Monday, January 6, 2014

ဂျာမနီနိုင်ငံဝန်ကြီးချုပ်ဟာ နှင်းလျောစီးရာမှ မတော်တဆမှုကြောင့် တင်ပါးရိုးကျိုး

ဂျာမနီနိုင်ငံဝန်ကြီးချုပ် အန်ဂလာ မာကဲဟာ နှင်းလျောစီးရာမှ မတော်တဆမှုကြောင့် တင်ပါးရိုးကျိုးသွားခဲ့ပြီး ချိုင်းထောက်များရဲ့ အကူအညီဖြင့် လမ်းလျှောက်နေရကာ ကျန်းမာရေး အခြေအနေကြောင့် လုပ်ငန်းဆောင်တာများကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရပါသည်။  ဒီဒဏ်ရာဟာတော့ ခရစ္စမတ် အားလပ်ရက်အတွင်း နှင်းလျောစီးရာမှ ရရှိခဲ့တာဖြစ်ပြီး အသက် (၅၄) နှစ်အရွယ် မာကဲကတော့ မိမိအနေဖြင့် တောင်အောက်သို့ နှင်းလျောစီးရသည်ကို ခုံမင်ကြောင်း ပြောကြားခဲ့ပါသည်။ ကျန်းမာရေး ချို့ယွင်းမှုကြောင့် လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ၀ါဆောသို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး လူဇန်ဘတ်စ်ရဲ့ ၀န်ကြီးချုပ်သစ် ဇာဗီယာ ဘီးတဲလ်နဲ့ ဘာလင်မှာတွေ့ဆုံရန် အစီအစဉ်လည်း ရပ်တန့်ခဲ့ရကြောင်း သိရပါသည်။ 

No comments:

Post a Comment