Wednesday, July 27, 2016
မတည်ငြိမ်သည့် ရွှေဈေးကွက်
ပြည်တွင်းရွှေဈေးကွက်တွင်
ရွှေဈေးသည် အမြင့်ဆုံးရှိနေခဲ့ပြီး ရက်ပိုင်းအတွင်းတွင်လည်း ရွှေဈေးနှုန်းသည် အနည်းငယ်ပြန်လည်ကျဆင်းလာပါသည်။
မတည်ငြိမ်သည့်ရွှေဈေးသည် ဘာကြောင့်ဖြစ်ပေါ်လာရ ပါလဲ။ ရွှေဈေးကွက်အလားအလာနှင့်ပတ်သက်ပြီး
သိရှိနိုင်ရန် တင်ပြအပ်ပါသည်။
လိုင်စင်မဲ့ ဆောက်လုပ်မှုများကို အရေးယူခြင်းများ များလာခြင်းကြောင့် ဈေးကွက်အရောင်းအဝယ်နည်းပါး
၂၀၁၂
ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကာလများတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်နှင့် တိုးတက်ခဲ့သည့်
ကာလတွေဖြစ်ပါသည်။ သို့သော်လည်း ၎င်းကာလအတွင်းတွင် ကန်ထရိုက်များက သက်ဆိုင်ရာ အစိုးရ ဌာနများ၏
တရားဝင်ဆောက်လုပ်ခွင့်မကျသေးဘဲ တိုက်ခန်းများ တည်ဆောက်ရောင်းချမှုများ ရှိခဲ့ပါသည်။
ဈေးကွက်၏ လိုအပ်ချက်အရ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကြိုပွိုင့်စနစ်များနှင့် ရောင်းချခြင်း၊
မြေပိုင်ရှင်များနှင့် အကျိုးတူပူးပေါင်း၍ မြေနေရာပေးပြီး အခန်းပြန်ယူစနစ်နှင့် ဆောက်လုပ်မှုတွေရှိခဲ့ခြင်းကြောင့်
တိုက်ခန်းဈေးကွက် အရောင်းအဝယ်သွက်ခဲ့ပါသည်။ ယခုအခါတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အဆောက်အအုံဌာနက လိုင်စင်မဲ့ ဆောက်လုပ်မှုတွေကို ဖျက်သိမ်းသည်အထိ အရေးယူမှုများရှိခြင်းကြောင့် ကန်ထရိုက်တိုက်ဆောက်လုပ်မှုများ နည်းပါးကာ အရောင်းအဝယ်အေးတယ်လို့
သိရပါသည်။ ခွင့်ပြုချက် မကျသေးသည့် အဆောက်အအုံအရေအတွက်က အခုနှစ်ဇွန်လကုန်အထိ အလုံးရေ
နှစ်ထောင်ကျော်ရှိကာ ခွင့်ပြုချက်မဲ့ အဆောက်အအုံအများဆုံးမြို့နယ်က သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပြီး
ဒုတိယအများဆုံးက လှိုင်မြို့နယ်ဖြစ်ပါသည်။ လက်ရှိတိုက်ခန်းအရောင်းအဝယ် အငှားဈေးကွက်တွင်
ဈေးကွက်ငြိမ်သက်လျက်ရှိပြီး ရောင်းလိုသူတွေအနေနှင့် ပြင်ပပေါက်ဈေးထက် (၁၀)ရာခိုင်နှုန်းကနေ
(၂၀)ရာခိုင်နှုန်းခန့် ဈေးလျော့ ရောင်းနေရကြောင်း I
Myanmar House.com မှ
ဦးနေမင်းသူထံက သိရပါသည်။
(၆)နှစ်တာကာလအတွင်း အမေရိကန်နိုင်ငံ အနေနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နည်းနေသေး
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်အထိ အမေရိကန် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း နှစ်ခုသာရှိသေးကြောင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။ အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ
အပေါ်ဖြေလျော့မှုတွေ လျှော့ချလာသော်လည်း ယခုလို ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းနည်းပါးရခြင်းသည်
ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့်အတူ အမေရိကန်တို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည်
နည်းပညာမြင့်မားမှုကို အားပြုသည့် အကြောင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်တာကာလအတွင်းတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
(၂၇၆၆၂.၇၉)သန်း ဝင်ရောက်မှုရှိကြောင်း သိရပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ဝင်ရောက်မှုအများဆုံးဖြစ်ကာ
အမေရိကန်ဒေါ်လာ (၉.၄) ဘီလျီယံအထိရောက်ရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုငွေသည်
ယခုဇွန်လအထိ (၃.၁၃၆)သန်း ရှိနေပြီး ရင်းနှီးမြှုပ်နှံမှု (၈)ဘီလျီယံအထိ ဝင်ရောက်မည်ဟု
ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် လာရောက်ရင်းနှီးမြှုပ်နှံ နိုင်ငံတွေထဲက အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံသည့်
နိုင်ငံတွင် စင်္ကာပူနိုင်ငံဖြစ်ပြီး အနည်းဆုံး ဖိလစ်ပိုင်နိုင်ငံဖြစ်ကြောင်း သိရပါသည်။
မိခင်များနှင့် ကလေးငယ်များဆိုင်ရာ မဂ္ဂဇင်းတစ်အုပ်မှ စီစဉ်သူ ဒေါ်အိအိဖြိုးနှင့် မေးမြန်းတင်ပြချက်
အမြန်နှုန်းကို ဦးစားပေးအာရုံစိုက်လာကြပြီး
သတင်းတွေနောက် လိုက်နေကြခြင်းကြောင့် မြန်မာ့စာအုပ်၊ စာပေတွေထဲတွင် ကလေးစာပေသည် ကွယ်ပျောက်လုနီးပါးဖြစ်နေရပါသည်။
သို့သော်လည်း ယခုနှစ် ၂၀၁၆ ခုနှစ်ထဲတွင် (မမ်း (မ်) အန် ဘေဘီ )ဆိုသည့် မဂ္ဂဇင်းထွက်လာခဲ့ပါသည်။
မိခင်များနှင့် ကလေးငယ်များဆိုင်ရာ မဂ္ဂဇင်းတစ်အုပ်မှ စီစဉ်သူ
ဒေါ်အိအိဖြိုးကို မေးမြန်းပြီး တင်ပြအပ်ပါသည်။
Subscribe to:
Posts (Atom)