အကိုင်၊ အခွင့်အလမ်းပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီပေါင်း (၆၀) ကျော် ဝင်ရောက်ပြသခဲ့ကြောင်း သိရှိရပါသည်။ 

ပရဟိတလူငယ်များ ကွန်ရက်မှ ရေဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းရန်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက်က အလှူငွေများ ကောက်ခံပြီး သွားရောက်လှူဒါန်းရန် ရှိနေကြောင်း သိရှိရပါသည်။


လူ့အခွင့်အရေး ပညာပေးသူများ ကွန်ရက်ဖွဲ့စည်း

လူ့အခွင့်အရေး ပညာပေးသူများအချင်းချင်း ဗဟုသုအဖြစ် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် မျှဝေမှုများ ဆောင်ရွက်နိုင်ရန်အတွက် လူ့အခွင့်အရေး ပညာပေးသူများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရပါသည်။ 

ပရဟိတအဖွဲ့တစ်ခု ကလေးသူငယ်များနှင့် အခြေခံမိသားစုများကို ထောက်ပံ့မှုများရပ်တန့်

ဂရိနိုင်ငံမှ ပရဟိတအဖွဲ့အစည်းတစ်ခုသည် ကလေးသူငယ်များနှင့် အခြေခံမိသားစုများကို ထောက်ပံ့မှုများ ရပ်တန့်ထားကြောင်း သိရှိရပါသည်။ 

အမေရိကန်နှင့် ကျူးဘာသံတမန်ဆက်ဆံရေးကြောင့် လူငယ်များအခွင့်အလမ်းပိုလာမည်

ကျူးဘားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခြင်းသည် လူငယ်များ အတွက် အခွင့်အလမ်း ပိုလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

အမေရိကန် ဘောလုံးဝါသနာရှင်ကလေးများနှင့် ဘာစီလိုနာဘောလုံးသမားများ တွေ့ဆုံဆွေးနွေး

အမေရိကန် ဘောလုံးဝါသနာရှင်ကလေးများသည် ဘာစီလိုနာဘောလုံးသမားများနှင့် တွေ့ဆုံပြီး ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ 

DJ သမားများ စုပေါင်းပြီး အများအကျိုးပြု ပရဟိတလုပ်ငန်းများ ဆောင်ရွက်

DJ ဂီတနှင့် ပရိသတ်များကို ပျော်ရွှင်မြူးတူးစေရန် ဖျော်ဖြေနေသကဲ့သို့ DJ သမားများ စုပေါင်းပြီး အများ အကျိုးပြုပရဟိတလုပ်ငန်းများ တတ်နိုင်သည့်ဘက်ကဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။

အမှတ်ပေးချန်ပီယံဖြစ်ရန် မလွယ်ကူသည့် ဧရာဝတီယူနိုက်တက်

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဧရာဝတီယူနိုက်တက်အသင်းက သမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံ ဆု မရဘူးသလို ဒီနှစ်မှာလည်း ချန်ပီယံဖြစ်ရန် မလွယ်ကူကြောင်း သိရပါသည်။ ဧရာဝတီအသင်းက ပထမ အကျော့ပွဲစဉ်များတွင် ရလဒ်ကောင်းခဲ့သော်လည်း ဒုတိယအကျော့ပွဲစဉ် နှစ်ပွဲကစားပြီးချိန်တွင် နိုင်ပွဲမရ ကြောင်း သိရပါသည်။ 

အာဆီယံချန်ပီယံရှစ်အတွက် ကစားသမား ၂၉ ဦးနှင့် စတင်ပြင်ဆင်နေသော မြန်မာယူ-၁၉

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၉အသင်းအတွက် ပဏာမကစားသမား ၂၉ ဦး ရွေးချယ်လိုက်ပြီး စတင်ပြင်ဆင်နေကြောင်း သိရပါသည်။ မြန်မာ ယူ-၁၉အသင်းကို နည်းပြ ဂတ်ဇီဆီက တာဝန်ယူနေခြင်းဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ကမ္ဘာ့ဖလားကို အရောက်ပို့ပေးနိုင်မလားဆိုတာ စိတ်ဝင် စားစရာဖြစ်နေပါသည်။ 

စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရွေးကောက်ပွဲ

မြန်မာဘောလုံးပရိသတ်များ စိတ်ဝင်စားနေသည့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးကောက်ပွဲကို စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပမှာဖြစ်ကြောင်း သိရပါသည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်လာမလဲ၊ လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော် ရွေးကောက်ပွဲပြန်ဝင်မှာလား စသည့်အကြောင်းရာများကို သိရှိနိုင်ရန် တင်ပြအပ်ပါ သည်။

Sport Cinema အစီအစဉ်


ဗီဒယ်က ဘိုင်ယန်မြူးနစ် အသင်းကို တရားဝင်ရောက်ရှိ

ဂျုဗင်တပ်အသင်းက ချီလီလက်ရွေးစင်ကွင်းလယ် ကစားသမား ဗီဒယ်သည် ဘိုင်ယန်မြူးနစ် အသင်းကို တရားဝင်ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ဘိုင်ယန်မြူးနစ်အသင်းက ဗီဒယ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်း ပေးချေခဲ့ရပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါသည်။ 

ဖိလစ်ပီလူးဝစ်က အသင်းဟောင်း အသလက်တီကို ကို ပြန်လည်ပြောင်း

ချယ်လ်ဆီးအသင်းက ဘရာဇီးနောက်ခံလူ ဖိလစ်ပီလူးဝစ်သည် အသင်းဟောင်း အသလက်တီကို ကို ပြန်လည်ပြောင်းခဲ့ပါသည်။ လူးဝစ်သည် အက်သလက်တီကိုတွင်ရှိစဉ်က ဥရောပ၏ အကောင်းဆုံး နောက်ခံ လူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သော်လည်း ချယ်လ်ဆီးတွင် ပွဲထွက်ခွင့်မရလို့ အက်သလက်တီကို ကို ပြန်ပြောင်းခဲ့ခြင်းဖြစ်ပါသည်။ 

အလှဆုံးပွဲကဏ္ဍ


ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ပေးပို့

မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (ရုံးချုပ်)သည် ရခိုင်ပြည်နယ် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် အတွက် စုစုပေါင်းငွေကျပ် (၅၉၅၄၀၀၀) တန်ဖိုးရှိ ကျားလုံချည်၊ မလုံချည်၊ မျက်နှာသုတ်ပဝါနှင့် ကာဘော်လိတ် ဆပ်ပြာတို့အား ဇူလိုင်လ(၃၁)ရက်နေ့ မှာ နေပြည်တော် လေဆိပ်မှ တပ်မတော် လေယာဉ်ဖြင့်လည်းကောင်း၊ ၎င်းနေ့မှာပင် ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ စုစုပေါင်းငွေကျပ် (၂၄၁)သိန်းကျော် တန်ဖိုးရှိ မိုးကာလိပ်၊ အဝတ်အထည် ဘေထုပ်နှင့် (Family Kit) ပစ္စည်းများအား မင်္ဂလာဒုံလေဆိပ်ရှိ တပ်မတော် လေယာဉ်ဖြင့်လည်းကောင်း၊ အခြားဝန်ကြီးဌာနများမှ လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများနှင့်အတူ ရခိုင်ပြည်နယ်သို့ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ အခြားရေဘေးသင့် ဒေသများမှ ပြည်သူများအတွက် ပြည်လည်နေရာချထားရေး ဦးစီးဌာနမှ ကယ်ဆယ်ရေး ပစ္စည်းများအား ဆက်လက် ထောက်ပံ့ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရာဇဂြိုလ် ရေလှောင်တမံသည် ခိုင်ခံမှုရှိကြောင်း ဆည်မြောင်း ဦးစီးဌာနမှ အသိပေး


ဓမ္မာစကြာအခါတော်နေ့တွင် နေပြည်တော်ရှိ ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိ


ဓမ္မာစကြာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရား၊ ပုထိုး၊ စေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိ


အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုဌာန၏ ဆောင်ရွက်မှု


မုန်းချောင်းရေကြီးရေလျှံမှုအခြေအနေကြောင့် ဒေသခံပြည်သူများအား ဘေးကင်းရာသို့ ပြောင်းရွှေ့လျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ(၂၉)ရက်မှ (၃၁)ရက်အထိ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး မုန်းချောင်း ရေကြီးရေလျှံမှု အခြေအနေကြောင့် မြို့ပေါ်ရပ်ကွက် အားလုံးတွင် ရေများမြင့်တက် လာသဖြင့် ဒေသခံ ပြည်သူလူထုများ ဘေးကင်းရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရှိရသည်။

ရထားလမ်းပိုင်းများနှင့် တံတားများပြန်လည်ပြပြင်ရာမှာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

၂၀၁၅ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခင်ဦး-မုံရွာလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းနှင့် မန္တလေး-လားရှိုး လမ်းပိုင်းတို့တွင် ပျက်စီးသွားသော ရထားလမ်းပိုင်းများနှင့် တံတားများကို ပြန်လည်ပြပြင်ရာမှာ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့မီးရထား ဝန်ထမ်းများနှင့် နေ့စားလုပ်သားများကို ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ (၃၁)ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ဘူတာကြီးမှာ ကျင်းပပါသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ(ပုသိမ်မြို့)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်သည် ဇူလိုင်လ (၃၀)ရက်နေ့ နံနက်ပိုင်းမှာ ပုသိမ်မြို့ မြို့တော်ခန်းမမှာ ကျင်းပသည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီး အနေနှင့် ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှ စတင်စမ်းသပ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စုစုပေါင်းမြို့နယ် (၂၂)မြို့နယ်တို့တွင် ဖွင်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနအနေဖြင့် မိုးရာသီမှာ ရေလှောင်တမံများ ကြံ့ခိုင်ရေး ဆောင်ရွက်လျက်ရှိ


ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ရခိုင်ပြည်နယ်အတွင်း မိုးသက်လေပြင်းများကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်သဖြင့် အရေးပေါ်ကယ်ဆယ်ရေးများ ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေး


ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေ ရေလျှံမှုဖြစ်ပွား


ပဲခူးမြို့ အနောက်ခြမ်းတွင် ကလျာဏီသိမ် ရေဘေးသင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူများအား စောင့်ရှောက်လျက်ရှိ


မုန်တိုင်းငယ်သတင်း


မြစ်ရေကြီးခြင်းသတိပေးချက်


ဒုတိယအကြိမ်အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် JICA ဌာနေကိုယ်စားအဖွဲ့တွေ့ဆုံ


စစ်ကိုင်းမြို့တည်၊ နန်းတည်နှစ် (၇၀၀) ပြည့်အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြတ်သဒ္ဒါလူမှုကူညီရေးအဖွဲ့ လုပ်ငန်းစဉ်များတင်ပြခြင်းနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်


နိုင်ငံတကာသတင်းဌာနများတွင် လုပ်ကိုင်ခဲ့ဖူးသောဝါရင့်သတင်းမီဒီယာသမားတစ်ယောက်၏ အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း ပြုလုပ်


အောင်ဘာလေထီနှင့် ပြည်သူများသိရှိစေရန်


SIDS နိုင်ငံများကိုခြိမ်းခြောက်နေသော ရာသီဥတုပြောင်းလဲမှုများနှင့် အခြားလုံခြုံရေးကိစ္စများကို ကုလတွင်ဆွေးနွေး


၂၀၁၆ တွင်ရေနံဈေးနှုန်းများတည်ငြိမ်ရန် OPEC အဖွဲ့မျှော်လင့်


အာကာသယာဉ်မှူး (၂) ဦး ပထမဆုံးအကြိမ်အဖြစ် ISS တွင် တစ်နှစ်ကြာနေထိုင်ခြင်းဖြစ်


ဖိလစ်ပိုင်နိုင်ငံသား ထောင်ပေါင်းများစွာ ငလျင်လေ့ကျင့်မှု သရုပ်ပြ


အသက်အရွယ်ကြီးသူများနှင့် ခြေလက်မစုံလင်သူများအတွက် လမ်းလျှောက်အထောက်အကူပြုကိရိယာ ဂျပန်တီထွင်


(၂၃) ကြိမ်မြောက်ကမ္ဘာ့ကင်းထောက်မောင်/မယ်များစုဝေးပွဲတော် ကျင်းပ


နီပေါတွင်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေပြိုမှုများဖြစ်ပွား လူ (၃၀) ဦးထက်မနည်းသေဆုံး


၂၀၁၆ အိုလံပစ် အားကစားပြိုင်ပွဲ အချက်အလက်များထုတ်ပြန်


Thursday, July 30, 2015

အားကောင်းသောမုန်တိုင်းငယ် ထုတ်ပြန်ချက်

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၅) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အားကောင်းသော မုန်တိုင်းငယ်သတင်းကို ထုတ်ပြန်ထားပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့  မြန်မာစံတော်ချိန် (၆)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်လျက်ရှိသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) သည် အားကောင်းသော မုန်တိုင်းငယ်အဖြစ် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပြီး ယနေ့နံနက်မှ နောက် (၁၂) နာရီအတွင်း တဖြည်းဖြည်း အားပျော့အားသွားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျား နေစဉ်အတွင်း မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) မှ မိုင် (၆၀) အထိ နှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ရေမြေလေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းတို့အပြင် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် အကြံပြုထားပါသည်။


ရွှေဘိုလမ်းပိုင်းဇရစ်ကျေးရွာနှင့် ကူတို့တိုင်းကြားရေတိုက်စားသဖြင့် လမ်း (၁၀) ပေခန့်ရေစီဖြင့် မျောပါ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူးမြစ်ရေတိုးလာပြီး မုံရွာ-အရာတော်-ရွှေဘို လမ်းပိုင်းအချို့နေရာများတွင် ရေကျော်ပြီး လမ်းပခုံးသားများ ပဲကျမှု ဖြစ်ပွားခဲ့ပြီး တာဝန်ရှိသူများမှ အချိန်မီ ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဇရစ်ကျေးရွာနှင့် ကူးတို့ကိုင်းကြား အဆိုပါ ထူးပေါက်ထားသည့် လမ်းပိုင်းကြားရှိ ရေထုတ်ပြွန်တံတား အမှတ် (၄/၃၆) နှင့် (၅/၃၆) ကြားရှိ ချဉ်းကပ်လမ်းသည် ပျက်စီးသွားပြီး ကျောက်ရိုးစီ ချဉ်းကပ်လမ်းသည် ရေကျဘက်ခြမ်း ကျောက်ရိုး (၁၈) ပေခန့် ပြုတ်ကျပြီး ရေတင်ဘက်ခြမ်း (၄၃) ပေ အကျယ်၊ လမ်းပြတ်ထွက်သွားသဖြင့် မုံရွာ-အရာတော်- ရွှေဘိုလမ်းပိုင်း ဇရစ်နှင့် ကူတို့ကိုင်းကြားတွင် လူနှင့် ဆိုင်ကယ်များပါ ဖြတ်သန်းသွားလာနိုင်မှု မရှိတော့ကြောင်း သိရပြီး အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် စက်လှေစီစဉ်ထားပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။


ဝန်းသိုမြို့နယ် ရေဘေးသင့်ပြည်သူများအား ထေက်ပံ့ရေး ပစ္စည်းများ ပေးအပ်

မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်အေး သည် ရေကြီးနစ်မြုပ်ကျေးရွာများဖြစ်သော ဝန်းသိုမြို့နယ် လက်ပံကြီးတောကျေးရွာအုပ်စု၊ စိန်လည်ကျေးရွာ၊ ကျိုင်းခွင်ကျေးရွာ ချီးယားကုန်းကျေးရွာသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်အိတ်၊ ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ပျက်စီးသွားသော လမ်း၊ တံတားများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


ကရင်ပြည်နယ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ရဖူးသေးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းမပြီး ဆုံးမီ ကျောင်းစောထွက်ခဲ့ရသူ၊ အသက် (၁၀) နှစ်မှ (၁၄) နှစ်ကလေးများကို ဒုတိယအကြိမ် ပညာသင်ယူမှု အခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်နှင့် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့်ကို ဆက်လက်သင်ယူခွင့် ရရှိစေရန် ရည်ရွယ်ပြီး ၂၀၁၅-၂၀၁၆  ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းဖွင့်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က ဘားအံမြို့ အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။


အနုပညာရှင်ပေါင်းစုံ (၄)သင်းပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ Ve Ve Cup မန္တလာသီရိ အားကစား ကွင်းကြီးတွင် ကစားကြပုံများကို Entertainment Channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်

Myanmar Media 7 မှ စီစဉ်ကျင်းပသော အနုပညာရှင်ပေါင်းစုံ (၄) သင်း ပတ်လည် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီး Ve Ve  Cup ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းကြီးတွင် ကစားသွားမည်ဖြစ်ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Broadcast Sponsor အဖြစ်ဆောင်ရွက်ပြီး အဆိုပါ ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Entertainment Channel မှ အဆိုပါနေ့တွင် နေ့လည် ၂ နာရီ ၅၅ မိနစ် အချိန်နှင့် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်မှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား ကြိုတင်အစီရင်ခံတင်ပြအပ်ပါသည်။


ISO 9001း2008 လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုနည်းပညာမြှင်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ ရန်ကန်ုအနောက်ပိုင်း နည်းပညာ တက္ကသိုလ်အား BUREAU VERITAS မှ ISO 9001း2008 လက်မှတ်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့ပါသည်။


မန္တလေးမြို့တွင် ကျင်းပသည့် ဂုဏ်ထူးဆောင် ဒသနိကပါရဂူဘွဲ့ပေးအပ်ခြင်း အခမ်းအနား

ဗုဒ္ဓဘာသာသာသနာရေးအတွက်နှင့် လူမှုရေးပရဟိတဆောင်ရွက်မှု နယ်ပယ် သူမတူအောင် လှူဒါန်းခဲ့ကြသည့် ဇနီးမောင်နှံကို Trinity World University England မှ Honorary Doctor of Philosophy Ph.D(UK) ဘွဲ့နှင့် The new Age International University U.S.A မှ Honorary Doctor of Philosophy Ph.D (U.S.A) ဘွဲ့များ အသီးသီးလာရောက်ချီးမြှင့်ခဲ့သည်ဟု သိရပါသည်။ ဇူလိုင်လ ၂၉ ရက်နေ့ က မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပခဲ့ပါသည်။


၂၀၁၅ ခုနှစ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် (မော်လမြိုင်ဇုန်)

၂၀၁၅ ခုနှစ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (မော်လမြိုင်ဇုန်) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။


ဒါရိုက်တာညိုမင်းလွင်၏ ပထမဆုံးသိပ္ပံဇာတ်ကားအတွက် သရုပ်ဆောင်သစ်ရွေးချယ်ပြီးဖြစ်

ဒါရိုက်တာညိုမင်းလွင်၏ ပထမဆုံးသိပ္ပံဇာတ်ကားဖြစ်သည့် Anada Right of Notra အတွက် သရုပ်ဆောင်သစ်ရွေးချယ်လိုက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

မော်ဒယ်ဟန်သီ၏ တေးအယ်ဘမ်ထွက်ရှိ

မော်ဒယ်ဟန်သီ၏ အသက်(၁၈)နှစ်ပြည့်မွေးနေ့အနေဖြင့် တစ်ကိုယ်တော် တေးအယ်ဘမ်ထွက်ရှိလာ မည့်ဖြစ်ကြောင်း သိရှိရပါသည်။

ရုပ်ပြပန်းချီဆရာ (၄၀) ကျော် ပူးပေါင်းပြီးပန်းချီပြပွဲကျင်းပ

ရုပ်ပြပန်းချီဆရာ (၄၀) ကျော်၏ ပန်းချီပြပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပသွားခဲ့ကြောင်း သိရှိရပါသည်။

ကျူးဘားတွင် ကော့တေးစပ်ပြိုင်ပွဲကျင်းပ

ကျူးဘားနိုင်ငံတွင် နိုင်ငံတကာကော့တေးစပ်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ရုရှားလယ်သမားများ သခွားသီးပွဲတော်ဆင်နွှဲ

ရုရှားလယ်သမားများ ဦးဆောင်ပြီး သခွားသီးပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။

ဂျာမနီနိုင်ငံတွင် အကပွဲတော်စုပေါင်းကျင်းပ

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကောချာဘော (Kocherball) အကပွဲတော်ကို စုပေါင်းကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ရုပ်ရှင်လမ်းညွှန်အစီအစဉ် (London has fallen)

London has fallenဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိရုပ်ရှင်ရုံများတွင် ဇန်န၀ါရီလ၂၂ရက်နေ့တွင် စတင်ပြသမည်ဖြစ်ပါသည်။ ရှုပ်ထွေးသည့်အခြေအနေတွင် ဗြိတိန်ဝန်ကြီးချုပ်ကွယ်လွန်သွားခဲ့ပြီး ဈာပနအခမ်း အနားကို လန်ဒန်မြို့တွင် ကျင်းပရန် ဖြစ်လာပါသည်။ အဆိုပါဈာပနကို ဥရောပခေါင်းဆောင်များနှင့် အမေရိကန်သမ္မတတို့ တက်ရောက်ရန်ရှိပြီး အဖျက်သမားတစ်ချို့က ထိုအခွင့်အရေးကို အသုံးချပြီး နိုင်ငံခေါင်းဆောင်အားလုံးကို လုပ်ကြံပြီး လန်ဒန်မြို့ကို ဖျက်ဆီးရန် ရည်ရွယ်ထားပါသည်။ အမေရိကန်သမ္မတ၏ သက်တော်စောင့်အဖွဲ့၊ ဗြိတိန်မှ MI 6 နှင့် လျှို့ဝှက်အေးဂျင့် များက အဖျက်လုပ်ငန်းများကို တားဆီးရန် ဆောင်ရွက်ခြင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာဘာဘက်နာဂျာဖီက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး ဂျာရတ်ဘတ်တလာ၊ အေရွန်အက်ခ်ဟက်၊ မော်ဂန်ဖရီးမင်းစသည့် သရုပ်ဆောင်များနှင့် အခြားသရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားပြီး Focus Features ကုမ္ပဏီမှ ဖြန့်ချိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုပ်သံမှတ်တမ်းအစီအစဉ်

Myanmar Girl အဖွဲ့သည် ကိုယ်ပိုင်သံစဉ်တေးသီချင်း သီဆိုမှုများနှင့် အကများ ပေါင်းစပ်ဖျော်ဖြေကာ ပြည်တွင်းမှာ အောင်မြင်မှုများရရှိအောင် ကြိုးစားနေကြပါသည်။ ဒါ့အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်ဖျော်ဖြေနိုင်အောင် ကြိုးစားနေခြင်းဖြစ်ပါသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား




အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၃၀ရက်နေ့ ညနေ ၄နာရီက နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်အမှာစကား ပြောကြားပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ပြင်သစ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာသွားတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ သီယရီမာသူ အား ဇူလိုင်လ ၃၀ရက်နေ့ နံနက်(၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါတယ်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမို တိုးတက်ခိုင်မာလာမှု၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ




ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင်လ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌ ဒေသခံပြည်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး




အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နရန်ဒရာ မိုဒီ အား ဇူလိုင်လ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီ မိနစ်(၄၀)တွင် ဝန်ကြီးချုပ်၏ အိမ်တော်၌ သွားရောက် တွေ့ဆုံပါသည်။