မန္တလေးမြို့
ချမ်းမြသာစည်မြို့နယ်မြောက်အရပ်တွင်ရှိသည့် မြန်မာ့ရိုးရာ မီးပုံးလုပ်ငန်းအကြောင်းကို
ရုပ်သံမှတ်တမ်းအနေနှင့် ရိုက်ကူးတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။
Saturday, October 1, 2016
CMP လက်ခစားစနစ်နှင့် လုပ်ကိုင်နေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်း နိုင်ငံတကာဈေးကွက်ဝင်ရောက်ရန် မျှော်လင့်
မြန်မာနိုင်ငံကအထည်ချုပ်လုပ်ငန်းများကို
ကြည့်ရင် နိုင်ငံသားလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့်လုပ်ငန်းများတွင် လက်ခစားအလုပ်-CMP
စနစ်နှင့် လုပ်ကိုင်ကြခြင်းကများပါသည်။ ကိုယ်ပိုင်အရည်အသွေး၊ တီထွင်မှုဒီဇိုင်းနှင့်
နိုင်ငံတကာတွင် သွားရောက်ရောင်းချဖို့ဆိုတာက မဖြစ်နိုင်သေးဘူးဟုလည်းပြောလို့ရပါသည်။
ဒီနေရာမှာ နိုင်ငံတကာပြပွဲ များမှ နိုင်ငံခြားဝယ်လက်များနှင့်
ချိတ်ဆက်ဖို့ဆိုတာကလည်း တီထွင်မှုအရင်းအမြစ်မရှိခြင်းကြောင့် ယုံကြည်မှုများ
ကင်းမဲ့နေသည်ဟုလည်းပြောလို့ရပါသည်။
စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ငါးမွေးမြူရေးလုပ်ငန်း
မြန်မာနိုင်ငံ၏ အရေးပါသည့် ပြည်ပပို့ကုန်ကဏ္ဍဖြစ်သည့်
ရေထွက်ပစ္စည်းမွေးမြူထုတ်လုပ်သည့် လုပ်ငန်းက စိန်ခေါ်စရာတစ်ချို့နှင့် ရင်ဆိုင်နေရပါသည်။
လက်ရှိအချိန်တွင် ပြည်တွင်းက ငါး၊ ပုစွန် မွေးမြူထုတ်လုပ်သည့် လုပ်ငန်းများတွင် တစ်နှစ်ထက်
တစ်နှစ်ကိုထုတ်လုပ်မှုပမာဏကျဆင်းလာနေခြင်းကြောင့် ဈေးကွက်အတွင်းဈေးနှုန်း
မြင့်တက်လာမှုနှင့် ပြည်ပပို့ကုန် ကျဆင်းလာခြင်းများရှိလာနေပါသည်။ ထိုကြောင့်
ရေတိုကုစားဖာထေးသည့်အနေနှင့် ထိုင်းနိုင်ငံလိုမျိုး ပြည်ပမှ ငါး၊ ပုစွန်
စတာတွေကို အစားထိုးတင်သွင်းသွားရန် ရှိနေသည်ဟု ငါးမွေးမြူရေးလုပ်ငန်းရှင်များက
ပြောဆိုလိုက်ပါသည်။ ဒီလိုငါးတင်သွင်းခြင်းနှင့်ပတ်သတ်ပြီး ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့်
သက်ဆိုင်ရာအသင်းအဖွဲ့များက နံပတ်(၁) တရားဝင်ကုန်သွယ်ရေးလိုင်စင်နှင့် တင်သွင်းရန်၊
နံပတ်(၂) လူတွေစားသုံးရန် လည်းရည်ရွယ်ခြင်းကြောင့် ထိုင်းနိုင်ငံဘက်ကနေ
စားသုံးရန်သင့်သည်ဆိုသည့် ထောက်ခံချက်များ ပါရမယ်ဆိုခြင်းနှင့် နံပတ် (၃) ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်
ပါရှိရမည်ဆိုသည့် အချက် (၃) ချက်အပေါ်မှာ လုပ်ကိုင်ဖို့ တောင်းဆိုထားသည်ဟု သိရပါသည်။
ပြည်တွင်း ဂစ်တာဈေးကွက်အခြေအနေ
ပြည်တွင်းထုတ် ဂစ်တာလို့ ပြောလိုက်ရင် စစ်ကိုင်းဂစ်တာကိုပြေးမြင်မိကြမှာဖြစ်ပါသည်။
လက်ရှိဈေးကွက် အခြေအနေဆိုရင်လည်း ဒီစစ်ကိုင်းဂစ်တာများက အရောင်းအ၀ယ်ကောင်းနေဆဲဆိုသော်လည်း
ဂစ်တာအတွက် အခြားဆက်စပ်အပိုပစ္စည်းများကို တရုတ်လုပ်ပစ္စည်းတွေကို အများဆုံးအသုံးပြုလာနေရသည်ဟု
စစ်ကိုင်းဂစ်တာနှင့် ကြိုးတပ်တူရိယာထုတ်လုပ်ရောင်းချသူများကပြောပါသည်။ ၎င်းနှင့်ပတ်သတ်သည့်
သတင်းရုပ်ပုံများကိုဂစ်တာသံ အေးအေးလေးနှင့် ကြည့်ရှုခံစားရမှာ ဖြစ်ပါသည်။
7minutes အစီအစဉ် (စီးပွားရေးဥပဒေပညာရှင်ဖြစ်သူ ဦးမင်းတေဇညွှန့်တင်)
လက်ရှိ မြန်မာနိုင်ငံတွင် လူအများစိတ်ဝင်စားနေကြပြီး၊ သတင်းမီဒီယာများတွင်
အသားပေးဖော်ပြလာနေကြသည့် MLM –Multi Level Marketing ဆင့်ပွားဈေးကွက်စနစ်နှင့် ပတ်သတ်ပြီး
စီးပွားရေးဥပဒေပညာရှင်ဖြစ်သူ ဦးမင်းတေဇညွှန့်တင် ကိုမေးမြန်းသွားမှာဖြစ်ပါသည်။
Subscribe to:
Posts (Atom)