ဆီးရီးယားနိုင်ငံမှ
အတိုက်အခံ အုပ်စုများနဲ့ သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိရာ
အစည်းအဝေး ဒုတိယနေ့ကို စပိန်နိုင်ငံ Corcloba မြို့မှာ ကျင်းပခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့တဲ့ (၃) နှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့
ပြည်တွင်းစစ်အတွင်း အစိုးရနဲ့ အတိုက်အခံများအကြား ဂိုဏ်းဂဏ ကွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။
စပိန်နိုင်ငံမှာ ကျင်းပတဲ့ (၂) ရက်ကြာ ဆွေးနွေးပွဲသို့ အာဆတ်ဘက်မှ ထောက်ခံသူများ အတိုက်အခံ
အဖွဲ့ဝင်များလဲ တက်ရောက်ခဲ့ကြပါသည်။ ဒီအစည်းအဝေးမှာ မည်သည့်အဖွဲ့က ဖြစ်စေ မတူညီတဲ့အမြင်များကိုလဲ
ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment