Monday, February 29, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပ


ရန်ကုန်မြို့ အခြေစိုက် ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် ဗြိတိသျှသံရုံးမှ ပထမအတွင်းဝန်တို့ လာရောက်တွေ့ဆုံ


ပရိ ယတ္တိငွေပင်တော် သိန်း(၁၁၃၀)ပြည့် ရေစက်ချပွဲနှင့် စာချ၊ စာသင်၊ စာအောင် သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ


ဒို့ကျေးရွာဂျာနယ် ဝတ္တုတိုပြိုင်ပွဲ ရောင်စုံဓါတ်ပုံပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ


ရန်ကုန်တိုင်းဒေသကြီး မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


မကြာမီစတင်တော့မည့် Yangon Stock Exchange တွင် အစုရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ငွေချေးသက်သေခံ လက်မှတ်စာရင်းဖွင့်နိုင်


အင်တာနက်ပေါ်မှ မှုခင်းများအကြောင်းဆွေးနွေးပွဲ


ရွှေပြည်နန်းအသင့်လိမ်းသနပ်ခါးထုတ်လုပ်ရေးမှ ဃ့ငေမာညေ ဦးကျော်မင်း၏ ဆွေးနွေးချက်



သဘာဝအသီးအနှံ အဆီအနှစ်များကနေ ထုတ်လုပ်သည့် အလှကုန်များကသာ ဘေးထွက် ဆိုးကျိုးမရှိခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းလုံးက ရွေးချယ်သုံးစွဲလာကြပါသည်။ ကျွန်မတို့၏ နှစ်ထောင်ချီပြီး သုံးစွဲလာသည့် သနပ်ခါးမှာလည်း အသားအရေရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေသည့် အစွမ်းသတ္တိတွေရှိကြောင်း သုတေသနရလဒ်တွေက ပြောကြောင်း သိရပါသည်။ ထို့သို့ အကျိုးများသည့် သနပ်ခါးကို ဈေးကွက်ဝင်လာရန် ကြိုးစားလာကြသည့် သူတွေထဲမှ အသင့်လိမ်း သနပ်ခါးဗူးများ ထုတ်လုပ်လာခြင်း (၂၅)နှစ်  သက်တမ်းရှိပြီး ဈေးကွက်ဝေစု၏ (၈၅)ရာခိုင်နှုန်း ကျော်ရရှိထားသည့် သနပ်ခါးလုပ်ငန်းရှင် ဦးကျော်မင်းနှင့် ဆွေးနွေးပြီး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

ပြည်တွင်းမှ ကလေးကစားစရာထုတ်လုပ်ငန်းများ



ကလေးများအတွက် သင့်တော်ပြီး အားလုံးလက်လှမ်းမှီနိုင်မည့် ဈေးနှုန်းလည်းရှိသည့် ကလေးကစား စရာများကို ပြည်တွင်းတွင်ထုတ်လုပ်ရန် စိတ်ကူးသူတွေရှိကြောင်း သိရပါသည်။ သို့သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်ရန် ခက်ခဲနေကြပါသေးကြောင်း သိရပါသည်။ 

၂၀၁၆ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ မတိုင်ခင်အပြီးတည်ဆောက်မည့် အငှားအိမ်ရာစီမံကိန်း



 အခန်းပေါင်းငါးထောင်ခန့်ပါဝင်မည့် အငှားအိမ်ရာကို စိတ်ဝင်စားသူအလွန်များပြားနေကြောင်း သိရပါသည်။ ၎င်းအငှားအိမ်ရာအားလုံးကို ၂၀၁၆ခုနှစ်၊ မတ်လ (၃၁)ရက်နေ့မတိုင်ခင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရပါသည်။ လက်ရှိတွင် အခန်းပေါင်းထောင့်နှစ်ရာကျော်ပြီးစီးနေပြီဟု သိရပါသည်။ ထိုသို့ အငှားအိမ်ရာ တည်ဆောက်ပေးရသည့် ရည်ရွယ်ချက်က အခန်းငှားကအနေနှင့် တစ်ခန်းကို သုံးသောင်းကျပ် ဖြစ်ပြီး မဲစနစ်နှင့် အငှားချပေးမည်ဖြစ်ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်နှင့် ဆောက်လုပ်နေသည့်အပြင် နိုင်ငံတကာအကူအညီနှင့် လည်း ဆောက်လုပ်နေသည့် စီမံကိန်းတစ်ချို့လည်းရှိနေကြောင်း သိရပါသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ပြုပြင်မှုဒီနှစ်အတွင်းပြီးစီး



အသစ်ထပ်မံတိုးချဲ့တည်ဆောက်ပြီး အဆင့်မြှင့်တင်မှုတွေလုပ်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုနှစ်အတွင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်ဖြစ်သည့် ၎င်းလေဆိပ်ကို ၁၉၅၉ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုဆိုသက်တမ်း (၅၇)နှစ်ရှိပြီဖြစ်ပါသည်။ အရင်က ခရီးသည်ဝင်ရောက်မှု (၂.၇)သန်းသာလက်ခံနိုင်ပြီး ယခုအခါ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် ပိုမိုဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ၎င်းလေဆိပ်ကြီးကို အဆင့်မြှင့်တင်မှုများ  ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းစီမံကိန်းကြီး ပြီးစီးသွားပါက ခရီးသည် (၆)သန်း ဝင်ထွက် သွားလာနိုင်မည်ဖြစ်ပါသည်။ ရန်ကုန်လေဆိပ်တိုးချဲ့ဆောင်မှ ပြည်ပထွက်ခွါ ခရီးသည် (၉၀ဝ)က မြေညီထပ်တွင် အသုံးပြုရမည်ဖြစ်ပြီး ဆိုက်ရောက်ခရီးသည် (၉၀ဝ)က ပထမထပ်တွင် တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရွေ့လျားတံတား (၄)ခု၊ နားနေခန်းများနှင့် မော်တော်ယာဉ်အစီးရေ (၃၀ဝ)ကျော်ဆံ့သည့် နှစ်ထပ်ကားပါကင်လည်းပါဝင်မည် ဖြစ်ကြောင်း သိရပါသည်။

အင်တာနက်သုံးစွဲမှုမြင့်မားခြင်းနှင့် ဈေးကွက်ကျဆင်းလာသည့် ပုဂ္ဂလိကသတင်းစာနှင့် ဂျာနယ်များ



          အပတ်စဉ်ထုတ် ဂျာနယ်များရောင်းအားကောင်းခဲ့သည့် ၁၉၉၆-၁၉၉၇ ခုနှစ် ရွှေခေတ်ကာလများနှင့် ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပြုခဲ့သည့် ၂၀၁၃ခုနှစ် အချိန်များက ရောင်းအားအနေအထားများသည် ယခုအခါတွင် ဈေးကွက်ကျဆင်းလာလျက်ရှိကြောင်း သိရပါသည်။

လာမယ့်နှစ်မှာ အထည်ချုပ်လုပ်ငန်းမှ ဥရောပနိုင်ငံများသို့ နှစ်ဆကျော်တင်ပို့ရန် မျှော်မှန်း



ယခင်နှစ်က ဥရောပနိုင်ငံများသို့ အထည်ချုပ်လုပ်ငန်းမှ ယူရိုသန်းလေးရာကျော် တင်ပို့နိုင်ခဲ့ပြီး လာမည့်နှစ်တွင် လက်ရှိတင်ပို့မှုထက် နှစ်ဆကျော်ဖြစ်သည့် ယူရို (၁)ဘီလီယံအထိတင်ပို့ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ ထို့ကြောင့် ပြင်သစ်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏အထည်ချုပ်ကဏ္ဍပိုမိုအားကောင်းလာရန် စီမံကိန်းစာချုပ်ချုပ်ဆိုခဲ့ပါသည်။ ၎င်းစီမံကိန်းတွင် အထည်ချုပ်ကဏ္ဍအတွင်း အလုပ်အကိုင်ခန့်ထားပေးနိုင်မှု ဝန်ထမ်းများ၏အရည်အချင်း တိုးမြင့်လာစေရန် Training Center များထူထောင်ပေးရေးနှင့် ကုန်ကြမ်းအတွက် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို အားထားနေမှုလျော့ချနိုင်ရန် တို့ပါဝင်ကြောင်း သိရပါသည်။ အထည်ချုပ်စက်ရုံများမှ ပြည်ပသို့ အထည်ချုပ်တင်ပို့မှုသည် ၂၀၁၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၅၀ဝ)ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၈၀ဝ)ခန့်တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ယှဉ်ပြိုင်အားအလားအလာ ကောင်းလာပြီး အခြေခံအမျိုးသမီးလုပ်သားထု၏ (၉၀)ရာခိုင်နှုန်းခန့်ကို အလုပ်ခန့်အပ်ထားခြင်းကြောင့် ဆင်းရဲ နွမ်းပါးမှုလျော့ပါးစေရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ပါသည်။