Saturday, November 29, 2014

ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး 15th  ASEAN Chiefs of Army Multilateral Meeting (ACAMM-15)နှင့် (၂၄)ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 24th  ASEAN Armies Rifle Meet (24 th AARM) ပိတ်ပွဲအခမ်းအနား တက်ရောက်ပြီး နိုဝင်ဘာလ (၂၉)ရက်နေ့ ညနေ(၆)နာရီ(၅)မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပါသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြပါသည်။ 

No comments:

Post a Comment