ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့သည် ဒီကနေ့ နံနက်ပိုင်းက
နေပြည်တော်မှ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာခဲ့ရာ လားရှိုးမြို့သို့ နံနက် (၉)နာရီခွဲတွင်
ရောက်ရှိကြပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဆောက်အအုံတွင် ပြုလုပ်သည့် မျက်စိ၊ သွားနှင့်နှုတ်ခမ်းကွဲ၊
အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသ ခွဲစိတ်ပေးခြင်းသို့ တက်ရောက်ကာ စမ်းသပ်ကုသပေးနေမှုအား
လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။ ထိုမှတစ်ဆင့် မူဆယ်မြို့ အ.ထ.က(၂) ကျောင်းဆောင်သစ်များ
ဖွင့်လှစ်ပွဲနှင့် စာသင်ခန်းများ၊ အ.ထ.က(၃) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများ ကြည့်ရှုစစ်ဆေးပါသည်။
သိန်းသန်းချီ ကုမ္ပဏီမှ အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးပါသည်။
ထို့နောက် ဒုတိယသမ္မတသည် မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး
ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment