Sunday, December 1, 2013

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၂) '' ၀ '' ဒေသ မိုင်းပေါက်နှင့် ပန်ဆန်းမြို့တို့တွင် တာဝန်ရှိသူများအား တွေ့ဆုံ၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ဆိုင်ရာများ ရှင်းလင်းပြောကြား



ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နိုဝင်ဘာလ (၂၅)ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၂) မိုင်းပေါက်မြို့သို့ ရောက်ရှိပြီး မိုင်းပေါက်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌  " ၀ " ဒေသတိုင်းရင်းသားအဖွဲ့ မိုင်းပေါက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအိုက်စန်းနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် မိုင်းပေါက်ဒေသအတွင်း စာရင်းကောက်ယူနိုင်ရေး အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး အခြေအနေများကို ဆွေးနွေးပြောကြားသည်။

No comments:

Post a Comment