Ooredoo
Myanmar Limited နှင့် KMA Group of Companies တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်
ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ
Co-operative Business Center တွင် ကျင်းပပါသည်။ CB Bank နှင့် KMA Group of
Companies မှ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ကာတာနိုင်ငံ
Ooredoo Group မှ ဥက္ကဋ္ဌ Sheik Abdullah Bin Mohammed Bin Sand Al-Thani က နားလည်မှု စာချွန်လွှာ
လက်မှတ် ရေးထိုးခြင်း အခမ်းအနားနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြပါသည်။
Saturday, February 1, 2014
စစ်တွေမြို့ရှိ ပြန်လည် အစိုးရ အဖွဲ့ရုံးတွင် ခရီးစဉ် ပြန်လည် သုံးသပ်ရေး ညှိနှိုင်း ဆွေးနွေး
ရခိုင်ပြည်နယ်
အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သော နေရာ ဒေသများကို သွားရောက် လေ့လာခဲ့သည့် ဥရောပ သမဂ္ဂ သံအမတ်ကြီး
Mr. Roland Kobla ဦးဆောင်သော အဖွဲ့ဝင်များနှင့် နယ်စပ် ရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စု
ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်ကျော်ဝင်း စစ်တွေမြို့ရှိ
ပြည်နယ် အစိုးရ အဖွဲ့ရုံး၊ ၀န်ကြီးချုပ်၏ ဧည့်ခန်းမတွင် ခရီးစဉ် ပြန်လည် သုံးသပ်ရေး
ညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ပါသည်။
ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့ မြေပုံမြို့ရှိ ကယ်ဆယ်ရေး စခန်းများအား သွားရောက်ကြည့်ရှု
ရခိုင်ပြည်နယ်တွင်
ရောက်ရှိနေသည့် ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobla ဦးဆောင်သော ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ
သံအမတ်ကြီးများ၊ သံတမန်များ ပါဝင်သော အဖွဲ့သည် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊
တာဝန်ရှိသူများနှင့် အတူ ဇန်န၀ါရီလ (၃၁)ရက် နံနက်ပိုင်းတွင် မြောက်ဦးမြို့မှ ရဟတ်ယာဉ်ဖြင့်
ထွက်ခွါလာကြပြီး မြေပုံမြို့သို့ ရောက်ရှိကြပါသည်။
ရွေးကောက်ပွဲ ဥပဒေမူဘောင်တွင် မသန်စွမ်းသူများ လက်လှမ်းမီ ပါဝင်နိုင်ရေး အလုပ်ရုံဆွေးနွေး
မြန်မာနိုင်ငံ
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စနစ်များဆိုင်ရာ
ဖောင်ဒေးရှင်း IFES တို့ ပူးပေါင်းပြီး မြန်မာ မသန်စွမ်းသူများ အကျုံးဝင်သော ရွေးကောက်ပွဲ
ဥပဒေနှင့် မဲပေးရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီလ
(၃၁)ရက်နေ့ နံနက် (၉)နာရီတွင် ကမာရွတ်မြို့နယ် သံလွင်လမ်းမှာ ပြုလုပ်ခဲ့ပါသည်။
Health Communication Forum
ကျန်းမာရေးဝန်ကြီးဌာန
ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကျန်းမာရေး ပညာဌာနမှာ ကျင်းပတဲ့ Health Communication
Forum ကို ဇန်န၀ါရီလ (၃၁)ရက်နေ့တွင် မြေနီကုန်း၊ စမ်းချောင်းမြို့နယ် အမျိုးသား ကျန်းမာရေး
ပြတိုက်မှာ ပြုလုပ်ခဲ့ပါသည်။
မန်းရတနာ လေကြောင်းလိုင်းသစ်၏ ပထမလေယာဉ်သစ် ရောက်ရှိလာခြင်း
မြန်မာနိုင်ငံ
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ လေကြောင်းလိုင်းသစ်များလည်း တိုးတက်များပြား
လာခဲ့ပါသည်။ ဇန်န၀ါရီလ (၃၁)ရက်နေ့မှာတော့ မန်းရတနာ လေကြောင်းလိုင်းသစ်၏ ပထမ လေယာဉ်သစ်
ရောက်ရှိလာခဲ့ပါသည်။
Subscribe to:
Posts (Atom)