Monday, December 2, 2013

အိုဘားမားက AIDS ဆေးကုထုံးတစ်ခုကို ရှာဖွေရန် အမျိုးသား တက္ကသိုလ်များသို့ ဒေါ်လာ သန်း (၁၀၀) ထောက်ပံ့ပေးမှာ ဖြစ်ကြောင်း

အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက HIV/ AIDS ရောဂါအား အမြစ်ပြတ် ချေမှုန်းရာမှာ ထူးခြားတဲ့တိုးတက်မှု အခြေအနေများ ဖြစ်ပေါ်လာခြင်းအတွက် ချီးကျူးပါကြောင်း ဒီဇင်ဘာ (၂) ရက်နေ့က ပြောကြားခဲ့ပြီး ၄င်းရောဂါအတွက် ဆေးကုထုံးရှာဖွေရာမှာ အမေရိကန် အနေနဲ့ နောက်ထပ်ရင်းနှီးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။ အိုဘားမားက AIDS ရောဂါအတွက် ဆေးကုထုံးတစ်ခုကို ရှာဖွေရန် အမျိုးသားကျန်းမာရေး တက္ကသိုလ်များသို့ ဒေါ်လာ သန်း (၁၀၀) ကိုထောက်ပံ့ ပေးသွားမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ အမေရိကန်နိုင်ငံဟာ HIV နဲ့ AIDS ရောဂါပိုးကို ဆန့်ကျင် တိုက်ဖျက်ရာမှာ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်အဖြစ် တည်ရှိနေမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီး ၄င်းအနေဖြင့် ဒီရောဂါကို တိုက်ဖျက်ရာမှာ အနိုင်ရရှိမယ်လို့ ယုံကြည်ပါကြောင်းလဲ ထပ်လောင်း ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment