Saturday, March 1, 2014

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှု တာဆီးကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းသစ်ချမှတ်

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းသည် လေထုညစ်ညမ်းမှု တာဆီးကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းသစ်ကို ချမှတ်ခဲ့ပြီး ထိထိရောက်ရာက်လည်း လုပ်ဆောင်သွားမှာဖြစ်သည်။ အဆိုပါ စည်းမျဉ်းသစ်ကို လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသူများအား ဒဏ်ငွေတပ်ခြင်းဖြင့် တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်က ခန့်အပ်လွှာပေးအပ်

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်သစ် Ja Song Nam သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းထံသို့ ၄င်း၏ ခန့်အပ်လွှာကို နယူးယောခ်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပေးအပ်ခဲ့ပါသည်။

ဗြိတိန်သုတေသီများက အခကြေးငွေနည်းပါးသည့် စိတ်ရောဂါစမ်းသပ်မှုများ ပြုလုပ်

ဗြိတိန်နိုင်ငံ ကမ်ဘရေ့ခ်ျ တက္ကသိုလ်မှ သုတေသီများသည် စိတ်ရောဂါဝေဒနာအတွက် အခကြေးငွေ နည်းပါးသည့် သွေးစမ်းသပ်မှုကို သုတေသန ပြုလုပ်လျက်ရှိပြီး နှစ်နှစ်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မြောက်ဝင်ရိုးစွန်းမှ အလင်းတန်းများ ထွက်ပေါ်နေ

အော်ရိုရာဘော်ရယ်လစ်ဟုခေါ်သည့် မြောက်ဝင်ရိုးစွန်း အလင်းတန်းများသည် အင်္ဂလန်နိုင်ငံ၏ ကောင်းကင်ပြင်တွင် ဖေဖော်ဝါရီ (၂၇)ရက်နေ့က ထွက်ပေါ်ခဲ့သည့်။ အဆိုပါဖြစ်စဉ်သည် ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပင်ဖြစ်ကြောင်း သိရှိရသည်။

ကယ်လီဖိုးနီးယားတွင် မိုးများမှုကြောင့် မြေပြိုမှုများဖြစ်ပွား

ယမန်နေ့က မိုးများမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းရိုးတန်း ကားလမ်းတစ်လျှောက်ရှိ ဒေသခံများ၏ နေအိမ်များကို ပြောင်းရွှေခိုင်းထားကြောင်း သိရှိရပါသည်။

Sport News


Friday, February 28, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း အခမ်းအနား ဖွင့်လှစ်ပေးမည်

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းအခမ်းအနားကို မတ်လ (၁)ရက်နေ့ ညနေ (၄)နာရီမှ စတင်ပြီး နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ ကျင်းပမှာ ဖြစ်ပါသည်။ ထိုအခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး LED Board ပေါ်မှာ လက်မှတ်ရေးထိုး ဖွင့်လှစ်ပေးမှာ ဖြစ်ပါသည်။ အခမ်းအနား ကျင်းပပုံကို မတ်လ (၁)ရက်နေ့ ညနေ (၆)နာရီမှ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း NRC၊ တောင်သူလယ်သမား ရုပ်သံလိုင်း Farmer Channel တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးမှာ ဖြစ်ပါကြောင်း  မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီရင်ခံ တင်ပြအပ်ပါသည်။