Saturday, January 11, 2014

ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေး မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ၏ အန္တိမအဂ္ဂိဈာပနအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း



သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဒေါက်တာ မောင်မောင်ဌေးသည် ဇန်န၀ါရီလ (၁၀)ရက် ညနေပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိပြီး ဇန်န၀ါရီလ (၉)ရက်က ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နိကာယန ယူပဒေသကျောင်း မဟာနာယက အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တ တေဇောသာရာဘိဝံသ သက်တော် ၈၉ နှစ်၊ သိက္ခာတော် ၆၉ ၀ါ၏  ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုသည်။


No comments:

Post a Comment