လန်ဒန်တိရစ္ဆာန်ရုံမှ
တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူများဟာ နှစ်သစ် တစ်နှစ်စတင်ခြင်းနဲ့အတူ ၄င်းတို့ရဲ့
နှစ်စဉ်လုပ်ငန်းဖြစ်တဲ့ တိရစ္ဆာန်ကောင်ရေ စာရင်းအား စတင်ကောက်ယူမှုကို (၂-၁-၁၄) ရက်နေ့က
စတင်ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ ပထမဦးဆုံးအဖြစ် ပင်ဂွင်းများရဲ့ အရေအတွက်အား ရေငုပ်ပြီး၊
ခက်ခက်ခဲခဲ ကောက်ယူခဲ့တာဖြစ်ပါသည်။ ကောက်ယူရရှိတဲ့ အချက်အလက်များကို အခြားတိရစ္ဆာန်ရုံများက
အသုံးပြုနိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များ စုဆောင်းရေးမှာ သိမ်းဆည်းထားမှာ
ဖြစ်ပြီး၊ ကောင်းမွန်တဲ့ မျိုးစိတ်ဗီဇရရှိနိုင်ရန် သားဖောက်ခြင်း အစီအစဉ်စတင်ချိန်ကို
သိရှိနိုင်ရန် ကောက်ယူခြင်း ဖြစ်ပါသည်။
No comments:
Post a Comment