ရန်ကုန်
တက္ကသိုလ်မှ စာပေတည်းဖြတ်မှု အတတ် ပညာ သင်တန်းကို ဖွင့်လှစ် သင်ကြား ပို့ချပေး တော့မည်လို့
သိရပါသည်။ ဒီသင်တန်းမှာ ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနမှ ပထမဦးဆု့း ဖွင့်လှစ်သည့်
သင်တန်း ဖြစ်ပြီး မြန်မာစာ အရေး အသား မှန်ကန် ရှင်းလင်း ပြေပြစ်စွာ ရေးသား နိုင်ရန်
မြန်မာ သဒ္ဒါနှင့် စာလုံးပေါင်း သတ်ပုံ မှန်ကန်စွာ ရေးသား နိုင်ရန်၊ မြန်မာ စာပေ ဆိုင်ရာ
အသိ ပညာ ဗဟုသုတများ ရရှိ စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး စာနယ်ဇင်း သမားများ
အတွက် အထူး အထောက် အပံ့ ပေးနိုင်မည့် သင်တန်းပဲ ဖြစ်ပါသည်။ ဒီ အကြောင်း အရာနှင့် ပတ်သက်ပြီး
သိရှိလိုတာ များကို ရန်ကုန် တက္ကသိုလ်၊ မြန်မာစာ ဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ အောင်မြင့်ဦးအား
ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသည့် သတင်းကို တင်ပြ ပေးပါသည်။
No comments:
Post a Comment