Wednesday, January 8, 2014

ဆီးရီးယားရဲ့ ဖျက်ဆီးရမယ့် ဓါတုလက်နက်များ လွဲပြောင်းရေးကို တွန်းအားပေးလုပ်ဆောင်ရန် ကမ္ဘာ့ဓါတုလက်နက်များ အဖွဲ့က သမ္မတအား ပြောကြား

ဆီးရီးယားရဲ့ ဖျက်ဆီးရမယ့် ဓါတုလက်နက် ပထမအသုတ်ကို နိုင်ငံတွင်းမှ သင်္ဘောဖြင့် သယ်ထုတ်ပြီး နိုင်ငံရပ်ခြားမှာ ဖျက်ဆီးရေး လုပ်ငန်းစဉ်မှာ ကျန်ရှိတဲ့ ဓါတုလက်နက်များ လွဲပြောင်းပေးအပ်ရေးကို တွန်းအားပေးလုပ်ဆောင်ရန် ကမ္ဘာ့ဓါတုလက်နက်များအဖွဲ့က သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရအား (၈-၁-၁၄) ရက်နေ့ က ပြောကြားခဲ့ပါသည်။ ဆီးရီးယားက အဆိပ်ဓါတ်ငွေ့ အများဆုံး ပစ္စည်းများကို ဒီဇင်ဘာလ (၃၁) ရက်နေ့မှစပြီး နိုင်ငံတွင်းမှ ထုတ်ရန် ဆုံးဖြတ်ခဲ့ပေမယ့် ပထမအကြိမ် သယ်ဆောင်မှုကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒိန်းမတ် ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ခဲ့ပြီ ဖြစ်ပါသည်။ ဆီးရီးယား အစိုးရက မတ်လကုန်တိုင်အောင် သေစေလောက်တဲ့ ဓါတ်ငွေ့တန် (၂၀) ခန့် အပါအ၀င် ပထမဦးစားပေး ဓါတုလက်နက်များ လွှဲပြောင်းပေးရမှာ ဖြစ်ပြီး ဇွန်လကုန်မှာတော့ ဓါတုလက်နက်များ အားလုံးကို ဖယ်ရှားမှာ ဖြစ်ပါသည်။ 

No comments:

Post a Comment