Saturday, May 30, 2015

ကျောင်းဖွင့်ချိန်ရောက်ရှိလာသည့်အတွက် မန္တလေးမြို့တွင် ကျောင်းဝတ်စုံများ ရောင်းချမှု အရောင်းအ၀ယ်သွက်လျက်ရှိ


၂၀၁၅ ခုနှစ်၊ မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲ ကွာတားဖိုင်နယ်ပွဲစဉ် ကျင်းပ


(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် စားပွဲတင် တင်းနစ် အားကစားသမားများ စင်ကာပူနိုင်ငံသို့ ထွက်ခွာ


၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (စစ်ကိုင်းတိုင်းဒေသကြီး)

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၂၅) ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ (၁) မှာ ကျင်းပရာ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး ၀န်ကြီးများက (၂၀၁၅-၂၀၁၆) ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်နေတဲ့ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ကြပါသည်။ ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က လိုအပ်တာများကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာ ဖြန့်ဝေပေးခြင်း အခမ်းအနား

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများသို့ ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာ ဖြန့်ဝေပေးခြင်း အခမ်းအနားကို မေလ (၂၉) ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ လားရှိုးမြို့ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မျိုးစေ့၊ ပျိုးပင်၊ ဓါတ်မြေသြဇာများ ပေးအပ်ရာ မိုင်းယော်ဒေသမှ မိုင်းယော်အုပ်ချုပ်ရေးမှူးက လက်ခံပြီး တောင်သူများကိုယ်စား မန်မတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ လားရှိုးမြို့နယ်အတွင်း ကျေးရွာများရှိ တောင်သူများသို့ ဘိန်းအစားထိုးသီးနှံ အထွက်တိုးမျိုးစပါး (ပုလဲသွယ်)၊ အစေ့ထုတ်ပြောင်း၊ လက်ဖက်ပျိုးပင်နှင့် ဓါတ်မြေသြဇာများအား မိုင်းယော်ဒေသမှ ကျေးရွာပေါင်း (၂၀) အတွက် ဧက (၁၀၀)စာ ပုလဲသွယ်မျိုးစပါး (၇၀၀) ကီလို၊ အစေ့ထုတ်ပြောင်း ဧက (၅၀) အတွက် (၂၅၀)ကီလို၊ ယူရီးယား ဓါတ်မြေသြဇာနှင့် လက်ဖက်ပျိုးပင် (၅၄၀၀) တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ အခမ်းအနား

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှာ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ အခမ်းအနားကို ကျင်းပရာ လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင် ပြန်/ဆက်ဦးစီးအရာရှိနှင့် မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌတို့မှ ပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို မေလ (၂၉)ရက်နေ့ နံနက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် တိုက်ဖျက်ရေးနေ့အား လူထုလုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် (ယင်းမ) အရ မေလ (၂၆)ရက်နေ့ ဇွန်လ (၂၆)ရက်နေ့အထိ တစ်လတာ အထူးကာလအဖြင့် သတ်မှတ်လျက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မင်းဘူးမြို့နယ် အမှတ် (၂) အခြေခံပာာအထက်တန်းကျောင်း ခန်းမတွင် မေလ (၂၈)ရက်နေ့ နံနက်က မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပညာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား

ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်၊ မိသားရပ်ကွက်မှာ မေလ (၂၇) ရက်နေ့ နံနက်က ပညာအလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၎င်းစာကြည့်တိုက်ကို (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ထောက်ပံ့ငွေ (၂၁) သိန်းဖြင့် တည်ဆောက်ခဲ့ပြီး သွပ်မိုး၊ အုပ်ညှပ်၊ တမံလင်းခင်း အမျိုးအစားဖြစ်ကာ အကျယ် ၇ ပေခွဲ၊ အရှည် (၃၂) ပေရှိကြောင်း သိရပါသည်။ စာကြည့်တိုက် ဖွင့်လှစ်ပြီးစီးပြီဖြစ်လို့ ရပ်ကွက်နေပြည်သူများ အနာဂတ်မှာ နိုင်ငံတော်အတွက် အသိပညာမြင့်မားသည့် မျိုးဆက်များ ဖန်တီးပေးနိုင်တော့မည် ဖြစ်ကြောင်းသိရှိရ ပါသည်။