နိုင်ငံတော်သမ္မတက
အတည်ပြုလက်မှတ် ရေးထိုးထားသော အမျိုးသားဆေးဝါး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၄ ခုနှစ်၊
ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၂၂) ကို (၁-၄-၂၀၁၄) ရက်စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်း ပါသည်။
ထိုဥပဒေ အပြည့်အစုံကို နေ့စဉ်ထုတ်သတင်းစာများတွင် အပြည့်အစုံ တင်ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။
Tuesday, April 1, 2014
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ မျက်စိ၊ နား၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးသို့ လှည့်လည်ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၁-၄-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင်
မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးနှင့် ခုတင်
(၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံကြီးများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် ဇနီး မိသားစုများ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ
မတ်လ(၃၀)ရက်နေ့မှ
စ၍ နိုင်ငံတ၀န်း ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိရာ
(၁-၄-၂၀၁၄) ရက်နေ့ နံနက် (၁၁း၀၀)နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့် မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို
သန်းခေါင်းစာရင်း ကောက်ယူရေးအဖွဲ့မှ လာရောက် ကောက်ယူခဲ့ပါသည်။
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း (၁၁)ကြိမ်မြောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း ညှိနှိုင်းမှု ကော်မတီအစည်းအဝေး တက်ရောက်
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် (၁-၄-၂၀၁၄) ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင်
နေပြည်တော်ရှိ Royal ACE ဟိုတယ်တွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ
ဒေသတွင်း ညှိနှိုင်းမှု ကော်မတီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဇေယျာသီရိမြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာစကားပြောကြား
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းသည် (၁-၄-၂၀၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌
ဇေယျာသီရိမြို့နယ်၊ စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့်
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု ရွေးချယ်ရေးကွင်းဆင်း စစ်ဆေး
နိုင်ငံတော် သမ္မတ၏
နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေး ကော်မတီ၊ မြို့ပြ/ ကျေးရွာ
အဆင့် ဖွံဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်မွေးဆိုင်ရာ ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်သည် မွေးမြူရေး ကဏ္ဍဆိုင်ရာ
ဆုချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင်
မင်္ဂလာဒုံမြို့နယ် နွယ်ခွေကျေးရွာ အုပ်စု ရွာသစ်ကျေးရွာရှိ မွေးမြူရေး လုပ်ငန်းရှင်
ဦးသန်းမြင့်၏ နွားမွေးမြူရေးခြံသို့ မတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု
စစ်ဆေးသည်။
Monday, March 31, 2014
Myanmar-American Music Show
ရန်ကုန်မြို့ ၀ဇီရာ
ရုပ်ရှင်ရုံတွင် The Amigos Music Band အဖွဲ့နှင့် မြန်မာတိုင်းရင်းသား ရိုးရာ ဂီတအဖွဲ့တို့
ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် Myanmar-American Music Show ပွဲကို မတ်လ (၃၀) ရက်နေ့ညက
ကျင်းပခဲ့ပါသည်။
Subscribe to:
Posts (Atom)