Sunday, November 10, 2013

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ရန်ကင်းမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၀) ရက် နံနက် (၁၀) နာရီတွင် ရန်ကင်းပညာရေး ကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြည်သူများ အသိပညာဖွံ့ဖြိုးတိုးတက်လာစေရန်၊သတင်းအချက်အလက်များ တန်းတူညီတူ စုံစုံညီညီရရှိစေရန်နှင့် ပြည်နယ်ပြည်ပ၊ ကျေးလက်နှင့်မြို့ပြ အသိပညာကွာစချက်များ ကျဉ်းမြောင်းလာစေရန် ဆောင်ရွက်ရာတွင် ကန့်သတ်ချက်များ၊ အခက်အခဲများရှိနေဆဲဖြစ်သော်လည်း ယင်းအခက်အခဲများ၊ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ရန် လူသားတိုင်းတွင် ပေးဝေလိုသည့် စိတ်ဓာတ်၊ စွန့်လွှတ်လိုသည့် စိတ်ဓါတ်နှင့် အများပြည်သူ အကျိုးစီးပွားအတွက် ဦးစားပေးလိုသည့် စိတ်ဓာတ်ရှိရန် လိုအပ်ကြောင်း ပြောကြားသည်။ 

No comments:

Post a Comment