Sunday, December 1, 2013

တနင်္သာရီမြို့တွင် ဒေသခံ ပြည်သူ များအား အသိ ပညာပေးပွဲ ကျင်းပ



၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်၏ လူမှုရေ၊ စီးပွားရေး၊ စီမံမန့်ခွဲရေး ကိစ္စရပ်များ အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်ရာတွင် အခြေခံ ထားရမည့် လူဦးရေ ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိရန် ရည်ရွယ်လျက် တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီ မြို့နယ် လ၀က ဦးစီးဌာနနှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ် အတွင်း ကျေးရွာ အုပ်စု အသီးသီးရှိ ဒေသခံ ပြည်သူများအား အိမ်အကြောင်းနှင့် လူဦးရေ သန်းခေါင် စာရင်း ဆိုင်ရာ ကောက်ယူခြင်း၊ စာရင်းကောက် ဆရာ၊ ဆရာမများမှ မေးမြန်းမည့် မေးခွန်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ကြိုတင် သိရှိနိုင်စေရန် အတွက် အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက် မပြတ် ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ (၁)ရက်နေ့တွင် တမုတ်ချုံးကျေးရွာ အုပ်စု- တမုတ်ချုံး ကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်တွင် ကျင်းပ ခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment