Monday, June 1, 2015

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူမှုဘ၀ မြှင့်တင်ရေးလုပ်ငန်း (ယင်းမာ)စီမံချက် အကောင်အထည်ဖော် ဆောင်ရွက် (တာချီလိတ်)

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်မှာ မေလ(၂၆)ရက်နေ့ကနေ ဇွန်လ(၂၆)ရက်အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူမှုဘ၀ မြှင့်တင်ရေးလုပ်ငန်း (ယင်းမာ)စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဘိန်းအစားထိုး သီးနှံအနေနှင့် အထူးအထွက်တိုးသည် ပုလဲသွယ် စပ်မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက ၎င်းရုံးခန်းမတွင် ကျင်းပခဲ့သည်။

၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ရှင်းလင်းပွဲပြုလုပ် (ကျောက်မဲမြို့)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ မြို့ကျက်သရေဆောင် ခန်းမမှာ မေလ(၃၀)ရက် နံနက်ပိုင်းက ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ရှင်းလင်းပွဲပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသန်းက ၁၉၈၂-ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြပါသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲ (ကျောက်မဲမြို့)

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာ ခန်းမမှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲကို မေလ(၃၀)ရက် မွန်းလွဲပိုင်းက ပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြည်သူ့လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် ဆရာ/ဆရာမများက သိရှိလိုတာများကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြပါသည်။



ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား

ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် နှစ်စဉ် မေလ(၂၅)ရက်ကနေ (၃၁)ရက်အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် လှုပ်ရှားဆောင်လျက်ရှိရာ မေလ(၃၀)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို သိမ်ဖြူလမ်းမှာရှိသည် အထက(၁) မင်္ဂလာတောင်ညွန့်မှာ ကျင်းပခဲ့သည်။

မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်း (၂/၂၀၁၅) သင်တန်းဆင်းပွဲ (မကွေးတိုင်းဒေသကြီး)

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်း (၂/၂၀၁၅) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ(၃၀)ရက် မနက်ပိုင်းက ရေစကြိုမြို့ အ.ထ.က(၁) မြတမာ ခန်းမမှာ ကျင်းပခဲ့သည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ (ဖလမ်းမြို့)

ယခုနှစ်မှ စတင်ခဲ့သည် စတုတ္ထတန်း ခရိုင်စစ်နှင့် အဌမတန်း ပြည်နယ်စစ် စာမေးပွဲမှာ ကျရှုံးခဲ့သည် ကျောင်းသာ၊ ကျောင်းသူတွေ၏ ကုစားစာမေးပွဲ ဖြေဆိုခြင်းကို မေလ(၁၄)ရက်နေ့မှ (၁၆)အထိ ဖြေဆိုခဲ့ကြပြီး မေလ(၁၇)ရက်မှာ ဖလမ်းမြို့ အခြေခံပညာ ဦးစီးဌာန မြို့နယ် ပညာရေးမှူးရုံးမှာ အောင်စာရင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဖလမ်းခရိုင်မှာ ဖြေဆိုခဲ့ကြသည် ကုစားစာမေးပွဲ စတုတ္ထတန်းမှာ (၅၈၆)ယောက် ဖြေဆိုခဲ့ရာမှ (၅၆၁)ယောက်နှင့် အဌမတန်းမှာ (၄၉၉)ယောက် ဖြေဆိုခဲ့ရာမှ (၄၆၆)ယောက် အောင်မြင်ခဲ့ကြပါသည်။ ထို့ကြောင့် စတုတ္ထတန်း ကုစားစာမေးပွဲ အောင်မြင်သူတွေဟာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ ပဉ္စမတန်း တက်ရောက်ကြမှာ ဖြစ်ပြီးတော့ အဌမတန်း အောင်မြင်သူတွေကလည်း န၀မတန်းကို တက်ရောက်ကြရမှာ ဖြစ်ပါသည်။