(၂၇)ကြိမ်မြောက် အရှ့တောင်အာရှ အားကစားပြိုင်ပွဲ
စတင်ကျင်းပမည့် ဒီဇင်ဘာ (၁၁)ရက်မှ (၂၂)ရက်နေ့အထိ အားကစားပြိုင်ပွဲများတွင် အားပေးကြည့်ရှုကြမည့်
ပြည်သူများ သွားလာမှု လွယ်ကူစေရန်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့တွင်းယာဉ်လိုင်း
(၅)လိုင်းမှ ယာဉ်စီးရေ (၁၃၀)သည် ၀ဏ္ဏသိဒ္ဓိ၊ ငါးလိုက်ဆည်၊ ဇေယျာသီရိ၊ လယ်ဝေးမြို့နယ်များ ရှိ
မော်တော်ယာဉ် ဂိတ်များမှ အားကစားရုံများသို့ လည်းကောင်း၊ အထူးယာဉ်လိုင်း(၄)လိုင်းမှ
ယာဉ်စီးရေ (၁၀၂)စီးဖြင့် နေပြည်တော် ဘူတာကြီး၊ မြို့မဈေး၊ ဘောဂသီရိကားကြီးဝင်းတို့မှ
လည်းကောင်း၊ စင်းလုံးငှား Taxi ယာဉ်အသင်း (၈)သင်းမှ ယာဉ်စီးရေ (၂၅၃)စီးတို့သည် ဂိတ်(၁၂)မှ
လည်းကောင်း၊ အဝေးပြေးယာဉ်လိုင်း (၂)လိုင်းသည် နေပြည်တော်-ရန်ကုန်ခရီးစဉ်အား မော်တော်ယာဉ်(၆၆)စီး၊
နေပြည်တော်-မန္တလေး ခရီးစဉ်အား မော်တော်ယာဉ် (၃၀)တို့ဖြင့် အားကစားပွဲတော် ကာလအတွင်း
နေ့စဉ်ပြေးဆွဲပေးသွား မည် ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။
No comments:
Post a Comment