Sunday, September 28, 2014

အရီဇိုးနားတွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေချိန် စံချိန်သစ်တင်

အမေရိကန်နိုင်ငံ အရီဇိုးနား ပြည်နယ်တွင် ယခုအချိန်ဟာ ပုံမှန်အားဖြင့် ခြောက်သွေ့သည့် ရာသီဥတု ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇)ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန် စံချိန်သစ် တင်ခဲ့ကြောင်း သိရပါသည်။ သီတင်းနှစ်ပတ်အတွင်း ဒုတိယ အကြိမ်မြောက် လေပြင်းတိုက်ခတ် ပြီးနောက် မိုးရွာသွန်းမှု ဖြစ်ပေါ်ခြင်းဖြစ်ပြီး ဖီးနစ်မြို့မှာ မိုးရေချိန်ဟာ (၄.၁၆)စင်တီမီတာ အထိရှိကာ နှစ်ပေါင်း (၁၀ဝ)ကျော်အတွင်း စံချိန်သစ် တင်ခဲ့ပါသည်။ အပူပိုင်းမုန်တိုင်း အိုဒီး လ်တိုက်ခတ်ပြီးနောက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ဒုတိယအကြိမ် ရေလွှမ်းမိုးမှု ထပ်မံ ဖြစ်ပွားခဲ့ပါသည်။ အိမ်များနှင့် လမ်းမများမှာ ရေလွှမ်းခဲ့ပြီး လျှပ်စစ်ဓါတ်အားများ ပြတ်တောက်ကာ လေဆိပ်များလည်း ပိတ်ထားခဲ့ရကြောင်း သိရှိရပါသည်။


No comments:

Post a Comment