Monday, December 2, 2013

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု ဖြစ်သည့် အားကစားရွာ Cluster-3 ရှိ Poly Clinic နှင့် နပတ ကုတင် (၁၀၀၀) ဆေးရုံကြီးတို့အား စစ်ဆေး



ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်သည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုနှင့် စတင်တာဝန် ထမ်းဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးရန် ဒီဇင်ဘာ (၂) ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အားကစားရွာ Cluster 3 ရှိ Poly Clinic သို့ ရောက်ရှိပြီး အရေးပေါ်လူနာ စမ်းသပ်ခန်း၊ အထူးကြပ်မတ် ကုသခန်းများ ပြင်ဆင်ထားရှိမှု Ultrasound နှင့် ဓါတ်မှန်စက်များ ထားရှိမှုနှင့် ဆေးပေးခန်းတို့ကို လည်းကောင်း၊ အထူးကုဆေးခန်းတွင် အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ အရိုးအကြောရောဂါ၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး၊ မျက်စိ နားနှာခေါင်း လည်းချောင်းနှင့် သွားရောဂါ အထူးကုဌာနများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့သည်။

No comments:

Post a Comment