Monday, December 2, 2013

တရုတ်နိုင်ငံအရှေ့ပိုင်းမှ အသက်လေးနှစ်အရွယ် Wang Wuka ဟာ စနူကာကို ကစားနိုင်ပြီဖြစ်

ကလေးငယ်အများစုဟာ အသက်လေးနှစ်အရွယ်မှာ ဘောလုံးပစ်ခြင်းနဲ့ ဖမ်းခြင်းကို စတင်ကစားကြပေမယ့် တရုတ်နိုင်ငံအရှေ့ပိုင်းမှ အသက်လေးနှစ်အရွယ် Wang Wuka ဟာ စနူကာကို ကစားနိုင်ပြီဖြစ်ပါသည်။ ၄င်းရဲ့ ထူးခြားတဲ့ အရည်အသွေးကို သူရဲ့ ဖခင်ဖြစ်သူက အံ့သြလျက်ရှိပြီး အသက် (၁) နှစ် အရွယ်မှာ သင်ကြားပေးခဲ့တာ ဖြစ်ပါသည်။ ၄င်းရဲ့ ထူးခြားလှတဲ့ အရည်အသွေးကို သြဂုတ်လက ပြိုင်ပွဲတစ်ခုမှာ ဖော်ထုတ်ခဲ့ပါသည်။ Wuka ဟာ ကစားနည်း စည်းမျဉ်းစည်းကမ်းများကို နားလည်ဖို့ အလွန် ငယ်ရွယ်သေးကြောင်း ၄င်းရဲ့ဖခင်က ပြောကြားခဲ့ပေမဲ့ အသက် (၈) နှစ် အရွယ်ရောက်တဲ့အခါ ၄င်းရဲ့ ကစားနည်း စွမ်းရည်အဆင့် ပိုမိုထက်မြက်ဖို့ သီးသန့်သင်ကြားပေးဖို့ စီစဉ်ထားတယ်လို့ သိရှိရပါသည်။ 

No comments:

Post a Comment