(၂၇)
ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြန်မာ့
တင်းနစ် အားကစား အဆင့်အတန်း တိုးတက် အောင်မြင် လာစေရန် အတွက် မြန်မာနိုင်ငံ တင်းနစ်
အဖွဲ့ချုပ်က ကြီးမှူးပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ပံ့ပိုး ကူညီမှုဖြင့်
၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်ဝန် ဖလား သတ္တမ အကြိမ်မြောက် အလွတ်တန်း၊ သက်တမ်း အလိုက်နှင့်
အသင်းလိုက် တင်းနစ် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်မြို့
သိမ်ဖြူ တင်းနစ် အားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် အဖွင့်အမှာ
စကားပြောကြားရာတွင် ယခု သတ္တမ အကြိမ်မြောက် တင်းနစ် ပြိုင်ပွဲကို (၂၇) ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစား ပြိုင်ပွဲကြီးအား ကြိုဆို ဂုဏ်ပြုပြီး မြန်မာနိုင်ငံ အိုလံပစ် ကော်မတီနှင့်
အားကစား ၀န်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် အညီ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေး
အတွက် တင်းနစ် အားကစားနည်းဖြင့် အထောက်အကူ ဖြစ်စေရန်၊ တင်းနစ် အားကစား ၀ါသနာရှင်များ
တင်းနစ် အားကစား နည်းကို စိတ်ဝင်စားမှု ရှိစေရန်နှင့် ပါဝင် လှုပ်ရှား ကစားနိုင်ရန် ဖြစ်ကြောင်း ပြိုင်ပွဲဝင် အားကစား သမားများ အနေဖြင့်
ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များ နှင့်အညီ တစ်ဦးချင်းနှင့် အသင်းလိုက်ပါ ချစ်ကြည်
ရင်းနှီးစွာဖြင့် ကြိုးပမ်း ယှဉ်ပြိုင် သွားကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားပါသည်။
No comments:
Post a Comment