Friday, January 31, 2014

ဆီးရီးယားနိုင်ငံ Al-Quneitra ရှိ အစိုးရ စစ်ဆေးရေးဂိတ်တစ်ခုအား လက်နက်ကိုင်းများ ပစ်ခတ် တိုက်ခိုက်



ဆီးရီးယားနိုင်ငံ Al-Quneitra ရှိ အစိုးရ စစ်ဆေးရေးဂိတ်တစ်ခုအား လက်နက်ကိုင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အဆောက်အဦများ မီးလောင်နေပုံ ဗီဒီယိုကို အင်တာနက်တွင် ပြသထားကြောင်း သိရပါသည်။ လက်နက်ကိုင်များသည် အဆောက်အဦများကို မီးရှို့ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ၄င်းတိုက်ခိုက်မှုကြောင့် အစိုးရ တပ်ဖွဲ့ဝင် ဒဏ်ရာရရှိမှု ဘယ်လောက်ရှိသည်ကို မသိရှိရသေးကြောင်း သိရပါသည်။ ဒမတ်စကပ်ရှိ ဆင်ခြေဖုံးရပ်ကွက်တွင်လည်း အစိုးရ တပ်ဖွဲ့ဝင်များအား ရဟတ်ယာဉ်များပေါ်မှလည်း သေနတ်များဖြင့် ပစ်ခတ်ခြင်းနှင့် အဆောက်အဦများ ဖောက်ခွဲခြင်းများ ဖြစ်ပွားခဲ့ပုံကိုလည်း အင်တာနက်တွင် ဖော်ပြထားကြောင်းသိရပါသည်။

ပြင်သစ်သမ္မတ နှင့် ဗြိတိန်ဝန်ကြီးချုပ် Anglo-France ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေး



ပြင်သစ်သမ္မတ Francois Hollande သည် ၂၀၁၂ ခုနှစ်၊ မေလတွင် ၄င်းအာဏာရရှိခဲ့စဉ်ကတည်းက ပထမဆုံး ပြုလုပ်သော Anglo-France ထိပ်သီးအစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးပစ်ကင်မရွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်ဖက်ခေါင်းဆောင်များသည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်ရန် ရည်ရွယ်ကျင်းပသော ထိပ်သီး အစည်းအဝေးမှာ ဥရောပကို ဘယ်လို ပြုပြင်ပြောင်းလဲရမည်ဆိုတာကို ရင်ဆိုင် ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဂြိုဟ်တု နည်းပညာနှင့် အာကာသဆိုင်ရာ သဘောတူညီချက်တစ်ခုနှင့် ပြည်တွင်း နျူကလီးယားစွမ်းအင် စူးစမ်းရှာဖွေရေး ပူးပေါင်း ဆောင်ရွက်ရေး အပါအ၀င် ဒုံးလက်နက် စီမံချက်၏ နောက်ဆုံးအဆင့် ပူးပေါင်းရင်းနှီး မြှုပ်နှံမှုတို့ကို ကြေညာသွားရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Virtualizer (ခေါ်) အမြင်အာရုံ လှည့်စားသော ကရိသာငယ်တီထွင်



အမြင်အာရုံ အစစ်အမှန် လှည့်စားမှု ဂိမ်းစနစ်တစ်ခုဟာ အသုံးပြုသူကို မူလနေရာမှ တစ်ဖ၀ါးမှ မခွာဘဲ မြန်နှုန်းမြင့်မြင့် ပြေးလွှားခြင်း၊ လားရာပြောင်းလဲခြင်း အစရှိသော ထူးခြားချက်များ ပေးစွမ်းနိုင်သည့် နည်းပညာကို သြစတြီးယားနိုင်ငံ Vienna ဗီယင်နာ နည်းပညာတက္ကသိုလ်က တီထွင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ Virtualizer (ခေါ်) အမြင်အာရုံ လှည့်စားသော ကရိသာငယ်မှာ ပွတ်မှုအား နည်းပါးသော စက်ဝိုင်းပုံ သတ္တုပြား သစ်ပြား၊ ကျောရိုးမကို ချိတ်ဆက်ထားမဲ့ ခါးပတ်များ၊ စိုက်ဝိုင်းပုံ သတ္တု အကာများ ပါဝင်ကြောင်း သိရပါသည်။

မြေပဲနှင့် ဓာတ်မတည့်သော ဝေဒနာ ဗြိတိန်နိုင်ငံက လေ့လာ



မြေပဲနှင့် ဓာတ်မတည့်သော ကလေးများကို ဗြိတိန်နိုင်ငံက လေ့လာခဲ့ပြီးနောက် ကလေးငယ်အများစုသည် ၄င်း ဝေဒနာကို ကျော်လွှားသွားနိုင်ကြောင်း သိရှိရပြီး (၆) လကြာ ပုံမှန် ပဲတောင့်ရှည်စားသုံးခြင်းဖြင့် လေ့လာ ကုသမှု ခံယူနေသော ကလေးငယ် (၈၅) ဦး အတွင်းမှာ အသက် (၁၁) နှစ် အရွယ် Lena Barden က မြေပဲ ပရိုတင်းကို ခံနိုင်ရည်ရှိလာပြီး  တစ်နေ့ကို မြေပဲ (၅) လုံးအထိ ဥပါဒ်မဖြစ်ဘဲ စားသုံးလာနိုင်ကြောင်း သိရှိရပါသည်။

ဆာဘီးယား ခြင်္သေ့ပေါက်လေး (၃) ကောင်အား နှစ်သစ်ကူးပွဲတော်အတွင်း လာရောက်ကြည့်ရှုသူများ များပြား



တရုတ်နိုင်ငံ Zhejiang ပြည်နယ် အရှေ့ဘက်ရှိ Hangghau ဆာဖာရီဥယျာဉ်တွင် မကြာသေးမီက ရောက်ရှိလာသော ဆာဘီးယား ခြင်္သေ့ပေါက်လေး (၃) ကောင်အား နှစ်သစ်ကူးပွဲတော်အတွင်း လာရောက်ကြည့်ရှုသူများ များပြားကြောင်းသိရှိရပါသည်။ ၄င်းတို့ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့က မွေးဖွားခဲ့ပြီး အထီးမှာ Shuai Shuai ဖြစ်ပြီး အမ အမြွှာမှာ Mao Mao နှင့် Ying Ying ဖြစ်ပါသည်။

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းတွင် တရုတ်နှစ်သစ်ကူးကို ကြိုဆို



မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းတွင် တရုတ်နှစ်သစ်ကူးကို ကြိုဆိုသည့်အနေဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက် ခဲ့ကြောင်း သိရပါသည်။ ထောင်ပေါင်းများစွာသော မြောက်ကိုရီးယား ပြည်သူများသည် (၁၅) မိနစ်ကြာသော မီးရှူးမီးပန်း ပစ်ဖောက်ပွဲကို စောင့်ကြည့်ခဲ့ကြကြောင်းနှင့် ၄င်း ပွဲကို ကေအာတီ ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်ပြသခဲ့ကြောင်း သိရှိရပါသည်။