Monday, December 2, 2013

ဆီးဂိမ်း ရန်ကုန်ဇုန်တွင် ကျင်းပမည့် အားကစားကွင်း / ရုံများနှင့် Lo/Vo/WF များနှင့် တွေ့ဆုံ ဆွေးနွေး



(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအား နေပြည်တော်ဇုန်၊ ရန်ကုန်ဇုန်နှင့် ပုသိမ်ဇုန်တို့တွင် ကျင်းပမည် ဖြစ်ရာ နိုင်ငံတကာမှ ပြိုင်ပွဲဝင်ရန် ရောက်ရှိ လာကြသော အားကစား သမားများ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် Accretion Card များအား စနစ်တကျ သေချာ စစ်ဆေးပြီး ပြိုင်ပွဲ ကျင်းပမည့် ဇုန်များသို့ (၂၄) နာရီ အချိန်ပြည့် တာဝန်ယူကာ အချိန်ပြည့် တာဝန်ယူပြီး ပို့ဆောင်ကာ ဟိုတယ်များနှင့် ချိတ်ဆက် ပို့ဆောင်ရန် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ နေပြည်တော်၊ ပုသိမ်၊ ငွေဆောင်နှင့် မန္တလေးဇုန် များသို့ လေကြောင်းလမ်း၊ ကုန်းလမ်းတို့ဖြင့် ပို့ဆောင်ရာတွင် အဆင်ပြေ ချောမွေ့စေရေး တို့နှင့် ပတ်သက်ပြီး (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ အတွင်းရေးမှူး အားကစား ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်သည် ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ (၂)ရက်နေ့တွင် သွားရောက်ကာ လေဆိပ်တွင် တာဝန် ထမ်းဆောင် နေသည့် တာဝန်ရှိ ပုဂ္ဂိုလ်များ Lo/Vo များနှင့် တွေ့ဆုံပြီး မှာကြားခဲ့ပါသည်။


No comments:

Post a Comment