Sunday, May 31, 2015

ဘ၀အချိုးအကွေ့များကို တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်သူ အဆိုတော် တင်ဇာမော်နှင့် တွေ့ဆုံမေးမြန်းခန်း






လွှတ်တော်နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု ပိုများလာရန် ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်




မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်အတွင်းတွင် အမျိုးသမီးပါဝင်နှုန်း နည်းပါးနေကြောင်း သိရပါသည်။ ထို့ကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုနှုန်း ပိုများလာအောင် လုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းလိုက်ကြောင်း သိရပါသည်။ 


အမျိုးသမီးများ လက်ဝှေ့အားကစားကို စိတ်ဝင်စား



ရန်ကုန်မြို့က မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းတွင် အမျိုးသမီးများ စိတ်ဝင်တစားနှင့် လာရောက်သင်ယူပြီး ကစားနေကြကြောင်း သိရပါသည်။  

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများအတွက် အလုပ်အကိုင်ရှားပါး



ရခိုင်ပြည်နယ်တွင်ကျောက်ဖြူစီးပွားရေးဇုန်အပါအ၀င် စီမံကိန်းအတော်များများကို အကောင်အထည် ဖော်နေကြသော်လည်း ဒေသခံအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေကြောင်း သိရပါသည်။  

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းထိ တပ်မတော်အနေဖြင့် မှတ်တမ်းတင်ထားသည့် တိုက်ပွဲကြီး (၁၅၅၇)ပွဲ၊ တိုက်ပွဲငယ်(၁၆၅၇၁)ပွဲ ရှိခဲ့ပါကြောင်း၊ ယင်းတိုက်ပွဲကြီးငယ် များစွာတွင် ထောင်သောင်းမကသော တပ်မတော်သားများ၏ အသက်သွေးချွေးများ ပေးဆပ်ခဲ့ရပါကြောင်း၊ ထိုသို့ပေးဆပ်လုပ်ဆောင်မှုများကြောင့်လည်း မိမိနိုင်ငံ နယ်နိမိတ် ပြောင်းလဲမှုမရှိအောင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကာကွယ်ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိနိုင်ငံတော်၏ အခြေအနေအတိုင်း ရှိနေခြင်းဖြစ်ပါကြောင်း၊ ၄င်းအခြေအနေကို ထိခိုက်စေမည့် မည့်သည့်ကိစ္စရပ်မျိုးကိုမဆို တပ်မတော်အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းမှာ ကျင်းပသည့် ၂၀၁၅ ခုနှစ် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါသည်။


နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၁၅) အထူးအစည်းအဝေး


နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၁၅) အထူးအစည်းအဝေးကို မေလ(၃၀)ရက်နေ့ မနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံကြီးမှာ ကျင်းပရာ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ မန္တလေးမြို့ ဘုရားကြီးတိုက် ဆင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဩဘာသာ ဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဩဝါဒကထာ မြွက်ကြားတော်မူသည်။ အဲဒီနောက် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က သာသနာရေး ဆိုင်ရာများကို လျှောက်ထားပြီး အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ပညာရှင်များက တက္ကသိုလ်၏ ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စများနှင့် စပ်လျဉ်းပြီး ဆွေးနွေးဆုံးဖြတ်ကြပြီး သဘာပတိဆရာတော်က နိဂုံးချုပ် ဩဝါဒစကား မြွက်ကြားတော်မူသည်။


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မလေးရှားနိုင်ငံသို့သွားရောက်


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် မလေးရှားနိုင်ငံမှာ မေ(၂၆)ရက်မှ  (၂၈)ရက်အတွင်း ကျင်းပပြုလုပ်သည့် အာဆီယံ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပြပွဲနှင့် ညီလာခံသို့ တက်ရောက်ရန် မေ(၂၅)ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ သွားရောက်ခဲ့သည်။


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ဂျပန်နိုင်ငံသို့ သွားရောက်


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား စာတိုက်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန်နှင့် စာတိုက်လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းများ လေ့လာရန် မေလ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပါသည်။


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တတိယအကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲ အခမ်းအနား


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ တတိယအကြိမ်မြောက် အမျိုးသားသတင်းဆု (National Press Award) ချီးမြှင့်ပွဲအခမ်းအနားကို မေလ ၃၁ရက်နေ့ ညနေ (၃) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြရိပ်ညိုဟိုတယ်၌ ကျင်းပသည်။


၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာမည်



၂၀၁၅ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်(၆)ရက် စနေနေ့ နံနက်(၆) နာရီအချိန်တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။

(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရွက်လှေအားကစား အသင်းများ စင်ကာပူနိုင်ငံသို့ထွက်ခွာ


ဇွန်လ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ စင်္ကာပူနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် ဦးဆောင်သည့် စီမံအုပ်ချုပ်မှုအဖွဲ့၊ သတင်း ပြန်ကြားရေးအဖွဲ့၊ ရွက်လှေ အားကစား အသင်းများသည် မေလ ၃၁ရက်နေ့ နံနက်က လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ကြသည်။ ကျန်ရှိသော မြန်မာအားကစား အသင်းများသည် ဇွန်လ (၁)ရက်နေ့မှာလည်း စင်္ကာပူနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။


ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှ ဂိလာနဘိုးဘွားများအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ


ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှ ဂိလာနဘိုးဘွားများ၏ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ရည်ရွယ်ပြီး တာမွေကြီး (ခ)ရပ်ကွက်ရှိ တွယ်ရာမဲ့ ဂိလာနဘိုးဘွားများ ထောက်ပံ့ရေး စေတနာရှင်များအဖွဲ့မှ ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို တာမွေမြို့နယ် (ခ)ရပ်ကွက်  တာမွေဓမ္မာရုံမှာ မေလ(၃၁)ရက်နေ့က ပြုလုပ်ခဲ့ပါသည်။


လူရည်ချွန်ဟောင်းများဦးဆောင်ကာ လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ပြီး အခမဲ့ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ


၁၉၆၄-၈၈ လူရည်ချွန် (၁၄၀ဝ)ကျော်များ ပါဝင်ဖွဲ့စည်းထားသည့် လူရည်ချွန်ဟောင်းများ ဦးဆောင်ကာ လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၁၄ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး အခမဲ့ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၃၁ရက်နေ့တွင် ကုသိုလ်ဖြစ် ခွဲစိတ်ကုသမှုများကို ရန်ကုန်မြို့ ဝိတိုရိယဆေးရုံတွင် ပြုလုပ်ပေးခဲ့ပါသည်။


ဆေးတက္ကသိုလ်(၁) ကျောင်းသား၊ကျောင်းသူဟောင်းများအသင်းမှ ဦးစီးကျင်းပသည့် ပဉ္စမအကြိမ် စဉ်ဆက်မပြတ် ဆေးပညာနှီးနှောဖလှယ်ပွဲ


ဆေးတက္ကသိုလ်(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ အသင်းမှ ဦးစီးကျင်းပသည့် ပဉ္စမအကြိမ် စဉ်ဆက်မပြတ် ဆေးပညာ နှီးနှောဖလှယ်ပွဲကို ဒီကနေ့မှာ လမ်းတော်မြို့နယ် ဆေးတက္ကသိုလ်(၁) ဇီဝကခန်းမမှာ ကျင်းပခဲ့ပါသည်။


သာကေတမြို့နယ်အတွင်းရှိ ပြည်သူများလက်ဝယ်သို့ မီးသတ်ဆေးဘူးများ ပေးအပ်ပွဲအခမ်းအနား


ပြည်ထဲရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် သာကေတမြို့နယ် အတွင်းရှိ ပြည်သူများ လက်ဝယ်သို့ မီးသတ်ဆေးဘူးများ ပေးအပ်ပွဲ အခမ်းအနားကို သာကေတမြို့နယ် (၇)အရှေ့ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံမှာ ဒီကနေ့ မနက်(၁၁)နာရီတွင် ကျင်းပခဲ့ပါသည်။


ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားကျင်းပ (ရန်ကုန်တိုင်းဒေသကြီး)




ပြန်ကြားရေးဝန်ကြီးဌာန Call Center တည်ထောင်ပြီး ပြည်သူများသို့ ၀န်ဆောင်မှုပေးရန် ဆောင်ရွက်လျက်ရှိ




ရိုက်ကွင်းပုံရိပ်အစီအစဉ် (အချစ်ပြန်ပေး ပြန်ပေးအချစ်)

ဒါရိုက်တာဦးသန့် ရိုက်ကူးပြီး သရုပ်ဆောင်များဖြစ်သည့် ဖြိုးငွေစိုး၊ ခိုင်မြတ်သဇင်၊ ပြုံးမြသွယ်နှင့် ဖိုက်စတား အဖွဲ့တို့ ပါဝင်ရိုက်ကူးထားသည့် “အချစ်ပြန်ပေး ပြန်ပေးအချစ်” ဗီဒီယိုဇာတ်ကားကို သိရှိနိုင်ရန် တင်ပြအပ် ပါသည်။ 

ရုပ်ရှင်လမ်းညွှန်အစီအစဉ် (Testament of Young ရုပ်ရှင်ဇာတ်ကား)

Testament of Young ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံများတွင် ဇွန်လ (၅)ရက်နေ့ တွင် စတင်ရုံတင်ပြသမည်ဖြစ်ကြောင်း သိရပါသည်။ ၎င်းရုပ်ရှင်သည် အင်္ဂလိပ်စာရေးဆရာမဖြစ်သည့် ဗီယာ ဘရစ်တိန် အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဗီယာက ၁၉၁၇ခုနှစ်က အင်္ဂလန်နိုင်ငံတွင် အမျိုးသမီးများ ကောလိပ်တက်ခြင်းကို တားမြစ်ထားသည့်အချိန်တွင် ကောလိပ်တတ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပါသည်။ ကောလိပ်တတ်ခွင့်ရပြီးချိန်တွင် ပထမ ကမ္ဘာစစ်ကြီးဖြစ်ပြီး သူ၏ သူငယ်ချင်းများက ရှေ့တန်းကိုစေလွှတ်ခံရပါသည်။ သူက ကောလိပ်မှထွက်ပြီး သူနာပြုသင်တန်းတက်ရောက်ကာ ဗြိတိန်နှင့် ဂျာမနီစစ်ပွဲအတွင်း နှစ်ဘက်စစ်သားများဆေးကုသပေးပုံကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ထိုဇာတ်ကားကို ဒါရိုက်တာ ဂျိမ်စ် ကမ်းက ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပြီး သရုပ်ဆောင်များဖြစ်ကြသည့် အဲလစ်ရှာ ဗင်ကထာ၊ ကစ် ဟာရင်တန်၊ ကိုလင် မော်ဂန်၊ အမ်မလီ ဝက်ဆန် စသည့် သရုပ်ဆောင်များအပြင် တခြားသရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကားကို Lions gates ကုမ္ပဏီမှ ဖြန့်ချိမှာဖြစ်ပါသည်။ 

ဆစ်ဒနီမြို့တွင် ဗီဗစ်မီးထွန်းပွဲကို ကျင်းပ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ဗီဗစ်မီးထွန်းပွဲကို ကျင်းပနေကြောင်း  သိရပါသည်။


ရိုးစလင်းစတုန်းတေးဂီတအဖွဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုကို ဟောလိဝှဒ်မှ စတင်ဖျော်ဖြေ

ကမ္ဘာကျော်တေးဂီတအဖွဲ့ဖြစ်သည့် ရိုးစလင်းစတုန်းက သူတို့၏ ကမ္ဘာလှည့်ဖျော်ဖြေမှုမစခင် ဟောလိဝှဒ်တွင် စတင်ဖျော်ဖြေခဲ့ကြောင်း  သိရပါသည်။ 

ပြင်သစ်နိုင်ငံတွင် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ကျင်းပ

ပြင်သစ်နိုင်ငံ ကိန်းစ်မြို့တွင် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့ကြောင်း  သိရပါသည်။


တိုင်းရင်းသားတေးသံရှင်သစ် အိုက်ထွန်း၏ “မေးခွန်း” ဆိုတဲ့ DVD ကာရာအိုကေကို စတင်ဖြန့်ချိ

တိုင်းရင်းသားတေးသံရှင်သစ် အိုက်ထွန်း၏ “မေးခွန်း” ဆိုတဲ့ DVD ကာရာအိုကေကို စတင်ဖြန့်ချိလိုက်ကြောင်း သိရှိရပါသည်။

The Broken Rhymes ပန်းချီပြပွဲကို ရန်ကုန်မြို့တွင် ပြသ

ပြည်တွင်းက ဆင်းရဲနွမ်းပါးသူများ၏ လူနေမှုဘ၀ပုံစံများကို ရေးဆွဲပြသထားသည့် The Broken Rhymes ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ်ပန်းချီပြခန်းတွင် ပြသခဲ့ကြောင်း သိရှိရပါသည်။

ရုပ်သေးပညာ ရက်တိုသင်တန်းကို မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြား

မြန်မာ့ရုပ်သေးကြိုးဆွဲပညာအပြင် ရုပ်သေးရုပ်(ကရုပ်) ပြုလုပ်သည့် ပညာနှင့် လက်ထိုးရုပ်သေးပညာ ရက်တို သင်တန်းကို မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားကြောင်း သိရှိရပါသည်။ 

7 minutes အစီအစဉ်


ဂျာမနီနိုင်ငံမှ Thyssenkrupp (သင်ဆင်ခရစ်) က မြန်မာနိုင်ငံ၏နည်းပညာကိုအခြေခံသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု များကို ကူညီပေးမည်

ယခုနှစ် မြန်မာနိုင်ငံစီးပွားရေးဈေးကွက်ထဲကို နိုင်ငံတကာမှ ပြန်လည်ဆက်သွယ်လာခြင်းများ၊ စီးပွားရေးပြန်လုပ်ရန် အခွင့်အရေးရှာလာကြခြင်းများ များလာကြောင်း သိရပါသည်။ ထိုလုပ်ငန်းများတွင် ဂျာမနီနိုင်ငံက စက်မှုလုပ်ငန်းအုပ်စု ဖြစ်သည့် Thyssenkrupp (သင်ဆင်ခရစ်) က မြန်မာနိုင်ငံ၏ နည်းပညာကို အခြေခံသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရန် ကူညီပေးနိုင်မည့် အခန်းကဏ္ဍအသစ်တစ်ခုကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ပြောကြောင်း သိရပါသည်။ 

မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်ဝင်နိုင်ရန် ပြိုင်ပွဲတစ်ခုနှင့် စတင်

ကမ္ဘာ့အထူးတန်း ကော်ဖီဈေးကွက်ကို မြန်မာကော်ဖီစိုက်တောင်သူများ တတ်လှမ်းရောက်ရှိနိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကော်ဖီအရည်အသွေး အကဲဖြတ်အမှတ်ပေးပြိုင်ပွဲကို ယခုမေလ နောက်ဆုံးအပတ် ထဲတွင် ရန်ကုန်မြို့တွင်  ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။ ၂၀၁၅ခုနှစ်အတွက် ရိတ်သိမ်းထားသည့် ဒေသတွင်း ကော်ဖီအမျိုးအစားပေါင်း (၅၈)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းပြိုင်ပွဲမှ ဒေသတွင်းကော်ဖီဈေးကွက်က ကမ္ဘာ့အထူးတန်း ကော်ဖီဈေးကွက်ကို တကယ်ဝင်ရောက်နိုင်မလားဆိုခြင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။


မြန်မာနိုင်ငံက ရော်ဘာများကို မလေးရှားနိုင်ငံမှ အများအပြားဝယ်ချင်

ယခုမေလ နောက်ဆုံးပတ်ထဲတွင် မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများသည် ရန်ကုန်မြို့တွင် တွေ့ဆုံထားပြီး နှစ်နိုင်ငံကြားကုန်သွယ်မှုအတွက် မြန်မာနိုင်ငံမှ ရော်ဘာများကို အများအပြားဝယ်ယူသွားရန် ဆန္ဒရှိနေကြောင်း သိရပါသည်။ 


Saturday, May 30, 2015

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မှော်ဘီမြို့နယ်ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး ဌာနခွဲသို့ သွားရောက် ကြည့်ရှု

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိ သူများနှင့် အတူ မေလ(၃၀)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စက်မှု ဝန်ကြီး ဌာန မြန်မာ့ဆေးဝါး လုပ်ငန်း(အင်းစိန်) ကြီးကြပ်မှု အောက် ရှိ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနခွဲ(မှော်ဘီ)သို့ သွားရောက် ကြည့်ရှု စစ်ဆေး ရာ စက်ရုံမှူး ဦးဝင်းကိုကိုက ဆေးဝါး စက်ရုံ(အင်းစိန်) ရှိ မွေးမြူရေး ဌာနအား မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး ဌာနခွဲ (မှော်ဘီ) သို့ ပြောင်းရွှေ့ပြီးစီး မှု အခြေအနေ၊ မြင်းများ၊ သိုးများထားရှိရန် အဆောက်အအုံ များ ဆောက်လုပ်ထားရှိ မှုကို ရှင်းလင်းတင်ပြသည်။