မြန်မာ့ရေနံနှင့်
သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော
Daewoo International Corporation (Myanmar E&P) သည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ်၊
AD-7 တွင် 3D Marine Seismic Acquisition Survey တိုင်းတာရေး လုပ်ငန်းများကို တိုင်းတာရေးရေယာဉ်
MV RAM FORM EXPLORER ဖြင့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ မတ်လ
(၁၀) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။ ရခိုင် ကမ်းလွန် လုပ်ကွက်အမှတ်၊ AD-7 တွင်
3D Marine Seismic Acquisition Survey လုပ်ငန်းများကို တိုင်းတာရေးရေယာဉ်ဖြင့် ဆောင်ရွက်နေစဉ်
ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင် ဧရိယာမှ
(၄) ကီလိုမီတာ ပတ်လည်အတွင်းအား ရေကြောင်း သတိပေးချက် ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီး/ငယ်များ၊
ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျော်ချရပ်နားထားခြင်း၊
ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ
အသိပေးကြေညာထားပါသည်။
No comments:
Post a Comment