Tuesday, April 1, 2014

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးသို့ရောက်ရှိလာ



အစ္စရေးနှင့် ပါလက်စတိုင်းကြား ညှိနှိုင်းမှုများ အဆင်ပြေစေရန် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အစ္စရေးသို့ ယမန်နေ့က ရောက်ရှိလာသည်။

Guineaတွင် ထူးခြားသည့် ဗိုင်းရပ်စ်တစ်မျိုးကြောင့် လူများသေဆုံးဖွယ်ဖြစ်နေ



Guinea တွင် Ebola အမည်ရှိ ယခင်က တစ်ခါမျှ မဖြစ်ဘူးသည့် ဗိုင်းရပ်စ်တစ်မျိုးကြောင့် အနည်းဆုံး လူ (၇၈)ဦး သေဆုံးဖွယ်ရှိကြောင်း ထောက်ပံ့ရေးအဖွဲ့အစည်းမှ ဆရာဝန်များက ပြောကြားခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ်သည် အနောက်ဘက် အာဖရိက နိုင်ငံများသို့ ပျံ့နှံ့လျက်ရှိကြောင်း သိရှိရပါသည်။

ဆီးရီးယားမှ ကမ္ဘာ့အကြီးဆုံး နံရံဆေးရေးပန်းချီကား



ဆီးရီးယားမှ လက်မှုပညာရှင်တစ်ဦးသည် ပြန်လည်ပြုပြင်သုံးစွဲနိုင်သော ပစ္စည်းများကို အသုံးပြုပြီး ကမ္ဘာ့အကြီးဆုံး နံရံဆေးရေး ပန်းချီတစ်ခုကို ဖန်တီးခဲ့ရာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံတွင် ဝေလငါးဖမ်းဆီးရောင်းချမှုများ ဆက်လက်ရှိနေ



 ဂျပန်နိုင်ငံ၏ ဝေလငါးဖမ်းဆီးမှုကို နိုင်ငံတကာတရားရုံးက စည်းကြပ်ရန် လုပ်ဆောင်လျက်ရှိသည်။ ဂျပန်နိုင်ငံသည် နှစ်စဉ် အာန္တာတိကတိုက်မှ ဝေလငါးများ ဖမ်းဆီးလေ့ရှိပြီး အဆိုပါစီးပွားရေးလုပ်ငန်းသည် သိပ္ပံဆိုင်ရာ သုတေသနအတွက် အနှောင့်အယှက်ဖြစ်စေကြောင်း သိရှိရသည်။

Sport News


အမျိုးသားဆေးဝါးဥပဒေကို ပြင်ဆင်သည့်ဥပဒေအားထုတ်ပြန်



နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ် ရေးထိုးထားသော အမျိုးသားဆေးဝါး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၊ ၂၂) ကို (၁-၄-၂၀၁၄) ရက်စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်း ပါသည်။ ထိုဥပဒေ အပြည့်အစုံကို နေ့စဉ်ထုတ်သတင်းစာများတွင်  အပြည့်အစုံ တင်ပြသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးမြို့ရှိ မျက်စိ၊ နား၊ လည်ချောင်းရောဂါ အထူးကုဆေးရုံကြီးသို့ လှည့်လည်ကြည့်ရှုစစ်ဆေး



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၁-၄-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ အထူးကု ဆေးရုံကြီးနှင့် ခုတင် (၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံကြီးများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။