Thursday, December 31, 2015

မျက်မှောက်ရေးရာအဖြာဖြာကဏ္ဍ - Online Shopping

မြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲမှုများပြားလာသည်နှင့် အမျှ အွန်လိုင်းဈေးဝယ်စနစ်များလည်း သုံးစွဲသူများအကြားရေပန်းစားလာပါသည်။ မြန်မာနိုင်ငံ၏ အွန်လိုင်းဈေးဝယ်စနစ်တွင် website မှရောင်းချခြင်းထက် Facebook မှရောင်းချခြင်းက ပိုမိုများပြားနေပြီး online ဈေးဝယ်စနစ်နဲ့ပက်သက်၍ ပေါ်ပေါက်လာသည့် ပြသနာများကို တည်ဆဲဥပဒေအရသာ တိုင်ကြားပြီး အရေးယူနိုင်ပြီး သီးသန့်ဥပဒေမရှိသေးဘူးဟုသိရပါသည်။ online ဈေးဝယ်စနစ်နဲ့ပက်သက်ပြီး မည်ကဲ့သို့ စီစဉ်ဆောင်ရွက်သင့်သလဲဆိုတာဆွေးနွေးထားခြင်း ဖြစ်ပါသည်။

မျက်မှောက်ရေးရာအဖြာဖြာကဏ္ဍ - ပြုပြင်ပြောင်းလဲရမည့် ပညာရေးစနစ်

ပညာရေးဝန်ကြီးဌာနကနေ လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်း အသစ်ကို ပြောင်းလဲသင်ကြားနိုင်ရန်အတွက် ၂၀၁၃ခုနှစ် ကစတင်ပြီး အကောင်အထည်ဖော်ခဲ့သည်ဟုသိရပါသည်။ ပညာရေးစနစ်အဟောင်းမှ အသစ်သို့ စတင်ပြောင်းလဲသွားမည် ဆိုလျှင် ပညာရေးစနစ်အသစ်မှာ ဘာတွေထူးခြားပြောင်းလဲသွားနိုင်မည်၊ မည်သည့်အခက်အခဲများရှိနေသည်ဆိုသည်ကို ဆွေးနွေးထားခြင်းဖြစ်ပါသည်။

ကမ္ဘာတစ်ဝန်းနှစ်သစ်ကိုကြိုဆိုသည့် နှစ်သစ်ကူးပွဲတော်များဆင်နွှဲ


ပြင်သစ်၊ ဘယ်လ်ဂျီယမ်နှင့် အမေရိကန်တို့တွင် လုံခြုံရေးကြောင့် မီးရှူးမီးပန်းအစား ရောင်စုံမီးများဖြင့်ကျင်းပ


ဂျာမနီ၊ မြူးနစ်တွင် IS များဗုံးခွဲမည့်သတင်းကြောင့် ဘူတာရုံနှစ်ခုပိတ်ထားရ


တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်စမည်ဟု အာဖဂန်သမ္မတပြောကြား


နယူးဒေလီတွင် လေထုညစ်ညမ်းမှုပမာဏစတင်တိုင်းတာမည်


တူရကီအလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် နှင်းများထူထပ်စွာကျဆင်းပြီး ကျောင်းများပိတ်ထားရ


ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)ရက် မြောက်နေ့ အစီအစဉ် ဆက်လက်ကျင်းပ


ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်


ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း(၃)ခုအား အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ရင်းနှီးတည်ဆောက်သူအား နိုင်ငံတကာစီံနှုန်းများနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါရလဒ် ကြေညာသည့် အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနား


တိုင်းရင်းသားလူငယ်များ ကွန်ရက်၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မိသားစု ၂၀၁၆ခုနှစ် အကြိုနှစ်သစ်ကူးညစာ မိတ်ဆုံစားပွဲ ကျင်းပ


ကရင်ပြည်နယ် ဘားအံမြို့မှာ စစ်ဘေးရှောင် ပြည်သူများအတွက် ငြိမ်းချမ်းရေးရှိုက်သံလူငယ် ပရဟိတအသင်းမှ ရန်ပုံငွေလိုက်လံကောက်ခံ


မန္တလေးမြို့သူမြို့သားများ၏ ၂၀၁၆ ခုနှစ် နှစ်သစ်ကိုကြိုဆိုမှုများ


မန္တလေးပညာရေးတက္ကသိုလ် စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ကျင်းပ


၂၀၁၅ -၂၀၁၆ ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ


ချင်းပြည်နယ် ဖလမ်းမြို့တွင် တောအုပ်များ စွမ်းဆောင်ရည်မြင့်မားရေး အမှတ်စဉ် (၁) သင်တန်း ပြုလုပ်


တိုင်းရင်းသားရိုးရာ အစားအစာ၊ ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ (တောင်ကြီး)


ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်အမတ် ဦးဆောင်သည့် ကိုယ်စာလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမေရိကန်ကွန်ဂရက် အထက် လွှတ်တော်အမတ်အား လက်ခံတွေ့ဆုံ


NEW YEAR ည နေပြည်တော်/ရန်ကုန်/မန္တလေး စည်ကားများပြား


Wednesday, December 30, 2015

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ ဆက်လက်ကျင်းပ


မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၁၅)


ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ တင်ဒါရလဒ်ကြေညာသည့် အခမ်းအနား (နေပြည်တော်)


လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေရှည် တည်တံ့ခိုင်မြဲရေး လုပ်ငန်း (၆၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု


ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် သုဝဏ္ဏသာမဇာတ်တော်ကြီးကို ညစဉ် (၇) နာရီ၌ အများပြည်သူများအား အခမဲ့ ဖျော်ဖြေတင်ဆင်မည်


ယီမင်တွင်ဆော်ဒီဦးဆောင်သည့်တပ်ဖွဲ့များ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုကာကိုလာစက်ရုံပျက်စီး


ချမ်းချမ်း၏ “အိပ်မက်” တေးစီးရီး DVD ကာရာအိုကေထွက်ရှိမည်

တေးသံရှင်ချမ်းချမ်း၏ “အိပ်မက်” တေးစီးရီး DVD ကာရာအိုကေထွက်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။


ယူကရိန်းမှရုရှားသို့ပေးရန် ကြွေးမြီဒေါ်လာ(၃)ဘီလျံပေးရန်ပျက်ကွက်ပြီးတရားရင်ဆိုင်ရန်ပြင်ဆင်


နန်းခင်ဇေယျာ၏ ပထမဆုံးတေးစီးရီးထွက်ရှိခြင်း အထိမ်းအမှတ် ပရိသတ်တွေ့ဆုံပွဲ ကျင်းပ

နန်းခင်ဇေယျာ၏ ပထမဆုံးတေးစီးရီးသစ်ဖြစ်သည့် “ဘယ်တော့မှမရပ်” ထွက်ရှိခြင်း အထိမ်းအမှတ် ပရိသတ်တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ 

ပတ္တမြား FM Live Show (2) တေးအယ်လ်ဘမ်သစ် ထွက်ရှိမည်

ပတ္တမြား FM ရေဒီယို၏ Live Show (2) တေးအယ်လ်ဘမ်သစ် ထွက်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။


လက်နက်ကိုင်တိုက်ခိုက်မှုများကိုစိုးရိမ်၍ နှစ်သစ်ကူးမီးရှူးမီးပန်းပစ်ဖောက်မှုကို ဘယ်လ်ဂျီယမ်တာဝန်ရှိသူများ တားမြစ်


နှစ်သစ်ကူးပွဲတော်အတွက် ဂျမနီနှင့် ပဲရစ်မြို့တော်များတွင် လုံခြုံရေးတိုးမြှင့်


ရှန်ဟိုင်းမှကနေဒါသို့ပျံသန်းလာသည့် လေယာဉ်တစ်စင်း လေကြောင်းမငြိမ်မသက်မှုကြောင့် ခရီးသည် (၂၈)ဦးခန့် ဒဏ်ရာရ


နော်ဝေရှိရေနံတွင်းတူးစင်တစ်ခုတွင် ရေလှိုင်းရိုက်ခတ်မှုကြောင့် လူ(၁)ဦးသေဆုံး


အမေရိကန်တွင်သမိုင်းဝင်ရေကြီးမှုဖြစ်ပေါ်ပြီး ပြည်နယ်အများစုတွင်လည်း ရေကြီးမှုသတိပေးချက်များထုတ်ပြန်


ချီလီငါးဖမ်းသမားများ သောင်တင်နေသည့်အပြာရောင်ဝေလငါးတစ်ကောင်အားကယ်တင်


၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ည(၇) နာရီမှစတင်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများ၊ ပြည်သူများ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားများကို ထုတ်လွှင့်ပေးသွားမည်


၂၀၁၆ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ


၂၀၁၆ ခုနှစ် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပ (နေပြည်တော်)


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်ငွေ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက် ရေရရှိရေး ကွင်းဆင်း ဆောင်ရွက်


မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပရိယတ္တိဝန်ဆောင် (စာချ) ဆရာတော်များအား ပူဇော်ပွဲ (ရန်ကုန်)


လွိုင်ကော်မြို့နယ်တွင် ထီးစဲခါးရေတံခွန်တွင် တရားစခန်း ဖွင့်လှစ်


မြန်မာတိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနား (နေပြည်တော်)


အမျိုးသားပို့ကုန် မဟာဗျုဟာ ရည်မှန်းချက်ပါ အဓိကထွက်ကုန်များ အကောင်အထည်ဖော်ရေးနှင့် ကျေးလက်ဒေသ အသေးစားထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ (မြိတ်မြို့)


ကျောက်မဲမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ


(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ် ဖွင့်ပွဲ ကျင်းပ (ညောင်လေးပင်မြို့)


(၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ ကျင်းပ (တောင်ကြီးမြို့)


ရုရှားလေတပ်မှ ဗုံးများ ဒုံးကျဉ်များဖြင့် ဆက်တိုက် တိုက်ခိုက်လျက်ရှိကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်သူများ ပြောကြား


ဆီးရီးယားနိုင်ငံတွင်း ရုရှားမှ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သမားများ သေဆုံးမှု မြင့်တက်လျက်ရှိ


အင်ဒိုနီးရှား ဘဏ္ဍာငွေ စောင့်ကြည့်စစ်ဆေးရေးမှ တာဝန်ရှိသူများ သြစတြေးလျမှ လှူဒါန်းငွေများနှင့် ပတ်သက်၍ သံသယရှိ


အမေရိကန်သမ္မတလောင်း Donald Trump က မဲဆွယ်စည်းရုံးရေးအတွက် တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြား ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗


စပိန် မသန်စွမ်းအဖွဲ့မှ မသန်စွမ်းကလေးငယ်များ ကောင်းမွန်စွာ အသုံးပြုနိုင်မည့် Wheel Chair တစ်မျိုးကို တီထွင်


HyQ2Max အမည်ရ စွမ်းအားဖြင့် ခြေ လေးချောင်းပါ စက်ရုပ်တစ်မျိုးကို အီတလီနိုင်ငံ စက်မှုနည်းပညာမှ တီထွင်


တရုတ်နိုင်ငံ ရှန်ဒုန်းပြည်နယ်မှ မိုင်းတွင်းပြိုကျမှုကြောင့် ပိတ်မိလျက်ရှိသည့် မိုင်းတွင်းလုပ်သား (၈) ဦး အသက်ရှင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုပြောကြား ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗


တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပတ်ဝန်းကျင်တွင် ဖောက်လုပ်ထားသည့် မြန်နှုန်းမြင့် မီးရထားလမ်း ဖွင့်ပွဲကျင်းပ


အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းရှိ ဒေသခံများ သဘာဝဘေးဒဏ်ခံစားနေရ


ကမ္ဘာကျော် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်အကြောင်း


ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (၂/၂၀၁၅) အစည်းအဝေးကျင်းပ


ငါးမွေးမျြူရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နတ်ရေကန် ငါးလုပ်ငန်းစခန်း(၃)


စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ တို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၃၀)ရက်နေ့ နေ့လည် ၃ နာရီတွင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး များ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang ဦးဆောင်သည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့ အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang တို့က လက်မှတ် ရေးထိုးကြသည်။ အဆိုပါ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာမည် ဖြစ် ပြီး ရေဘေးသင့် ဒေသများတွင် ဆောင်ရွက်နေသည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ ကျန်းမာရေးနှင့် ဆေးဝါးစီမံချက် အပါအဝင် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်များ အတွက် အထောက်အကူ များ ရရှိလာမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ


၂၀၁၆ နှစ်သစ်ကူးတွင် ဘေးကင်းလုံခြုံစွာနှင့် ပျော်ရွှင်စွာကြိုဆိုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စီစဉ်ဆောင်ရွက်


မိုးလေ၀သအခြေအနေ (၃၁-၁၂-၂၀၁၅)ရက်နေ့ နံနက်ထုတ်ပြန်ချက်


တပ်မတော်(ကြည်း)ဗိုလ်လောင်းသင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ


ကချင်ပြည်နယ်လွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနား


စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အား ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် အားကစားတက္ကသိုလ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဗဟန်း)အား ကြည့်ရှုစစ်ဆေး


မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် နှစ်သစ်ကြိုဆိုသန့်ရှင်းရေးလုပ်ငန်းများအား မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်


မြန်မာ့စာတိုက်လုပ်ငန်းမှ (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း (၂၀၀) ကျပ်တန် နှင့် (၁၀၀) ကျပ်တန်များအား ၄-၁-၂၀၁၆ ရက်နေ့တွင် စတင်ရောင်းချမည်



ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် Taxi Campaign ပြုလုပ်


အီရတ်နှင့် ဆီးရီးယားနိုင်ငံအတွင်းရှိ IS များကို ပစ်မှတ်ထားပြီး အမေရိကန်တို့မှ လေကြောင်း တိုက်ခိုက်မှု (၃၁) ကြိမ် ပြုလုပ်ခဲ့


ပါကစ္စတန်အနောက်မြောက်ဘက်ရှိ အစိုးရရုံးတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း (၂၃) ဦးထက်မနည်း သေဆုံး


ဂီနီနိုင်ငံအား အီဘိုလာကင်းစင်သည့် နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ကြေညာ


အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးတွင် မျက်မမြင်များနှင့် အမြင်အာရုံ ချို့တဲ့သူများအတွက် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်တွင် 3D နည်းပညာဖန်တီးထားသည့် ပန်းချီလက်ရာ ပြသ


အီရတ်နိုင်ငံသည် စွန်ပလွန်သီးများထွက်ရှိရာနိုင်ငံဖြစ်သောကြောင့် ကြီးမားသည့်အောင်မြင်မှု ရရှိရန် ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် အပင်များနှင့် စတင်မိတ်ဆက်


ခရစ္စမတ်အကြိုနေ့တွင် ဂျပန်နိုင်ငံ၏ ကိုယာမာ ပင်လယ်အော်ထဲသို့ ကြီးမားလှသည့် ကင်းမွန်ငါးကြီး တစ်ကောင် ရောက်ရှိလာ


New Year အကြိုပြင်ဆင်ထားမှုများ


ရုရှားအရှေ့ဖျားဒေသတွင် အင်အားပြင် နှင်းမုန်တိုင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့


စီးပွားရေးပညာရှင် ဦးလှမောင်နှင့် ဆွေးနွေးတင်ပြချက်




          မြန်မာ့စီးပွားရေးမှန်ကန်စွာဖွံ့ဖြိုးဖို့ ဆွေးနွေးတိုင်း မြန်မာ့ငွေကြေးမူဝါဒနှင့် မြန်မာ့ငွေကြေး စနစ်ကို အခြေခံမှစတင်ပြီး ပြောင်းလဲသင့်ကြောင်း နိုင်ငံတကာမှ စီးပွားရေးပညာရှင်များက အကြံပြုလေ့ရှိပါသည်။ ပြောင်းလဲချိန်ကြာမြင့်ခဲ့သော်လည်း မြန်မာ့စီးပွားရေးအတွက် အရေးပါသည့် မျက်နှာစာတစ်ခုကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ဖွင့်လှစ်လိုက်သည့် စတော့အိတ်ချိန်းခေါ်ငွေကြေး ဈေးကွက်ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိစတော့အိတ်ချိန်း၏အနေအထား နောက်အလားအလာနှင့် ပတ်သက်ပြီး  စီးပွားရေးပညာရှင် ဦးလှမောင်နှင့် ဆွေးနွေးပြီး  တင်ပြအပ်ပါသည်။

မြန်မာ့မိုဘိုင်းဖုန်းဈေးကွက် ကြီးထွားမှုနှုန်းကမ္ဘာပေါ်တွင် စတုတ္ထအမြန်ဆုံးဖြစ်



                မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်သည် ကမ္ဘာပေါ်တွင် စတုတ္ထအလျင်မြန်ဆုံးကြီးထွား လာနေသော ဈေးကွက်ဖြစ်ပြီး ၂၀၁၅ခုနှစ်၊ တတိယသုံးလပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ တိုးပွားလာသော မိုဘိုင်းဖုန်းအသုံးပြုသူ(၈၇)သန်း၏(၆)ရာခိုင်နှုန်း ဖြစ်သည့် (၅.၂၂)သန်းသည် မြန်မာနိုင်ငံကဖြစ်ကြောင်း Ericsson mobility အစီရင်ခံစာက ဖော်ပြထားပါသည်။  လူဦးရေ အဆမတန်များပြားသော အိန္ဒိယ၊ တရုတ်နှင့် အမေရိကန်နိုင်ငံပြီးရင် မိုဘိုင်းဖုန်းသုံးစွဲသူ တိုးပွားမှုနှုန်းကမ္ဘာတွင် စတုတ္ထအမြန်ဆုံးဖြစ်ပါသည်။  မြန်မာနိုင်ငံတစ်ဝန်းလုံး ဆက်သွယ်ရေးအော်ပရေတာ (၃)ခုမှ မိုဘိုင်းဆင်းမ်ကဒ်ပေါင်း (၃၃)သန်းကျော် ရောင်းချထားပေးပြီး တယ်လီနောသုံးစွဲသူ (၁၁.၈)သန်း၊ အူရီဒူး သုံးစွဲသူ (၄.၈)သန်းနှင့်  MPT သုံးစွဲသူ (၁၆)သန်းကျော်ရှိပြီး အင်တာနက် အသုံးပြုသူ (၂၇)သန်းကျော်ရှိပါသည်။  မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူ (၆၅)ရာခိုင်နှုန်းတွင် စမတ်ဖုန်းအသုံးပြုသူများဖြစ်ကြပါသည်။ မြန်မာ့မိုဘိုင်းဖုန်းဈေးကွက်သည် ယခင်က မပြောပလောက်သော သုံးစွဲမှုပမာဏမှ အလျင်အမြန် တိုးပွားလာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် လူဦးရေ၏ (၉)ရာခိုင်နှုန်းခန့်သာ မိုဘိုင်းဖုန်းအသုံးပြုခဲ့ရာမှ ၂၀၁၅ နှစ်လယ်လောက်တွင် (၅၄.၆)ရာခိုင်နှုန်းအထိရှိလာ ပါသည်။ ၂၀၁၈ခုနှစ်တွင် မိုဘိုင်းဖုန်း သုံးစွဲမှုပမာဏမှာ (၇၀)ရာခိုင်နှုန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားပါသည်။

IS များထံမှ ရာမာဒီမြို့ကို အီရတ်အစိုးရမှ ပြန်လည်ထိန်းချုပ်မှုပြုနိုင်ပြီး အီရတ်ဝန်ကြီးချုပ်က ရာမာဒီသို့ လေယာဉ်ဖြင့် သွားရောက်


Tuesday, December 29, 2015

ကမ္ဘာ့ဆန်ဈေးနှုန်းထက် ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေ



          ပြည်တွင်းဆန်ဈေးနှုန်းသည် တင်းတစ်ရာကို ကျပ်ငါးသိန်းခွဲ၊ ခြောက်သိန်းနီးပါးဖြစ်နေခြင်းကြောင့် ပြည်တွင်းဆန်ဈေးက ကမ္ဘာ့ဆန်ဈေးထက် တစ်တန်ကို ဒေါ်လာငါးဆယ်ဝန်းကျင်လောက် မြင့်တက်နေကြောင်း သိရပါသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုအဆင်ပြေလာမည်


၂၀၁၅ခုနှစ် ဘဏ္ဍာနှစ်အတွင်းတွင် မြန်မာနိုင်ငံနှင့် အမေရိကန်ကုန်သွယ်မှုပမာဏသည် ဒေါ်လာ သန်းတစ်ရာကျော်သာ ရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  သိရပါသည်။ ယခင် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံနှင့် အမေရိကန်ဒေါ်လာ သန်းငါးရာ့ငါးဆယ်နီးပါးရှိပြီး ယခုဘဏ္ဍာနှစ်ကုန်ရန် နီးလာသည့်အထိ ကုန်သွယ်မှုသည်သန်းတစ်ရာကျော်သာရှိကြောင်း သိရပါသည်။ အခုလက်ရှိအချိန်ထိ ကုန်သွယ်မှုပမာဏက ဒေါ်လာတစ်ရာ့သုံးသန်းရှိပြီး မြန်မာနိုင်ငံကတင်ပို့သည့် ပို့ကုန်ပမာဏတွင် (၃၈)သန်း ရှိကာ အမေရိကန်နိုင်ငံက တင်သွင်းသည့် သွင်းကုန်ပမာဏက (၆၅)သန်းရှိပါသည်။ ဒီဇင်ဘာလ (၇)ရက်က အမေရိကန်ကုမ္ပဏီများမှ ကူးသန်းရောင်းဝယ်ခွင့်ကို (၆)လတာခွင့်ပြုသည့်အနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကုန်သွယ်ရေးပြစ်ဒဏ်ခတ်မှုတစ်ချို့ကို အမေရိကန်အစိုးရက ဖြေလျှော့ပေးလိုက်ပါသည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုတွေလျော့ချလိုက်သည့်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုသိသိသာသာတိုးတက်လာနိုင်ပြီး ယခင်က စင်္ကာပူနိုင်ငံမှ တစ်ဆင့်ခံတင်ပို့ရကာ ယခု ကုန်သွယ်မှုလည်း ပိုမိုကောင်းမွန်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံက တင်ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပဲမျိုးစုံနှင့်ပန်းနှမ်း သစ်တောထွက်ပစ္စည်း၊ ရေထွက်ကုန်၊ စက်မှုကုန်ချောနှင့် ချုပ်ပြီးအထည်များဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှ သွင်းကုန်များအနေနှင့် လေယာဉ်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ စက်နှင့်စက်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့်ဆိုင်သည့်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေဩဇာနှင့် ဆေးဝါးများအပြင် လူသုံးကုန်များလည်းပါဝင်ကြောင်း သိရပါသည်။ 

ပုဂံဒေသ၏ နေဝင်ချိန်ကို ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေစွာကြည့်ရှုနိုင်မည့် နေရာသစ် တစ်ခုဖန်တီးပေးမည်



 လက်ရှိအချိန် မြန်မာနိုင်ငံ၏ ခရီးသွားရာသီဖြစ်ပြီး နိုင်ငံခြားခရီးသွားအများဆုံး လာရောက် လည်ပတ်သည့်ဒေသများသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးနှင့် ကျိုက်ထီးရိုးစေတီတို့ဖြစ်ပါသည်။ ၎င်းခရီးသွား နေရာများထဲမှ ပုဂံဒေသ၏နေဝင်ချိန်ကို လာရောက်ကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများပြားလာပြီး နေရာမလုံလောက်ခြင်းကြောင့် ပုဂံ၏နေဝင်ချိန်ကို ကြည့်ရှုနိုင်မည့် နေရာသစ်ကို စူဠာမဏိစေတီဘေးတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)မှ ဖန်တီးပေးသွားမယ်လို့သိရပါသည်။ ၎င်းပုဂံဒေသ၏ နေဝင်ချိန်နေရာသစ်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် စူဠာမဏီစေတီဘေးမှာရှိသည့် ရေကန်ဘောင်ကို နေဝင်ချိန်ကြည့်ရှုနိုင်မည့် အနေအထားရောက်အောင် ရှေးဟောင်း အမွေအနှစ်တွေမထိခိုက်စေသည့် ပုံစံမျိုးနှင့် မြှင့်တင်ပေးသွားရန် စီစဉ်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ၏ နေဝင်ချိန်ကို ရွှေဆံတော်ဘုရား၊ ပြဿာဒ်ကြီးဘုရားနှင့် ဧရာဝတီမြစ်အတွင်းမှ လှေများဖြင့် ကြည့်ရှုနိုင်ရန် ခွင့်ပြုပေးထားပြီး နေ့စဉ်လာရောက် ကြည့်ရှုသူထောင်နှင့်ချီ၍ရှိပါသည်။ ပုဂံဒေသသို့ နိုင်ငံခြား  ခရီးသွားဧည့်သည် ဝင်ရောက်မှုတွင် ၂၀၁၄ခုနှစ်အတွင်း နှစ်သိန်းလေးသောင်းကျော်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၅ခုနှစ် တွင် နှစ်သိန်းငါးသောင်းကျော်အထိ ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။