Tuesday, November 12, 2013

ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ဌာနမှ ညွှန်ကြားရေးမှူးနှင့် UNICEF ဒေသရုံးမှ ညွှန်ကြားရေးမှူးတို့ တွေ့ဆုံဆွေးနွေးပွဲ



ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဌာနမှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Mark Cutts သည် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား နိုဝင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် လာရောက်တွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဗန်ကောက်မြို့ရှိ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ UNICEF ဒေသရုံးမှ ညွှန်ကြားရေးမှူး Mr. Daniel Toole သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လာရောက်တွေ့ဆုံသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment