Monday, November 30, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (နဝမနေ့) ဆက်လက် ကျင်းပ


ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဌမနေ့) ဆက်လက် ကျင်းပ


ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(ပထမနေ့)ကျင်းပ


၂၀၁၅ခုနှစ် နိုဝင်ဘာလအတွင်းကထုတ်ဝေခဲ့သော World Giving Index 2015(WGI) တွင် ကမ္ဘာ့ရက်ရောမှု အရှိဆုံးနိုင်ငံ(၁၀)နိုင်ငံစာရင်းကိုဖော်ပြခဲ့ရာ မြန်မာနိုင်ငံသည် အဆင့်(၁)အဖြစ် ထိပ်ဆုံးမှ ပါဝင်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးဒေါက်တာမောင်အောင်နှင့် ဆွေးနွေးချက်

ယနေ့ကမ္ဘာ့လူဦးရေ (၆.၈)ဘီလီယျံနှင့် (၂.၂)ဘီလီယျံကျော်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ (၃)ပုံ (၁)ပုံသည် ဆင်းရဲနေသေးကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်ကစတင်ကာ ဆင်းရဲမှု လျော့ချရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်နေခဲ့ပါသည်။ ဘယ်လိုလုပ်ငန်းစဉ်များက ဆင်းရဲမှုကို လျော့ကျစေနိုင်မည်ဆိုခြင်းနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်နှင့် ဆွေးနွေးပြီး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။



လေးခုမြောက်ဆက်သွယ်ရေးလိုင်စင်အတွက် မိတ်ဖက်ကုမ္ပဏီရွှေးချယ်

မြန်မာနိုင်ငံ၏ လေးခုမြောက်ဆက်သွယ်ရေးအော်ပရေတာလိုင်စင်အတွက် ပြည်တွင်းက ကုမ္ပဏီ လုပ်ငန်းစုနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရန် နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီအား အပြည်ပြည်ဆိုင်ရာတင်ဒါစနစ်နှင့် ခေါ်ယူခြင်းကို ဂျာမန်ကုမ္ပဏီရိုလန်ဘာဂါက ဆောင်ရွက်ပေးမည်ဟု သိရပါသည်။ စတုတ္ထထမြောက် ဆက်သွယ်ရေးလိုင်စင်ကို ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီတွေ ပူးပေါင်းဖွဲ့စည်းထားသည့် အထူးပြုကုမ္ပဏီနှင့် နိုင်ငံတကာ မိတ်ဖက်ကုမ္ပဏီကို ချထားပေးသွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူရာတွင် အကူအညီပေးရန် ရိုလန်ဘာဂါကို ငှားရမ်းထားကြောင်းကို ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း သိရပါသည်။ အထူးပြုကုမ္ပဏီကို မြန်မာကုမ္ပဏီ (၁၁)ခုနှင့်ဖွဲ့စည်းထားပြီး နိုင်ငံတကာ မိတ်ဖက်ကုမ္ပဏီရွှေးချယ်ရန်အတွက် ရိုလန်ဘာဂါကို အလုပ်အပ်သွားကြောင်း သိရပါသည်။ လေးခုမြောက် ဆက်သွယ်ရေးလိုင်စင်အတွက် နိုင်ငံတကာမိတ်ဖက် ကုမ္ပဏီရွှေးချယ်ရန် တင်ဒါခေါ်ယူမည့် နေ့ရက်နှင့် အချိန်ကို မသိရသေးဟု သိရပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် တယ်လီနောသုံးစွဲသူ (၁၁.၈)သန်းနှင့် အူရီဒူး သုံးစွဲသူ (၄.၈)သန်းရှိပြီး နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် MPT သုံးစွဲသူ (၁၆)သန်းကျော်ရှိပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနှင့် နည်းပညာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုသူ အလွန်များပြားလျက်ရှိပြီး ၂၀၁၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆက်သွယ်ရေးလိုင်စင်နှစ်ခုအတွက် တင်ဒါခေါ်ယူခဲ့ရာ နိုင်ငံတကာမှ ဆက်သွယ်ရေးကုမ္ပဏီပေါင်း (၉၁)ခု အထိ စိတ်ဝင်စားမှု အဆိုပြုလွှာများ တင်သွင်းလျှောက်ထားခဲ့ကြကြောင်း သိရပါသည်။ 

ဒေသတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင်ဖန်တီးပေးသည့် ရွှေပွားစက္ကူ အိမ်တွင်းမှုလုပ်ငန်း

စက်မှုဖွံ့ဖြိုးမှုများကြောင့် အသုံးအဆောင်ပစ္စည်းများသည် အချိန်တိုအတွင်းတွင် အရေအတွက် များများထုတ်လုပ်နိုင်ပါသည်။ သို့သော်လည်း လူသားလုပ်အားနှင့်ပြုလုပ်သည့် အနုပညာပစ္စည်းများက စက်မှု ထုတ်ကုန်ပစ္စည်းများထက် ပိုမိုတန်ဖိုးထားခြင်းခံရပါသည်။ ဒေသတွင်းရှိ လက်မှုလုပ်ငန်းများ၏ အခြေအနေသည် အသေးစားအိမ်တွင်း လက်မှုလုပ်ငန်းများအဖြစ်ထက်မပိုသော်လည်း ဒေသတွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ပါသည်။  

အခမဲ့ကြော်ငြာဝက်ဆိုဘ်များ အသုံးပြုမှုများလာ

          မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် (၂၀၁၃)ခုနှစ်နောက်ပိုင်းကစပြီး အရှိန်အဟုန်ပြင်းစွာနှင့် တိုးတက်လာပြီး အင်တာနက်အသုံးပြုနှုန်းလည်း မြင့်မားလာခဲ့ပါသည်။ အင်တာနက်အသုံးပြုမှုနှုန်း မြင့်မားလာခြင်းနှင့်အမျှ Online Business  များလည်း ခေတ်စားလာပြီး အင်တာနက် စာမျက်နှာများမှ တစ်ဆင့် အသေးစား စီးပွားရေးလုပ်ငန်းအရေအတွက်သည် ငါးရာကျော်ရှိလာပြီ ဖြစ်ပါသည်။ အခမဲ့ကြော်ငြာ ဝက်ဆိုဘ်များကိုလည်း အသုံးပြုသူ များလာသလို ၎င်းလုပ်ငန်းလုပ်ကိုင်သူများလာခြင်းကိုလည်း တွေ့ရပါသည်။ လွန်ခဲ့သည့်နှစ်များက တစ်ရက်ကို ကြော်ငြာတစ်ရာလောက် ရှိရာကနေ ယခုဆိုရင် တစ်ရက်ကို ကြော်ငြာ နှစ်ရာ့လေးဆယ်ကျော်အထိ တင်လာကြောင်း သိရပါသည်။ ၂၀၁၂ ခုနှစ်တွင် စတင်အသုံးပြုလာကြသည့် ဝက်ဆိုဘ်တွင် နေ့စဉ်နှင့်အမျှ ကြော်ငြာ ရောင်းချမှုသည် ၂၀၁၅ ခုနှစ်အတွင်းတွင် (၇၀)ရာခိုင်နှုန်းလောက်အထိ တိုးတက် လာခဲ့ပါသည်။ အခမဲ့ ဝက်ဆိုဘ်တွင် ကြော်ငြာခြင်းဖြင့် ကြော်ငြာခပေးရန်မလိုဘဲ ရောင်းချင်သည့်သူတွေအနေနှင့် ကြော်ငြာလိုသည့်ပစ္စည်း၏  ဓာတ်ပုံအပါအဝင် အကြောင်းအရာ စုံစုံလင်လင်နှင့်တင်လာသလို ဈေးနှုန်းကိုလည်း အသက်သာဆုံး မှန်ကန်စွာနှင့် ရောင်းလာသည့်အတွက် အရောင်းအဝယ်တွေအလွယ်တကူ ဖြစ်နေခြင်းကို တွေ့ရပါသည်။ Customer တွေအနေနှင့်လည်း လူကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး စိတ်ကြိုက်ဈေး ညှိနှိုင်းလို့ရသည့်အတွက် ရောင်းသူရော ဝယ်သူပါ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အတွက် အခမဲ့ကြော်ငြာဝက်ဆိုဘ် အသုံးပြုလာကြခြင်းကို တွေ့ရှိရပါသည်။ ယခုနောက်ပိုင်းတွင် အွန်လိုင်းစီးပွားရေးဖွံ့ဖြိုးလာခြင်းနှင့်အမျှ လူတွေက ၎င်းဘက်ကို ပိုမှီခိုပြီး စီးပွားရေး  လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်လာနိုင်ပါသည်။


သစ်ခွပန်းဈေးကွက်

          ဝါကျွတ်ကာလသည် ပွဲများတဲ့ရာသီဖြစ်ခြင်းကြောင့် သစ်ခွပန်းရောင်းအားလည်း အမြင့်ဆုံး ဖြစ်နေကြောင်း သိရပါသည်။  

ယခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ကုန်သွယ်မှုပမာဏလျာထားချက်ကို ပြည့်မှီအောင် ဆောင်ရွက်သွားမည်

လက်ရှိဘဏ္ဍာနှစ်လည်အတွင်းတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုတွေကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍ ထိခိုက်မှုရှိခဲ့သော်လည်း ဘဏ္ဍာနှစ်အကုန်တွင် ကုန်သွယ်မှုပမာဏလျာထားချက် အမေရိကန်ဒေါ်လာ (၂၉.၉)ဘီလျံပြည့်မှီရန် ဆောင်ရွက်သွားကြောင်း သိရပါသည်။ ယခုဘဏ္ဍာနှစ်ဧပြီလမှ အောက်တိုဘာလ ကုန်ပိုင်းအထိ ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၆.၈)ဘီလျံနှင့် သွင်းကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၉.၄)ဘီလျံ စုစုပေါင်း ကုန်သွယ်မှုအမေရိကန်ဒေါ်လာ (၁၆.၂)ဘီလျံ ရှိထားပြီး အခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် ပို့ကုန်တန်ဖိုး (၁၂)ဘီလျံနှင့် သွင်းကုန်တန်ဖိုး (၁၇.၇)ဘီလျံထိ ရရှိရန် မျှော်မှန်း ထားပါသည်။ ယခုနှစ်မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောကို အများဆုံးတင်ပို့ခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်းကို ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့သော်လည်း ရေထွက်ပစ္စည်းနှင့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုတွင် အရင်နှစ်ကထက် လျော့နည်းခဲ့ပါသည်။ ယခုနှစ်၏ သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ အများစု ဝင်ရောက်ခဲ့ရာ လူသုံးကုန်ပစ္စည်းအနေနှင့် ဓာတ်ဆီ၊ ဒီဇယ်၊ စားအုန်းဆီ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ ဂျုံမှုန့်နှင့် နို့ဆီတို့ကို အဓိကတင်သွင်းခဲ့ပြီး မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ တင်သွင်းမှုတွင် အရင်နှစ်ကထက် လျော့ကျလာခဲ့ပါသည်။ ယခုနှစ်ပို့ကုန်၊ သွင်းကုန်အနေအထားတွင် လျာထားချက်၏ (၅၄)ရာခိုင်နှုန်းအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီး မျှော်မှန်းထားသည့် (၂၉.၉)ဘီလျံအထိ ရောက်ရှိရန်အတွက် ကျသွားသည့်ကုန်သွယ်မှု ပမာဏကို ပြန်လည်ဖြည့်ဆည်းရန် နည်းလမ်းရှာဖွေနေကြောင်း သိရှိရပါသည်။ 


ကုန်စည်ထုတ်လုပ်မှု၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ (၄/၂၀၁၅))ကြိမ်မြောက် အစည်းအဝေး


နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့တို့က နိုဝင်ဘာလ(၃၀)ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။  အဆိုပါ တွေ့ဆုံခွင့်တောင်းသည့်ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးပါရန် နိုဝင်ဘာ ၁၀ ရက် နေ့စွဲပါစာဖြင့် သီးခြားစီပေးပို့ခဲ့ခြင်းအပေါ် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် သမ္မတအိမ်တော်၌ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရန် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ (၂)နာရီတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ရိပ်သာ၌လည်းကောင်း တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနစ်စစ်ဒေသမှူး အား လက်ခံတွေ့ဆုံ

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ ယူနစ်စစ်ဒေသမှူး Major General Yang Guangyue အား လက်ခံတွေ့ဆုံသည်။  တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ယူနန်စစ်ဒေသမှူးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Wang Jinbo၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။ တွေ့ဆုံစဉ် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအခြေအနေများ၊ ရွေးကောက်ပွဲ လွန်ကာလ နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးအခြေအနေများ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရိုးသားမှုနှင့် ယုံကြည်မှုကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င် ကူးသန်း ရောင်းဝယ်မှုကိစ္စရပ်များတွင် အပြန်အလှန်သတင်းဖလှယ်ရေး၊ ပူးပေါင်းတားဆီးရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။ 

နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် နိုင်ငံရေးေ ဆွးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဒုတိယနေ့အစည်းအဝေးကို နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက် (၁၀)နာရီကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး နှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ဆက်လက်ကျင်းပသည်။  

ပြည်ထောင်စုဝန်ကြီး ဦးညာဏ်ထွန်းအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လက်ရှိဆောင်ရွက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


“မြန်မာသမိုင်းသုတေသနစာတမ်းဖတ်ပွဲ” ကျင်းပ

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကကြီးမှူး ကျင်းပသော “မြန်မာသမိုင်း သုတေသနစာတမ်းဖတ်ပွဲ” ကို နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက် ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား စာကြည့်တိုက် (နေပြည်တော်) Orientation Hall ခန်းမ၌ ကျင်းပသည်။ အဆိုပါစာတမ်းဖတ်ပွဲသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့၊ ဥက္ကဌ ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီး မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဌဦးသန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာနန္ဒာမွှန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် သမိုင်းသုတေသနနှင့် ပတ်သက်၍ တာဝန်ခံ၊ တာဝန်သိ၊ တာဝန်ယူရမည့် သူများသည် မြန်မာသမိုင်းအဖွဲ့နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနပင် ဖြစ်သည့် အတွက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် မြန်မာသမိုင်းအဖွဲ့ကို အထောက် အကူပြုပေးရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးသာမက သမိုင်းကွင်းဆက် ဖြည့်ဆည်းရန်လည်း လိုအပ်ကြောင်း၊ မြန်မာသမိုင်းအဖွဲ့ဝင်များသည် အသက်အရွယ်ကြီးရင့်နေကြပြီး နောင်တစ်ချိန် ယင်းတို့၏နေရာ ဆက်ခံရန်အတွက် ဤဦးစီးဌာနမှ သုတေသနဝန်ထမ်းများသည် သမိုင်းကွင်းဆက်များ ဖြည့်ဆည်းသွားရန် ကြိုးစားသင့်ကြောင်း၊ ဦးစီးဌာန၏ မူလကျောရိုးမပျောက်ပျက်ရန် တာဝန်ယူရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ သုတေသနဟူသည် အရေးကြီးပြီး သမိုင်းပြုစုရေးသားရာတွင် ရည်ရွယ်ချက်ရှိရန် လိုအပ်ကြောင်းနှင့် မှန်ကန်သော အချက် အလက် အထောက်အထားများအား ကိုးကား၍ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်မှု မရှိစေသော သုတေသနစာတမ်းများဖြစ်ရန် အရေးကြီးကြောင်း၊ စာအုပ်စာတမ်းများမှ အချက်အလက် အထောက်အထား များကို အသုံးပြုရုံသာမက လက်တွေ့ကွင်းဆင်းသုတေသသန နှင့်ပေါင်း စပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ မှန်ကန်သော သမိုင်းထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သမိုင်းရေးရာ တွင် နိုင်ငံ၏ သမိုင်း၊ ဘုရင်၏ သမိုင်း၊ ခေတ်၏သမိုင်း ဟူ၍ရှိရာတွင် မည်သည့်သမိုင်းကို ရေးသားမည်ကို စဉ်းစားသင့်ကြောင်းနှင့် သမိုင်းပြုစုရာတွင် လိုက်နာကျင့်သုံးရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ် တဝင့် ပြောကြားသည်။ ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာတွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြမြသောင်းက “မွန်မင်းဆက် ပြန်လည်ပေါ်ထွန်း လာခြင်းနှင့် အင်းဝနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ခြင်း” စာတမ်းကိုဖတ်ကြားတင်သွင်းရာ တက်ရောက် လာသူများက ဖြည့်စွက်ဆွေးနွေးကြသည့်အပေါ် စာတမ်းရှင်က ရှင်းလင်းပြောကြားကာ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာ့သမိုင်းအဖွဲ့၊ ဒုတိယဥက္ကဌ ဦးသန်းဆွေက လိုအပ်သည်များကို ဖြည့်စွက် ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် စကား ပြောကြားသည်။

အလေးမနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ


ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယ မီးထွန်းပွဲတော် ကျင်းပ


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ကလေးမြို့၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးတင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံ


ပိုလန်-မြန်မာ နှစ်(၆၀)ပြည့် သံတမန် ဆက်ဆံရေးဂီတ ဖျော်ဖြေပွဲကျင်းပ


ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် Health Communication Forum ကျင်းပ


ကျောင်းသား (၁၅၀၀)ကျော် အခမဲ့ပညာသင်ကြားနေသည့် ဟိုပုံးမြို့ရှိ ဘုန်းတော်ကြီးသင်ကျောင်း


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ဆက်လက် ကျင်းပ


ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ဆက်လက် ကျင်းပ


ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)ဆက်လက် ကျင်းပ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၉၆/၂၀၁၅)အားထုတ်ပြန်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးတင်အေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ Myanmar Egress အဖွဲ့မှ သင်တန်းသား သင်တန်းသူများနှင့် လက်ခံတွေ့ဆုံ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP-21) စတင် ကျင်းပ





တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် (၃)ကြိမ်မြောက် အာဆီယံဒေသတွင်း နိုင်ငံများ၏ အာကာသလုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်





အမေရိကန်သမ္မတ ပြင်သစ်နိုင်ငံရောက်ရှိနေစဉ် ပဲရစ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများရှိရာသို့ သွားရောက်ပြီး ၀မ်းနည်းကြောင်းပြသ





အီဖယ်မျှော်စင်တွင် ကမ္ဘာ့သစ်တောများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၀၀% အသုံးပြုရန်အတွက်ရည်ရွယ်ကာ မီးများထွန်းညှိခဲ့





အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားတက္ကသိုလ်မှ ကျောင်းသားများ အားလပ်ရက်ခရီးသွားနေစဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား