အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီဟာ
အစ္စရေး၊ ပါလက်စတိုင်း ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဗျ နိုင်ငံတို့သို့ (၅) ရက် သွားရောက်ပြီးတဲ့နောက်
(၆-၁-၁၄) ရက်နေ့က အရှေ့အလယ်ပိုင်းမှ ထွက်ခွာလာပြီ ဖြစ်ပါသည်။ ကယ်ရီဟာ အစ္စရေး ပါလက်စတိုင်း
ငြိမ်းချမ်းရေး လမ်းစဉ်များအတွက် မူဘောင်ချမှတ်နိုင်ရေး ကြိုးစားခြင်းလည်း ဖြစ်ပါသည်။
ကယ်ရီဟာ ၄င်းရဲ့ ခရီးစဉ်အတွင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ပါလက်စတိုင်း
သမ္မတ မာမွတ်အာဘက်စ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါသည်။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲမှာ တိုးတက်မှုအချို့ရရှိခဲ့ကြောင်း ကယ်ရီက အခုလ (၅) ရက်နေ့က ပြောကြားခဲ့ပါသည်။
(၃) နှစ်ကြာ ရပ်တန့်ခဲ့ပြီး နောက် နှစ်နိုင်ငံ ဆွေးနွေးပွဲများကို ပြီးခဲ့တဲ့ ဇူလိုင်လက
စပြီး အမေရိကန်က ကြားဝင်စေ့စပ်ကာ ပြုလည်စတင်ခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment